နွေမှာ ခေါ်ဖို့ ဦးစားပေး ခံစစ် ပစ်မှတ်ကစားသမား လမ်းပတ် သတ်မှတ်

ခံစစ်ပိုင်း ပြသနာများကို ဖြေရှင်းဖို့ အတွက် ချယ်ဆီးနည်းပြ ဖရန့်လမ်းပတ်က လာမယ့်နွေမှာ ခေါ်ယူဖို့ ဦးစားပေး ပစ်မှတ် အဖြစ် ဒေရော့ အူပါမီကာနို ကို ခေါ်ယူဖို့ သတ်မှတ်လိုက်ကြောင်း သိရပါတယ်။ ချယ်ဆီးအသင်းဟာ ဒီရာသီ ပြိုင်ပွဲစုံ ၃၉ ပွဲ ကစားပြီးရာမှာ ပေးဂိုး မရှိပွဲက ၇ ပွဲသာ ရှိထားပါတယ်။

လမ်းပတ်ဟာ ဒီရာသီမှာ ပြသနာကြီး ရှိနေတဲ့ ခံစစ်ကို ပြောင်းလဲ ပစ်ဖို့ ပြင်ဆင်ကြိုးစားနေပြီး ခံစစ် လေးယောက်တန်း၊ သုံးယောက်တန်း လှည့်ပြီး ကစားနေပါတယ်။ ဘိုင်ယန်နဲ့ ပွဲမှာတော့ အသင်းခံစစ်ကြောင်း ပြိုပျက်သွားပုံကို လမ်းပတ် အံ့အားသင့်ခဲ့ပုံရပြီး နွေအတွက် ဦးစားပေစ ပစ်မှတ် သတ်မှတ်မှုတွေ ပြုလုပ်ခဲ့ပြီ ဖြစ်ပါတယ်။

ချယ်ဆီးအသင်းဟာ ဇန်နဝါရီမှာ ကစားသမားသစ် မခေါ်ယူနိုင်ခဲ့တာကြောင့် နွေအတွက် ပြင်ဆင်မှုတွေ ကြိုတင် ပြုလုပ်နေတာ ဖြစ်ပါတယ်။ ဒါကြောင့် လာမယ့်နွေမှာ အေဂျက်မှ ကွင်းလယ် တိုက်စစ်သမား ဇီယက် ကို ခေါ်ယူဖို့ သဘောတူညီမှု ရယူထားပြီး ခံစစ်အတွက် ကစားသမား ခေါ်ဖို့ စတင် လှုပ်ရှားလာတာပါ။

ရီစီဂျိမ်းစ် က ညာစွန် ခံစစ် အဖြစ် ရှေ့ဆက် နေရာ ရဖွယ် ရှိပြီး ရူဒီဂါကလည်း ဦးစားပေး အဖြစ် ဆက်ရှိနေမှာပါ။ အဓိက ကစားသမား တစ်ဦး ဖြစ်တဲ့ ကွီတာကလည်း အဝတ်လဲခန်းမှာ ခေါင်းဆောင် တစ်ဦး အဖြစ် ဆက်ရှိနေမှာ ဖြစ်ပါတယ်။ ဘယ်စွန်မှာတော့ အီမာဆန်နဲ့ အလွန်ဆိုတို့ ရှိနေပြီး လက်စတာမှ ဘန်ချေးဝဲလ်ကိုလည်း လမ်းပတ်က ချိန်ရွယ်နေပါတယ်။

လိုက်ပ်ဇစ်မှ အူပါမီကာနိုကိုတော့ ရူဒီဂါနဲ့ အဓိက တွဲဖက်မယ့် ဗဟိုခံစစ်မှူး အဖြစ် လမ်းပတ်က အလို ရှိနေပြီး ကစားသမားကလည်း လာမယ့်နွေမှာ လက်ရှိကလပ်နဲ့ စာချုပ် တစ်နှစ်သာ ကျန်ရှိတော့မှာပါ။

ရူဒီဂါက ဒီရာသီမှာ ဇူးမား၊ ခရစ္စတန်ဆန်၊ တိုမိုရီ စသဖြင့် ကစားသမား တော်တော်များမျာနဲ့ တွဲဖက် ကစားဖူးပြီး လာမယ့် ရာသီမှာတော့ လမ်းပတ်က အူပါမီကာနိုကို အရခေါ်ယူကာ သူ့စိတ်ကြိုက် ခံစစ် အတွဲကို ပုံဖော်ရန် ပြင်ဆင်နေပါတယ်။ အူပါမီကာနိုကို လန်ဒန်ပြိုင်ဘက် အာဆင်နယ် အသင်းကလည်း စိတ်ဝင်စား စောင့်ကြည့်မှုတွေ ရှိနေပါတယ်။

Zawgyi – ခံစစ္ပိုင္း ျပသနာမ်ားကို ေျဖရွင္းဖို႔ အတြက္ ခ်ယ္ဆီးနည္းျပ ဖရန္႔လမ္းပတ္က လာမယ့္ေႏြမွာ ေခၚယူဖို႔ ဦးစားေပး ပစ္မွတ္ အျဖစ္ ေဒေရာ့ အူပါမီကာနို ကို ေခၚယူဖို႔ သတ္မွတ္လိုက္ေၾကာင္း သိရပါတယ္။ ခ်ယ္ဆီးအသင္းဟာ ဒီရာသီ ျပိဳင္ပြဲစံု ၃၉ ပြဲ ကစားျပီးရာမွာ ေပးဂိုး မရွိပြဲက ၇ ပြဲသာ ရွိထားပါတယ္။

လမ္းပတ္ဟာ ဒီရာသီမွာ ျပသနာၾကီး ရွိေနတဲ့ ခံစစ္ကို ေျပာင္းလဲ ပစ္ဖို႔ ျပင္ဆင္ၾကိဳးစားေနျပီး ခံစစ္ ေလးေယာက္တန္း၊ သံုးေယာက္တန္း လွည့္ျပီး ကစားေနပါတယ္။ ဘိုင္ယန္နဲ႕ ပြဲမွာေတာ့ အသင္းခံစစ္ေၾကာင္း ျပိဳပ်က္သြားပံုကို လမ္းပတ္ အံ့အားသင့္ခဲ့ပံုရျပီး ေႏြအတြက္ ဦးစားေပစ ပစ္မွတ္ သတ္မွတ္မႈေတြ ျပဳလုပ္ခဲ့ျပီ ျဖစ္ပါတယ္။

ခ်ယ္ဆီးအသင္းဟာ ဇန္န၀ါရီမွာ ကစားသမားသစ္ မေခၚယူနုိင္ခဲ့တာေၾကာင့္ ေႏြအတြက္ ျပင္ဆင္မႈေတြ ၾကိဳတင္ ျပဳလုပ္ေနတာ ျဖစ္ပါတယ္။ ဒါေၾကာင့္ လာမယ့္ေႏြမွာ ေအဂ်က္မွ ကြင္းလယ္ တိုက္စစ္သမား ဇီယက္ ကို ေခၚယူဖို႔ သေဘာတူညီမႈ ရယူထားျပီး ခံစစ္အတြက္ ကစားသမား ေခၚဖို႔ စတင္ လႈပ္ရွားလာတာပါ။

ရီစီဂ်ိမ္းစ္ က ညာစြန္ ခံစစ္ အျဖစ္ ေရွ႕ဆက္ ေနရာ ရဖြယ္ ရွိျပီး ရူဒီဂါကလည္း ဦးစားေပး အျဖစ္ ဆက္ရွိေနမွာပါ။ အဓိက ကစားသမား တစ္ဦး ျဖစ္တဲ့ ကြီတာကလည္း အ၀တ္လဲခန္းမွာ ေခါင္းေဆာင္ တစ္ဦး အျဖစ္ ဆက္ရွိေနမွာ ျဖစ္ပါတယ္။ ဘယ္စြန္မွာေတာ့ အီမာဆန္နဲ႕ အလြန္ဆိုတို႔ ရွိေနျပီး လက္စတာမွ ဘန္ေခ်း၀ဲလ္ကိုလည္း လမ္းပတ္က ခ်ိန္ရြယ္ေနပါတယ္။

လိုက္ပ္ဇစ္မွ အူပါမီကာနိုကိုေတာ့ ရူဒီဂါနဲ႕ အဓိက တြဲဖက္မယ့္ ဗဟိုခံစစ္မွဴး အျဖစ္ လမ္းပတ္က အလို ရွိေနျပီး ကစားသမားကလည္း လာမယ့္ေႏြမွာ လက္ရွိကလပ္နဲ႕ စာခ်ဳပ္ တစ္နွစ္သာ က်န္ရွိေတာ့မွာပါ။

ရူဒီဂါက ဒီရာသီမွာ ဇူးမား၊ ခရစၥတန္ဆန္၊ တိုမိုရီ စသျဖင့္ ကစားသမား ေတာ္ေတာ္မ်ားမ်ာနဲ႕ တြဲဖက္ ကစားဖူးျပီး လာမယ့္ ရာသီမွာေတာ့ လမ္းပတ္က အူပါမီကာနိုကို အရေခၚယူကာ သူ႔စိတ္ၾကိဳက္ ခံစစ္ အတြဲကို ပံုေဖာ္ရန္ ျပင္ဆင္ေနပါတယ္။ အူပါမီကာနိုကို လန္ဒန္ျပိဳင္ဘက္ အာဆင္နယ္ အသင္းကလည္း စိတ္၀င္စား ေစာင့္ၾကည့္မႈေတြ ရွိေနပါတယ္။