ချယ်ဆီး ဘိုင်ယန် ချန်ပီယံလိဂ် ပထမအကျော့ ပွဲအတွက် မိုက်ကယ်အိုဝင် ခန့်မှန်း

ဒီတပတ်တော့ ချယ်ဆီးအသင်း ပရိသတ်တွေ အတွက် ဥရောပ ချန်ပီယံလိဂ် ပွဲတွေ ပြန်ရောက်လာပါပြီ။ ၁၆သင်း ရှုံးထွက် အဆင့် ရောက်နေပြီ ဖြစ်တဲ့ ချယ်ဆီးအသင်းဟာ အိမ်ကွင်း စတန်းဖို့ဘရစ်ချ်မှာ ဂျာမန်အင်အားကြီးကလပ် ဘိုင်ယန်မြူးနစ်ကို ပထမအကျော့ အဖြစ် ဧည့်ခံ ကစားရဖို့ ရှိနေပါတယ်။

ပွဲချိန်ကတော့ လာမယ့် ဗုဒ္ဓဟူးနေ့ မြန်မာစံတော်ချိန် မနက် ၂း၃၀ နာရီမှာ ဖြစ်ပါတယ်။ ချယ်ဆီးနဲ့ ဘိုင်ယန်ပွဲစဉ် အတွက် နာမည်ကျော် တိုက်စစ်မှူးဟောင်း မိုက်ကယ် အိုဝင်ရဲ့ သုံးသပ် ခန့်မှန်းထားတာကတော့ အောက်ပါ အတိုင်း ဖြစ်ပါတယ်။

” နှစ်သင်းလုံးကတော့ လွန်ခဲ့တဲ့ ၁၂ လက ချန်ပီယံလိဂ် ဒီလို အဆင့်ကနေ လှည့်ပြန်ခဲ့ရတာပါ။ ဒါပေမယ့် ဒီတပတ် စတန်းဖို့ဘရစ်ချ်မှာ ကန်တဲ့ ပွဲမှာ ဘွန်ဒစ်လီဂါ ချန်ပီယံအသင်းက အသာစီးယူပြီး ဒုတိယအကျော့ မြူးနစ်မှာ ကန်မယ့် ပွဲမတိုင်ခင် အားသာချက် ရသွားမယ်လို့ ကျနော် မျှော်လင့်ထားတယ်။

လက်ရှိ ချယ်ဆီးမန်နေဂျာ ဖရန့်လမ်းပတ်ဟာ သူတို့ ၂၀၁၂ ချန်ပီယံလိဂ်မှာ ဗိုလ်စွဲတုန်းက ဘိုင်ယန်ကို အနိုင်ယူခဲ့တဲ့အသင်းကို အသင်းခေါင်းဆောင် အဖြစ် တာဝန်ယူခဲ့ပါတယ်။ ဒီတပတ် ပွဲမတိုင်ခင်မှာတော့ ချယ်ဆီးအသင်းဟာ ပရီးမီးယားလိဂ်မှာ အိမ်နီးနားချင်း စပါးအသင်းကို ၂ဂိုးပြတ်နဲ့ အနိုင်ယူထားပါတယ်။

ဘွန်ဒစ်လီဂါမှာ ဦးဆောင်ထားတဲ့ ဘိုင်ယန်ကလည်း ဒီရာသီ အစောပိုင်း ချန်ပီယံလိဂ်မှာ စပါးနဲ့ ဆုံစဉ် အုပ်စု အဆင့်ပွဲစဉ်မှာ အနိုင်ကန် ထားတဲ့ အသင်း ဖြစ်ပါတယ်။ ဒီပွဲက ပွဲကောင်း တစ်ပွဲ ဖြစ်ဦးမှာ ဖြစ်ပြီး ဘိုင်ယန်ကတော့ အသာစီးရသွားမယ် ထင်ပါတယ်။ ” လို့ အိုဝင်က သုံးသပ်ထားပါတယ်။

မိုက်ကယ် အိုဝင် ခန့်မှန်းရလဒ်ကတော့ နှစ်သင်းလုံး ဂိုးသွင်းပြီး ဘိုင်ယန်မြူးနစ် အနိုင် ဖြစ်ပါတယ်။

Zawgyi – ဒီတပတ္ေတာ့ ခ်ယ္ဆီးအသင္း ပရိသတ္ေတြ အတြက္ ဥေရာပ ခ်န္ပီယံလိဂ္ ပြဲေတြ ျပန္ေရာက္လာပါျပီ။ ၁၆သင္း ရွံုးထြက္ အဆင့္ ေရာက္ေနျပီ ျဖစ္တဲ့ ခ်ယ္ဆီးအသင္းဟာ အိမ္ကြင္း စတန္းဖို႔ဘရစ္ခ်္မွာ ဂ်ာမန္အင္အားၾကီးကလပ္ ဘိုင္ယန္ျမဴးနစ္ကို ပထမအေက်ာ့ အျဖစ္ ဧည့္ခံ ကစားရဖို႔ ရွိေနပါတယ္။

ပြဲခ်ိန္ကေတာ့ လာမယ့္ ဗုဒၶဟူးေန႔ ျမန္မာစံေတာ္ခ်ိန္ မနက္ ၂း၃၀ နာရီမွာ ျဖစ္ပါတယ္။ ခ်ယ္ဆီးနဲ႕ ဘိုင္ယန္ပြဲစဥ္ အတြက္ နာမည္ေက်ာ္ တိုက္စစ္မွဴးေဟာင္း မိုက္ကယ္ အို၀င္ရဲ႕ သံုးသပ္ ခန္႔မွန္းထားတာကေတာ့ ေအာက္ပါ အတိုင္း ျဖစ္ပါတယ္။

” နွစ္သင္းလံုးကေတာ့ လြန္ခဲ့တဲ့ ၁၂ လက ခ်န္ပီယံလိဂ္ ဒီလို အဆင့္ကေန လွည့္ျပန္ခဲ့ရတာပါ။ ဒါေပမယ့္ ဒီတပတ္ စတန္းဖို႔ဘရစ္ခ်္မွာ ကန္တဲ့ ပြဲမွာ ဘြန္ဒစ္လီဂါ ခ်န္ပီယံအသင္းက အသာစီးယူျပီး ဒုတိယအေက်ာ့ ျမဴးနစ္မွာ ကန္မယ့္ ပြဲမတိုင္ခင္ အားသာခ်က္ ရသြားမယ္လို႔ က်ေနာ္ ေမွ်ာ္လင့္ထားတယ္။

လက္ရွိ ခ်ယ္ဆီးမန္ေနဂ်ာ ဖရန္႕လမ္းပတ္ဟာ သူတို႔ ၂၀၁၂ ခ်န္ပီယံလိဂ္မွာ ဗိုလ္စြဲတုန္းက ဘိုင္ယန္ကို အနုိင္ယူခဲ့တဲ့အသင္းကို အသင္းေခါင္းေဆာင္ အျဖစ္ တာ၀န္ယူခဲ့ပါတယ္။ ဒီတပတ္ ပြဲမတိုင္ခင္မွာေတာ့ ခ်ယ္ဆီးအသင္းဟာ ပရီးမီးယားလိဂ္မွာ အိမ္နီးနားခ်င္း စပါးအသင္းကို ၂ဂိုးျပတ္နဲ႕ အနိုင္ယူထားပါတယ္။

ဘြန္ဒစ္လီဂါမွာ ဦးေဆာင္ထားတဲ့ ဘိုင္ယန္ကလည္း ဒီရာသီ အေစာပိုင္း္ ခ်န္ပီယံလိဂ္မွာ စပါးနဲ႕ ဆံုစဥ္ အုုပ္စု အဆင့္ပြဲစဥ္မွာ အနုိင္ကန္ ထားတဲ့ အသင္း ျဖစ္ပါတယ္။ ဒီပြဲက ပြဲေကာင္း တစ္ပြဲ ျဖစ္ဦးမွာ ျဖစ္ျပီး ဘိုင္ယန္ကေတာ့ အသာစီးရသြားမယ္ ထင္ပါတယ္။ ” လို႔ အို၀င္က သံုးသပ္ထားပါတယ္။

မိုက္ကယ္ အို၀င္ ခန္႔မွန္းရလဒ္ကေတာ့ နွစ္သင္းလံုး ဂိုးသြင္းျပီး ဘိုင္ယန္ျမဴးနစ္ အနိုင္ ျဖစ္ပါတယ္။