ဖရန့်လမ်းပတ်ရဲ့ လုပ်ဆောင်မှု အမှားတွေကို ရဲတင်းစွာ ထောက်ပြမှု ထွက်ပေါ်လာ

ချယ်ဆီးမန်နေဂျာလမ်းပတ်ရဲ့ အတွေ့အကြုံ နုနယ်မှုနဲ့ လုပ်ဆောင်မှု အမှားအယွင်းတွေကို ထောက်ပြလိုသူတွေအတွက် ဒီလိုဖြစ်ရပ်က ပေါ်ပေါက်လာပါပြီ။

ပရိသတ်တွေဘက်က ဖရန်းရဲ့ ပုံရိပ်ကို လေးစားစွာဖြင့် မန်နေဂျာရဲ့ အမှားတွေကို မှတ်ချက်ပေးဖို့ အားနည်းနေကြချိန်မှာ အသင်းတိုက်စစ်သမားဟောင်းကြီး တိုနီ ကတ်စ်ကာရီနိုက ဝေဖန်ထောက်ပြမှု တစ်ခုကို ခပ်ရဲရဲ ပြုလုပ်လာခဲ့တာဖြစ်ပါတယ်။

ကတ်စ်ကာရီနိုက ” ဖရန့်အပေါ် လွန်ကျူးတဲ့ မြောက်ပင့်မှုတွေကို သဘောမကျပါဘူး။ အားလုံးက ဖရန့်ကို ဖြည့်စွက်ပြီး နားလည်ပေးကာ ချီးကျူးနေကြတယ်။ ဒီနှစ်မှာ သူ ချယ်ဆီးကို ကိုင်တွယ်ပုံကို ကျနော်ကတော့ သဘောမကျပါဘူး။ လူငယ်တွေကို နေရာပေးပြီး အသင်း နိုင်ပွဲမရတာတွေကို သူအကြောင်းပြချက် ပေးနေတာကို ကျနော် သဘောမကျဘူး။ သူ့လက်ထက် ချယ်ဆီးက အများကြီး ပြောင်းလဲသွားတာတော့ မှန်ပါတယ်။

ကီပါရဲ့ ပွဲထွက်ခွင့်အပေါ် သူ့ရဲ့ ကိုင်တွယ်ပုံကိုလည်း ကျနော် မကြိုက်ပါဘူး။ ကီပါက အရန်ခုံမှာ ထိုင်သင့်တာ မှန်ပေမယ့် ပွဲအနည်းငယ်မှာ သူ့ကို ပွဲထွက်စာရင်းကနေ ဖယ်ထုတ်လိုက်တာက မှန်ကန်တဲ့ ဆုံးဖြတ်ချက်လို့ မထင်ပါဘူး။ ရံဖန်ရံခါတော့ ကစားသမားတွေဘက်က စွမ်းဆောင်ရည် ဆိုးရင်တောင် စိတ်ရှည်ပေးရမယ်လို့ ထင်ပါတယ်။

ချယ်ဆီးမှာက ဂိုးသမားနေရာ တင်မကပဲ အခြား ပွဲထွက်နေရာတွေမှာလည်း ပုံမှန် ပွဲထွက်ခွင့်ပေးဖို့ မသေချာပါဘူး။ ချယ်ဆီးရဲက အဓိက ပွဲထွက်ကစားသမားတွေက ဘယ်သူလဲဆိုတာ မှန်းဆဖို့ ခက်ခဲသွားပါပြီ။ ဖရန့်က လူစာရင်းကို အလှည့်ကျ စနစ်နဲ့ လုပ်ဆောင်နေတာပါ။ သူ ကလပ်အသင်းကို ဒီလောက်အဆင့်ထိ ပို့ပေးထားနိုင်တာကိုတော့ ချီးကျူးရမှာပေါ့။

ဖရန့်က ဒီနှစ်မှ ပရီးမီးယားလိဂ်ကို စတင်ရောက်လာတာဖြစ်ပြီး ချယ်ဆီးကလည်း ဈေးကွက် ပိတ်ခံရတာမျိုး အခုမှ ကြုံဖူးတာပါ။ ဒီရာသီ ရံှူးပွဲနဲ့ ပေးဂိုးတွေမှာတော့ ချယ်ဆီးက ခံစစ်ကို ဘယ်လို ကာကွယ်ရမယ်ဆိုတာကို နားမလည်တာပါ။ လာမယ့် ဈေးကွက်တွေမှာ ကစားသမားသစ် ထပ်မခေါ်ရင် ချယ်ဆီး တိုးတက်လာဖို့ မရှိပါဘူး။ မန်နေဂျာကလည်း သူ့ရဲ့ နည်းစနစ်တွေ မှန်ကန်ရဲ့လား ပြန်လည် လေ့လာရပါမယ် ” လို့ ထောက်ပြသွားတာ ဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးမန္ေနဂ်ာလမ္းပတ္ရဲ႔ အေတြ႔အၾကံဳ ႏုနယ္မႈနဲ႔ လုပ္ေဆာင္မႈ အမွားအယြင္းေတြကို ေထာက္ျပလိုသူေတြအတြက္ ဒီလိုျဖစ္ရပ္က ေပၚေပါက္လာပါျပီ။

ပရိသတ္ေတြဘက္က ဖရန္းရဲ႕ ပံုရိပ္ကို ေလးစားစြာျဖင့့္ မန္ေနဂ်ာရဲ႔ အမွားေတြကို မွတ္ခ်က္ေပးဖို႔ အားနည္းေနၾကခ်ိန္မွာ အသင္းတိုက္စစ္သမားေဟာင္းၾကီး တိုနီ ကတ္စ္ကာရီႏိုက ေဝဖန္ေထာက္ျပမႈ တစ္ခုကို ခပ္ရဲရဲ ျပဳလုပ္လာခဲ့တာျဖစ္ပါတယ္။

ကတ္စ္ကာရီႏိုက ” ဖရန္႔အေပၚ လြန္က်ဴးတဲ့ ေျမာက္ပင့္မႈေတြကို သေဘာမက်ပါဘူး။ အားလံုးက ဖရန္႔ကို ျဖည့္စြက္ျပီး နားလည္ေပးကာ ခ်ီးက်ဴးေနၾကတယ္။ ဒီႏွစ္မွာ သူ ခ်ယ္ဆီးကို ကိုင္တြယ္ပံုကို က်ေနာ္ကေတာ့ သေဘာမက်ပါဘူး။ လူငယ္ေတြကို ေနရာေပးျပီး အသင္း ႏုိင္ပြဲမရတာေတြကို သူအေၾကာင္းျပခ်က္ ေပးေနတာကို က်ေနာ္ သေဘာမက်ဘူး။ သူ႔လက္ထက္ ခ်ယ္ဆီးက အမ်ားၾကီး ေျပာင္းလဲသြားတာေတာ့ မွန္ပါတယ္။

ကီပါရဲ႕ ပြဲထြက္ခြင့္အေပၚ သူ႔ရဲ႕ ကိုင္တြယ္ပံုကိုလည္း က်ေနာ္ မၾကိဳက္ပါဘူး။ ကီပါက အရန္ခံုမွာ ထိုင္သင့္တာ မွန္ေပမယ့္ ပြဲအနည္းငယ္မွာ သူ႔ကို ပြဲထြက္စာရင္းကေန ဖယ္ထုတ္လုိက္တာက မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္လို႔ မထင္ပါဘူး။ ရံဖန္ရံခါေတာ့ ကစားသမားေတြဘက္က စြမ္းေဆာင္ရည္ ဆိုးရင္ေတာင္ စိတ္ရွည္ေပးရမယ္လုိ႔ ထင္ပါတယ္။

ခ်ယ္ဆီးမွာက ဂိုးသမားေနရာ တင္မကပဲ အျခား ပြဲထြက္ေနရာေတြမွာလည္း ပံုမွန္ ပြဲထြက္ခြင့္ေပးဖို႔ မေသခ်ာပါဘူး။ ခ်ယ္ဆီးရဲက အဓိက ပြဲထြက္ကစားသမားေတြက ဘယ္သူလဲဆိုတာ မွန္းဆဖို႔ ခက္ခဲသြားပါျပီ။ ဖရန္႔က လူစာရင္းကို အလွည့္က် စနစ္နဲ႔ လုပ္ေဆာင္ေနတာပါ။ သူ ကလပ္အသင္းကို ဒီေလာက္အဆင့္ထိ ပို႔ေပးထားႏုိင္တာကိုေတာ့ ခ်ီးက်ဴးရမွာေပါ့။

ဖရန္႔က ဒီႏွစ္မွ ပရီးမီးယားလိဂ္ကို စတင္ေရာက္လာတာျဖစ္ျပီး ခ်ယ္ဆီးကလည္း ေစ်းကြက္ ပိတ္ခံရတာမ်ိဳး အခုမွ ၾကံဳဖူးတာပါ။ ဒီရာသီ ရံွဴးပြဲနဲ႔ ေပးဂိုးေတြမွာေတာ့ ခ်ယ္ဆီးက ခံစစ္ကို ဘယ္လို ကာကြယ္ရမယ္ဆိုတာကို နားမလည္တာပါ။ လာမယ့္ ေစ်းကြက္ေတြမွာ ကစားသမားသစ္ ထပ္မေခၚရင္ ခ်ယ္ဆီး တိုးတက္လာဖို႔ မရွိပါဘူး။ မန္ေနဂ်ာကလည္း သူ႔ရဲ႕ နည္းစနစ္ေတြ မွန္ကန္ရဲ႕လား ျပန္လည္ ေလ့လာရပါမယ္ ” လို႔ ေထာက္ျပသြားတာ ျဖစ္ပါတယ္။