ချယ်ဆီးက ပဲလေ့စ်ကို ဂိုးပြတ် နိုင်မှာ လို့ ကြိုတင် ဟောကိန်းထုတ်တဲ့ ဆရာကြီး ပေါမာဆန်

ချယ်ဆီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ လန်ဒန် မြို့ခံတစ်သင်း ဖြစ်တဲ့ ခရစ္စတယ်ပဲ့လေ့စ်နဲ့ ရင်ဆိုင်ရမှာပါ။ ပွဲကတော့ လာမယ့် တနင်္လာနေ့ ည ၂ နာရီခွဲ အချိန်၊ ပဲလေ့စ်တို့ ကွင်းမှာ ယှဉ်ပြိုင် ကစားမှာ ဖြစ်ပါတယ်။

ဘောလုံးပွဲတွေ အပတ်စဉ် သုံးသပ်နေကြ ဂန်းနားဟောင်းကြီး ပေါမာဆန် ကတော့ ပဲလေ့စ်နဲ့ ချယ်ဆီး ပွဲစဉ် အတွက် အခုလို သုံးသပ် ခန့်မှန်းချက် ထုတ်ထားပါတယ်။

ပေါမာဆန်ရဲ့ ပွဲကြို သုံးသပ်ချက်

ချယ်ဆီးက တကယ်ကို သန်မာတဲ့ အသင်းပါ။ အက်စတွန်ဗီလာကို အနိုင်ယူခဲ့တဲ့ သူတို့ လူစာရင်းက ပျှမ်းမျှ ၂၅ နှစ်သားပဲ ရှိပါတယ်။ ဒီလို လူငယ်တွေက ခြေစွမ်း မတည်ငြိမ်ပါဘူး။ လီဗာပူးနဲ့ ဝုဗ်ပွဲမှာ သူတို့ အပြတ်အသတ် ရှုံးနိမ့်ခဲ့ပါတယ်။

အက်စတွန်ဗီလာနဲ့ အက်ဖ်အေပွဲမှာတော့ ပိုချက်တီနို လက်ထက် အကောင်းဆုံး ဘောလုံးကို ကစားခဲ့တယ်လို့ ပြောလောက်စရာ ဖြစ်ပါတယ်။

ပရီးမီးယားလိဂ်မှာက ၃၈ ပွဲလုံး ခြေစွမ်း တည်ငြိမ်ဖို့ လိုအပ်ပါတယ်။ အဲ့လို မတည်ငြိမ်လို့ ဒီရာသီမှာ ချယ်ဆီးအသင်း ရုန်းကန်နေရတာပါ။ ဒါပေမယ့် ဖလားပွဲတွေမှာတော့ သူတို့က ကောင်းပါတယ်။

အက်ဖ်အေဖလားမှာ သူတို့ အဆင့်မြင့်မြင့် ရောက်ပါလိမ့်မယ်။ ချယ်ဆီးက ကာရာဘောင်းဖလား ဖိုင်နယ်ကိုလည်း ရောက်ထားပါပြီ။

ပဲလေစ့်ဘက်မှာတော့ အိုလစ်နဲ့ အီဇီတို့လို အဓိက ကစားသမားတွေ မပါဝင်နိုင်ဖို့ ချယ်ဆီး အနိုင်ကလွဲလို့ အခြားရလဒ် မမြင်ပါဘူး။

ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ်

ခရစ္စတယ် ပဲလေစ့် ဝ-၃ ချယ်ဆီး ဖြစ်ပါတယ်။