ချယ်ဆီးအသင်းထံ ကာလရှည်စာချုပ်ဖြင့် ပြောင်းခွင့်ရတာကို ဂုဏ်ယူနေတဲ့ ဇီယက်

ချယ်ဆီးဟာ နွေအပြောင်းအရွှေ့မှာ ဇီယက်ကို ခေါ်ယူဖို့ သဘောတူညီမှု ရထားပြီဆိုတာကို ဒီလ အစောတည်းက ကြေညာထားပေမယ့် ကစားသမားနဲ့ ကာလရှည် စာချုပ်ကိုတော့ ဒီမနက်မှာပဲ အတည်ပြုခဲ့ပါတယ်။

အသက် ၂၆ နှစ်အရွယ် တိုက်စစ်အားသန် ကစားသမားကို ချယ်ဆီးက ၅ နှစ်စာချုပ်ဖြင့် ခေါ်ယူနိုင်ခဲ့တာဖြစ်ပြီး ဂျူလိုင်လ ၁ ရက်နေ့မှာတော့ အသင်းနဲ့ တရားဝင် ပူးပေါင်းမှု လုပ်ဆောင်သွားမှာဖြစ်ပါတယ်။ ဇီယက်ဟာ မန်နေဂျာလမ်းပတ်ရဲ့ ချယ်ဆီးမန်နေဂျာဘဝ ပထမဆုံးသော လက်မှတ်ထိုး ခေါ်ယူမှုလည်း ဖြစ်လာခဲ့ပါတယ်။

ဇီယက်ကိုယ်တိုင်က ” ချယ်ဆီးလို အသင်းကြီး တစ်သင်းနဲ့ လက်မှတ်ထိုးနိုင်တာအတွက် အရမ်းကို ဂုဏ်ယူမိပါတယ်။ နောက်ရာသီမှာ ချယ်ဆီးနဲ့အတူ ပူးပေါင်းခွင့်ရဖို့ စောင့်မျှော်နေပြီး ကောင်းမွန်တဲ့ အရာတွေကို အောင်မြင်ဖို့လည်း မျှော်လင့်နေပါတယ် ” လို့ ထုတ်ဖော်ပြောဆိုခဲ့တယ်။

ဇီယက်ဟာ ဒီရာသီမှာ အေဂျက်အတွက် ပြိုင်ပွဲစုံ သွင်းဂိုး ၉ ဂိုး သွင်းယူပေးထားသူဖြစ်တယ်။ သူဟာ ပြီးခဲ့တဲ့ နိုဝင်ဘာလက ချယ်ဆီးနဲ့ ၄-၄ သရေကျတဲ့ပွဲမှာလည်း လန်ဒန်အသင်းကို သွင်းယူနိုင်အောင် ဂိုးထောက်ပံံ့မှု ၃ ကြိမ် ပြုလုပ်နိုင်ခဲ့တာဖြစ်ပါတယ်။

ချယ်ဆီးဒါရိုက်တာ မာရီယာနာက ” နွေမှာ ဇီယက်ကို ခေါ်ယူနိုင်မှာအတွက် ကျေနပ် အားရမိပါတယ်။ အရင် ဈေးကွက်ကတည်းက သူ့ကို အဓိက ချိတ်ဆက်မှု လုပ်ခဲ့တာပါ။ ဒီနှစ်တွေအတွင်း ဥရောပရဲ့ အန္တရာယ်အကြီးဆုံး တိုက်စစ်ကစားသမားတစ်ဦးအဖြစ် တည်တည်ငြိမ်ငြိမ် စွမ်းဆောင်ပြနေပြီး ချန်ပီယံလိဂ် အုပ်စုတွင်းမှာ သူ့ရဲ့ ခြေစွမ်းကို သိခဲ့ရပါတယ် ” လို့ ဆိုသွားခဲ့ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ေႏြအေျပာင္းအေရႊ႔မွာ ဇီယက္ကို ေခၚယူဖို႔ သေဘာတူညီမႈ ရထားျပီဆိုတာကို ဒီလ အေစာတည္းက ေၾကညာထားေပမယ့္ ကစားသမားနဲ႔ ကာလရွည္ စာခ်ဳပ္ကိုေတာ့ ဒီမနက္မွာပဲ အတည္ျပဳခဲ့ပါတယ္။

အသက္ ၂၆ ႏွစ္အရြယ္ တိုက္စစ္အားသန္ ကစားသမားကို ခ်ယ္ဆီးက ၅ ႏွစ္စာခ်ဳပ္ျဖင့္ ေခၚယူႏုိင္ခဲ့တာျဖစ္ျပီး ဂ်ဴလိုင္လ ၁ ရက္ေန႔မွာေတာ့ အသင္းနဲ႔ တရားဝင္ ပူးေပါင္းမႈ လုပ္ေဆာင္သြားမွာျဖစ္ပါတယ္။ ဇီယက္ဟာ မန္ေနဂ်ာလမ္းပတ္ရဲ႕ ခ်ယ္ဆီးမန္ေနဂ်ာဘဝ ပထမဆံုးေသာ လက္မွတ္ထိုး ေခၚယူမႈလည္း ျဖစ္လာခဲ့ပါတယ္။

ဇီယက္ကိုယ္တိုင္က ” ခ်ယ္ဆီးလို အသင္းၾကီး တစ္သင္းနဲ႔ လက္မွတ္ထိုးႏုိင္တာအတြက္ အရမ္းကို ဂုဏ္ယူမိပါတယ္။ ေနာက္ရာသီမွာ ခ်ယ္ဆီးနဲ႔အတူ ပူးေပါင္းခြင့္ရဖို႔ ေစာင့္ေမွ်ာ္ေနျပီး ေကာင္းမြန္တဲ့ အရာေတြကို ေအာင္ျမင္ဖို႔လည္း ေမွ်ာ္လင့္ေနပါတယ္ ” လို႔ ထုတ္ေဖာ္ေျပာဆိုခဲ့တယ္။

ဇီယက္ဟာ ဒီရာသီမွာ ေအဂ်က္အတြက္ ျပိဳင္ပြဲစံု သြင္းဂိုး ၉ ဂိုး သြင္းယူေပးထားသူျဖစ္တယ္။ သူဟာ ျပီးခဲ့တဲ့ ႏိုဝင္ဘာလက ခ်ယ္ဆီးနဲ႔ ၄-၄ သေရက်တဲ့ပြဲမွာလည္း လန္ဒန္အသင္းကို သြင္းယူႏုိင္ေအာင္ ဂိုးေထာက္ပံံ့မႈ ၃ ၾကိမ္ ျပဳလုပ္ႏုိင္ခဲ့တာျဖစ္ပါတယ္။

ခ်ယ္ဆီးဒါရိုက္တာ မာရီယာနာက ” ေႏြမွာ ဇီယက္ကို ေခၚယူႏုိင္မွာအတြက္ ေက်နပ္ အားရမိပါတယ္။ အရင္ ေစ်းကြက္ကတည္းက သူ႔ကို အဓိက ခ်ိတ္ဆက္မႈ လုပ္ခဲ့တာပါ။ ဒီႏွစ္ေတြအတြင္း ဥေရာပရဲ႕ အႏၱရာယ္အၾကီးဆံုး တိုက္စစ္ကစားသမားတစ္ဦးအျဖစ္ တည္တည္ျငိမ္ျငိမ္ စြမ္းေဆာင္ျပေနျပီး ခ်န္ပီယံလိဂ္ အုပ္စုတြင္းမွာ သူ႔ရဲ႕ ေျခစြမ္းကို သိခဲ့ရပါတယ္ ” လို႔ ဆိုသြားခဲ့ပါတယ္။