ဘုန်းမောက် ချယ်ဆီးပွဲ အတွက် မိုက်ကယ်အိုဝင် ခန့်မှန်းသုံးသပ်ချက်

ချယ်ဆီးအသင်းဟာ ဒီတပတ် ပရီးမီးယားလိဂ် ပွဲစဉ် ၂၈ မှာ ဘုန်းမောက် အသင်းကို အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရတော့မှာ ဖြစ်ပါတယ်။ ပြီးခဲ့တဲ့ ကြားရက် ဘိုင်ယန်နဲ့ ပွဲမှာ ဒဏ်ရာရသွားခဲ့ပြန်တဲ့ ချယ်ဆီး တိုက်စစ်မှူး တမ်မီ အေဗရာဟမ်ကတော့ ဒီပွဲ ပါဝင်နိုင်ဖို့ မသေချာပါဘူး။

ပြီးခဲ့တဲ့ အပတ်က အိမ်နီးချင်း စပါးအသင်းနဲ့ ဆုံချိန်မှာ ချယ်ဆီးက အနိုင်ရထားလို့ အဆင့် ၄ နေရာ ဆက်လက် ထိန်းသိမ်းထားနိုင်ပြီး ချန်ပီယံလိဂ် ဝင်ခွင့်က အလားအလာကောင်းနေဆဲ ဖြစ်ပါတယ်။ ဒီတစ်ပတ်မှာ ဘုန်းမောက်ကို စနေနေ့ည မြန်မာစံတော်ချိန် ၉ နာရီ ခွဲ အချိန်မှာ ချယ်ဆီးတို့ ယှဉ်ပြိုင် ကစားရမှာပါ။

ဘုန်းမောက် ချယ်ဆီး ပွဲစဉ်အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ်အိုဝင်က အခုလို သုံးသပ် ခန့်မှန်း ထားပါတယ်။

” ဒီဇင်ဘာလထဲမှာ ဘုန်းမောက်က စတန်းဖို့ဘရစ်ချ်မှာ ၁-၀ နဲ့ နိုင်ထားခဲ့ပြီး သူတို့ အိမ်ကွင်း ဗိုင်တယ်လတီမှာ နောက်ဆုံး ကစားထားတဲ့ နှစ်ပွဲလောက်ကလည်း နိုင်ပွဲဆက် ရထားတာပါ။ ဒါပေမယ့် ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ စနေကပဲ လန်ဒန်မြို့ခံ ပြိုင်ဘက်ကို ထိုက်ထိုက်တန်တန် အနိုင်ကန်ထားတဲ့ နိုင်ပွဲကို အားယူကာ ပုံစံကောင်းနဲ့ ရှေ့ဆက်နိုင်မယ်လို့ ကျနော် ထင်ထားတယ်။ နောက်ထပ် အဖိုးတန် သုံးမှတ် ချယ်ဆီးတို့ ယူနိုင်ဦးမှာပါ။

ဘုန်းမောက်ကတော့ ပြီးခဲ့တဲ့အပတ် စနေ (ဘန်လေနဲ့) တာ့ဖ်မောက ပွဲမှာ အခြေအနေ ကောင်းခဲ့တာ မဟုတ်ပါဘူး။ ချယ်ဆီးနဲ့ ပွဲမတိုင်ခင်မှာ ဘုန်းမောက်က တန်းဆင်းဇုန် အထက် နှစ်မှတ် အကွာမှာ ရှိနေပြီး နောက်တစ်ပွဲကလည်း အန်းဖီးမှာ သွားရောက် ကစားရဦးမယ့် ပွဲကြပ် ဖြစ်ပါတယ်။ ” လို့ အိုဝင်က သုံးသပ် ဖော်ပြထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်း ရလဒ်က ချယ်ဆီး အနိုင်ပါ။

Zawgyi – ခ်ယ္ဆီးအသင္းဟာ ဒီတပတ္ ပရီးမီးယားလိဂ္ ပြဲစဥ္ ၂၈ မွာ ဘုန္းေမာက္ အသင္းကို အေ၀းကြင္းမွာ သြားေရာက္ ရင္ဆုိင္ရေတာ့မွာ ျဖစ္ပါတယ္။ ျပီးခဲ့တဲ့ ၾကားရက္ ဘိုင္ယန္နဲ႕ ပြဲမွာ ဒဏ္ရာရသြားခဲ့ျပန္တဲ့ ခ်ယ္ဆီး တိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္ကေတာ့ ဒီပြဲ ပါ၀င္နုိင္ဖို႔ မေသခ်ာပါဘူး။

ျပီးခဲ့တဲ့ အပတ္က အိမ္နီးခ်င္း စပါးအသင္းနဲ႕ ဆံုခ်ိန္မွာ ခ်ယ္ဆီးက အနိုင္ရထားလို႔ အဆင့္ ၄ ေနရာ ဆက္လက္ ထိန္းသိမ္းထားနုိင္ျပီး ခ်န္ပီယံလိဂ္ ၀င္ခြင့္က အလားအလာေကာင္းေနဆဲ ျဖစ္ပါတယ္။ ဒီတစ္ပတ္မွာ ဘုန္းေမာက္ကို စေနေန႔ည ျမန္မာစံေတာ္ခ်ိန္ ၉ နာရီ ခြဲ အခ်ိန္မွာ ခ်ယ္ဆီးတို႔ ယွဥ္ျပိဳင္ ကစားရမွာပါ။

ဘုန္းေမာက္ ခ်ယ္ဆီး ပြဲစဥ္အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္အို၀င္က အခုလုိ သံုးသပ္ ခန္႔မွန္း ထားပါတယ္။

” ဒီဇင္ဘာလထဲမွာ ဘုန္းေမာက္က စတန္းဖို႔ဘရစ္ခ်္မွာ ၁-၀ နဲ႕ နုိင္ထားခဲ့ျပီး သူတို႕ အိမ္ကြင္း ဗိုင္တယ္လတီမွာ ေနာက္ဆံုး ကစားထားတဲ့ နွစ္ပြဲေလာက္ကလည္း နုိင္ပြဲဆက္ ရထားတာပါ။ ဒါေပမယ့္ ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ စေနကပဲ လန္ဒန္ျမိဳ႔ခံ ျပိဳင္ဘက္ကို ထိုက္ထိုက္တန္တန္ အနုိင္ကန္ထားတဲ့ နုိင္ပြဲကို အားယူကာ ပံုစံေကာင္းနဲ႕ ေရွ႕ဆက္နုိင္မယ္လို႔ က်ေနာ္ ထင္ထားတယ္။ ေနာက္ထပ္ အဖိုးတန္ သံုးမွတ္ ခ်ယ္ဆီးတို႔ ယူနိုင္ဦးမွာပါ။

ဘုန္းေမာက္ကေတာ့ ျပီးခဲ့တဲ့အပတ္ စေန (ဘန္ေလနဲ႕) တာ့ဖ္ေမာက ပြဲမွာ အေျခအေန ေကာင္းခဲ့တာ မဟုတ္ပါဘူး။ ခ်ယ္္ဆီးနဲ႕ ပြဲမတိုင္ခင္မွာ ဘုန္းေမာက္က တန္းဆင္းဇုန္ အထက္ နွစ္မွတ္ အကြာမွာ ရွိေနျပီး ေနာက္တစ္ပြဲကလည္း အန္းဖီးမွာ သြားေရာက္ ကစားရဦးမယ့္ ပြဲၾကပ္ ျဖစ္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ ေဖာ္ျပထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္း ရလဒ္က ခ်ယ္ဆီး အနုိင္ပါ။