ချယ်ဆီး ကစားသမား ၈ ဦးထိ ရောင်းထုတ်ဖို့ နည်းပြ လမ်းပတ် စီစဉ်

ချယ်ဆီးနည်းပြ လမ်းပတ်က အသင်းကို အကြီးစား ပြုပြင် ပြောင်းလဲမှုတွေ လုပ်ဖို့ အတွက် လာမယ့်နွေမှာ လက်ရှိ ချယ်ဆီးလူစာရင်းမှ ကစားသမား ၈ ဦးထိ ရောင်းထုတ်သွားရန် စီစဉ်နေပါတယ်။ ဘိုင်ယန်မြူးနစ်ကို ဂိုးပြတ် ရှုံးတဲ့ ပွဲ အပြီးမှာ ချယ်ဆီးကို ပြောင်းလဲဖို့ လမ်းပတ် တစ်ယောက် အခုလို ဆုံးဖြတ်လာခဲ့တာ ဖြစ်ပါတယ်။

လမ်းပတ် ရောင်းချလိုတဲ့ ကစားသမားတွေက ဂိုးသမား ကီပါ၊ ကွင်းလယ်မှ ဂျော်ဂျင်ဟို၊ ဘာကလေ၊ ဝီလီယံနဲ့ ပက်ဒရို၊ ခံစစ်မှ ဇူးမား၊ အလွန်ဆိုနဲ့ အီမာဆင်တို့ ဖြစ်ကြောင်း သိရပါတယ်။ ၎င်းတို့ အားလုံးက လမ်းပတ် ခေါ်ယူထားသူတွေ မဟုတ်သလို ဒီရာသီမှာ ခြေစွမ်း မပြနိုင်သူတွေလည်း ဖြစ်ကြပါတယ်။

ချယ်ဆီးအသင်းဟာ နွေမတိုင်ခင်ပဲ အေဂျက်မှ ကွင်းလယ်တိုက်စစ်သမား ဇီယက်ကို ခေါ်ဖို့ သဘောတူညီမှု ရရှိပြီးဖြစ်တဲ့ အပြင် နောက်ထပ် ကစားသမား ခေါ်ယူဖို့ ချိတ်ဆက်မှုတွေလည်း ခုတည်းက လုပ်ဆောင်နေပြီ ဖြစ်ပါတယ်။

လာမယ့်နွေမှာ လမ်းပတ်က သူ့စိတ်ကြိုက် ကစားသမားတွေကို အဓိကထား ခေါ်မှာ ဖြစ်ပြီး လက်စတာမှ ဘန်ချေးဝဲလ်နဲ့ အက်သလက်တီကိုမှ ဂိုးသမား အော့ဘလက်တို့ကို ချိန်ရွယ်ထားပါတယ်။

ဇန်နဝါရီမှာ ကစားသမားသစ် ခေါ်ယူ အင်အားမဖြည့်နိုင်တာက လတ်တလောမှာ ချယ်ဆီးအသင်း အင်အားနည်းမှုကို ပိုမို မြင်သာစေခဲ့ပြီး ဒီရာသီမှာ ချယ်ဆီးအသင်း အိမ်ကွင်းရှုံးပွဲတွေလည်း စံချိန်တင် များပြားနေပါတယ်။ လာမယ့်ရာသီမှာသာ ချယ်ဆီးအသင်းကို သိသာစွာ တိုးတက်လာအောင် မပြောင်းလဲပေးနိုင်ပါက လမ်းပတ်ရဲ့ နည်းပြ ရာထူးလည်း ထိခိုက်ဖွယ် ရှိပါတယ်။

Zawgyi – ခ်ယ္ဆီးနည္းျပ လမ္းပတ္က အသင္းကို အၾကီးစား ျပဳျပင္ ေျပာင္းလဲမႈေတြ လုပ္ဖို႔ အတြက္ လာမယ့္ေႏြမွာ လက္ရွိ ခ်ယ္ဆီးလူစာရင္းမွ ကစားသမား ၈ ဦးထိ ေရာင္းထုတ္သြားရန္ စီစဥ္ေနပါတယ္။ ဘိုင္ယန္ျမဴးနစ္ကို ဂိုးျပတ္ ရွံဳးတဲ့ ပြဲ အျပီးမွာ ခ်ယ္ဆီးကို ေျပာင္းလဲဖို႔ လမ္းပတ္ တစ္ေယာက္ အခုလို ဆံုးျဖတ္လာခဲ့တာ ျဖစ္ပါတယ္။

လမ္းပတ္ ေရာင္းခ်လိုတဲ့ ကစားသမားေတြက ဂိုးသမား ကီပါ၊ ကြင္းလယ္မွ ေဂ်ာ္ဂ်င္ဟို၊ ဘာကေလ၊ ၀ီလီယံနဲ႕ ပက္ဒရို၊ ခံစစ္မွ ဇူးမား၊ အလြန္ဆိုနဲ႕ အီမာဆင္တို႔ ျဖစ္ေၾကာင္း သိရပါတယ္။ ၄င္းတို႔ အားလံုးက လမ္းပတ္ ေခၚယူထားသူေတြ မဟုတ္သလို ဒီရာသီမွာ ေျခစြမ္း မျပနိုင္သူေတြလည္း ျဖစ္ၾကပါတယ္။

ခ်ယ္ဆီးအသင္းဟာ ေႏြမတိုင္ခင္ပဲ ေအဂ်က္မွ ကြင္းလယ္တိုက္စစ္သမား ဇီယက္ကို ေခၚဖို႔ သေဘာတူညီမႈ ရရွိျပီးျဖစ္တဲ့ အျပင္ ေနာက္ထပ္ ကစားသမား ေခၚယူဖို႔ ခ်ိတ္ဆက္မႈေတြလည္း ခုတည္းက လုပ္ေဆာင္ေနျပီ ျဖစ္ပါတယ္။

လာမယ့္ေႏြမွာ လမ္းပတ္က သူ႔စိတ္ၾကိဳက္ ကစားသမားေတြကို အဓိကထား ေခၚမွာ ျဖစ္ျပီး လက္စတာမွ ဘန္ေခ်း၀ဲလ္နဲ႕ အက္သလက္တီကိုမွ ဂိုးသမား ေအာ့ဘလက္တို႔ကို ခ်ိန္ရြယ္ထားပါတယ္။

ဇန္န၀ါရီမွာ ကစားသမားသစ္ ေခၚယူ အင္အားမျဖည့္နုိင္တာက လတ္တေလာမွာ ခ်ယ္ဆီးအသင္း အင္အားနည္းမႈကို ပိုမို ျမင္သာေစခဲ့ျပီး ဒီရာသီမွာ ခ်ယ္ဆီးအသင္း အိမ္ကြင္းရွံဳးပြဲေတြလည္း စံခ်ိန္တင္ မ်ားျပားေနပါတယ္။ လာမယ့္ရာသီမွာသာ ခ်ယ္ဆီးအသင္းကို သိသာစြာ တိုးတက္လာေအာင္ မေျပာင္းလဲေပးနုိင္ပါက လမ္းပတ္ရဲ႕ နည္းျပ ရာထူးလည္း ထိခိုက္ဖြယ္ ရွိပါတယ္။