လီဝန်ဒေါစကီး မပါမယ့် ဘိုင်ယန်၊ အီမာဆန် အလွန်ဆိုတို့ကို အလိုရှိတဲ့ ကွန်တီနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီး အကယ်ဒမီထွက် လူငယ်ခံစစ်မှူး ရီစီဂျိမ်းစ်ဟာ အင်္ဂလန်လက်ရွေးစင် အသင်းမှာ ထရန့် အလက်ဇန်းဒါး အာနိုးကို တွန်းအားပေးပြီး တစ်နေရာ ရလာလိမ့်မယ်လို့ ဂျိုကိုးလ်က သုံးသပ်လိုက်ပါတယ်။

ဘိုင်ယန်ကို ဂိုးပြတ် ရှုံးလိုက်တဲ့ ပွဲကနေ ချယ်ဆီးအသင်း သင်ယူရမှာတွေ ရှိကြောင်း နှစ်သင်းလုံးမှာ ကစားဖူးတဲ့ ကစားသမားဟောင်းကြီး မိုက်ကယ်ဘောလက်က တိုက်တွန်းလိုက်ပါတယ်။

လမ်းပတ်က လာမယ့်နွေမှာ ဂိုးသမား ကီပါ၊ ကွင်းလယ်ကစားသမား ဂျော်ဂျင်ဟိုတို့ အပါအဝင် လက်ရှိ အသင်းမှာ ကစားသမား ၈ ဦးထိ ရောင်းထုတ်ကာ စိတ်ကြိုက် ကစားသမားများ ခေါ်ယူရန် ကြံရွယ်နေပါတယ်။

ခံစစ်ပိုင်း ယိုယွင်းမှုကို အဓိက ပြင်ဆင်ချင်နေတာကြောင့် ချယ်ဆီးနည်းပြ လမ်းပတ်ဟာ လိုက်ပ်ဇစ်အသင်းမှ ခံစစ်မှူး အူပါမီကာနိုကို ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ် အဖြစ် သတ်မှတ်လိုက်ပြီး အာဆင်နယ်နဲ့ အပြိုင် ကြိုးပမ်းရဖို့ ရှိနေပါတယ်။

အင်္ဂါနေ့က ချယ်ဆီးနဲ့ ပွဲအပြီးမှာ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး လီဝန်ဒေါစကီးက ဒူးဒဏ်ရာ ရရှိသွားခဲ့ပြီး တစ်လလောက် အနားယူ ကုသမှု ခံရဖွယ် ရှိနေပါတယ်။ ဒါကြောင့် ချယ်ဆီးနဲ့ ဒုတိယအကျော့ ပွဲစဉ်မှာ ပါဝင်နိုင်တော့မှာ မဟုတ်ပါဘူး။

အင်တာမီလန်နည်းပြ ကွန်တီက ချယ်ဆီး ဘယ်စွန်ခံစစ်မှူးတွေထဲက အလွန်ဆို ဒါမှမဟုတ် အီမာဆန် တစ်ဦးကို လာမယ့်နွေမှာ အရ ခေါ်ယူဖို့ ပစ်မှတ်ထားနေပါတယ်။

Zawgyi – ခ်ယ္ဆီး အကယ္ဒမီထြက္ လူငယ္ခံစစ္မွဴး ရီစီဂ်ိမ္းစ္ဟာ အဂၤလန္လက္ေရြးစင္ အသင္းမွာ ထရန္႔ အလက္ဇန္းဒါး အာနိုးကို တြန္းအားေပးျပီး တစ္ေနရာ ရလာလိမ့္မယ္လုိ႔ ဂ်ိဳကိုးလ္က သံုးသပ္လိုက္ပါတယ္။

ဘိုင္ယန္ကို ဂိုးျပတ္ ရွံဳးလိုက္တဲ့ ပြဲကေန ခ်ယ္ဆီးအသင္း သင္ယူရမွာေတြ ရွိေၾကာင္း နွစ္သင္းလံုးမွာ ကစားဖူးတဲ့ ကစားသမားေဟာင္းၾကီး မိုက္ကယ္ေဘာလက္က တိုက္တြန္းလိုက္ပါတယ္။

လမ္းပတ္က လာမယ့္ေႏြမွာ ဂိုးသမား ကီပါ၊ ကြင္းလယ္ကစားသမား ေဂ်ာ္ဂ်င္ဟိုတို႔ အပါအ၀င္ လက္ရွိ အသင္းမွာ ကစားသမား ၈ ဦးထိ ေရာင္းထုတ္ကာ စိတ္ၾကိဳက္ ကစားသမားမ်ား ေခၚယူရန္ ၾကံရြယ္ေနပါတယ္။

ခံစစ္ပိုင္း ယိုယြင္းမႈကို အဓိက ျပင္ဆင္ခ်င္ေနတာေၾကာင့္ ခ်ယ္ဆီးနည္းျပ လမ္းပတ္ဟာ လိုက္ပ္ဇစ္အသင္းမွ ခံစစ္မွဴး အူပါမီကာနိုကို ေခၚယူဖို႔ ဦးစားေပး ပစ္မွတ္ အျဖစ္ သတ္မွတ္လိုက္ျပီး အာဆင္နယ္နဲ႕ အျပိဳင္ ၾကိဳးပမ္းရဖို႔ ရွိေနပါတယ္။

အဂၤါေန႔က ခ်ယ္ဆီးနဲ႕ ပြဲအျပီးမွာ ဘိုင္ယန္ျမဴးနစ္ တိုက္စစ္မွဴး လီ၀န္ေဒါစကီးက ဒူးဒဏ္ရာ ရရွိသြားခဲ့ျပီး တစ္လေလာက္ အနားယူ ကုသမႈ ခံရဖြယ္ ရွိေနပါတယ္။ ဒါေၾကာင့္ ခ်ယ္ဆီးနဲ႕ ဒုတိယအေက်ာ့ ပြဲစဥ္မွာ ပါ၀င္နုိင္ေတာ့မွာ မဟုတ္ပါဘူး။

အင္တာမီလန္နည္းျပ ကြန္တီက ခ်ယ္ဆီး ဘယ္စြန္ခံစစ္မွဴးေတြထဲက အလြန္ဆို ဒါမွမဟုတ္ အီမာဆန္ တစ္ဦးကို လာမယ့္ေႏြမွာ အရ ေခၚယူဖို႔ ပစ္မွတ္ထားေနပါတယ္။