ချယ်ဆီးအသင်းအတွက် အလှည့်အပြောင်း ဖြစ်သွားမယ့် စပါးနဲ့ နိုင်ပွဲ

ချယ်ဆီး တိုက်စစ်မှူး အိုလီဗီယာ ဂျီရူးက လန်ဒန်မြို့ခံပြိုင်ဘက် ဖြစ်တဲ့ အပြင် ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက်လည်း အပြိုင် ဖြစ်နေတဲ့ စပါးအသင်းကို အိမ်ကွင်းမှာ အနိုင်ကန်လိုက်တာက ချယ်ဆီးအသင်းအတွက် အလှည့်အပြောင်း ဖြစ်သွားမယ်လို့ ဆိုလိုက်ပါတယ်။ ဂျီရူးက ချယ်ဆီးအသင်းဟာ ရာသီကုန် အမှတ်ပေးဇယားမှာ နေရာကောင်း ရမယ်လို့ ယုံကြည်နေပါတယ်။

စပါးနဲ့နိုင်ပွဲက ပရီးမီးယားလိဂ် လေးပွဲဆက် နိုင်ပွဲ ပျောက်နေတဲ့အပြင် ချယ်ဆီးအသင်းဟာ အိမ်ကွင်းမှာ ရလဒ်များ မကောင်း ဖြစ်နေတဲ့ အနေအထားကို ချိုးဖျက်နိုင်ခဲ့တာ ဖြစ်ပါတယ်။ ဒီနိုင်ပွဲကနေ အရှိန်ရပြီး ချယ်ဆီးအသင်းက နောက်ရာသီ ချန်ပီယံလိဂ် ဝင်ခွင့် အတွက် အခြေအနေ ကောင်းသွားမယ်လို့ ဂျီရူးက ယူဆထားတာပါ။

” ဒီပွဲက ကျနော်တို့အတွက် တော်တော် အရေးကြီးခဲ့တာပါ။ အသင်းလိုက် စိတ်ဓာတ်ပိုင်းကို ကျနော် အဓိက ပြောချင်တယ်။ ကျနေ်ာတို့ တကယ့် စိတ်ဓာတ်ကောင်း ပုံရိပ်ကောင်း ပြသနိုင်ခဲ့တယ်။

အိမ်ကွင်းပွဲစဉ်တွေမှာ ယုံကြည်မှု နည်းနည်းလျော့ပါးနေကြတာကြောင့် ဒီပွဲ နိုင်လိုက်ရင် အပြောင်းအလဲ ဖြစ်သွားမယ်လို့ ကျနေ်ာတို့ သိခဲ့တယ်။ အရင်အပတ် ရှုံးပွဲကနေ ဒီလိုတုန့်ပြန်နိုင်ခဲ့တာ သိပ်ကောင်းပါတယ်။ ပြိုင်ဘက်ကို ခက်ခက်ခဲခဲ ဒီလို အနိုင်ယူလိုက်တာကလေ။ ” လို့ ဂျီရူးက ဆိုပါတယ်။

ချယ်ဆီးအသင်းမှာ လူငယ်တိုက်စစ်မှူး အေဗရာဟမ် ဦးစားပေးနေရာ ရနေတာကြောင့် အသကသ် ၃၃ နှစ် အရွယ် ပြင်သစ်သားကြီးက ဒီရာသီ ပရီးမီးယားလိဂ်ပွဲ ၇ ပွဲသာ ပါဝင်ကစားထားရပါတယ်။ စပါးနဲ့ ပွဲမှာတော့ ဂျီရူးက ပွဲထွက် ကစားခွင့် ပြန်ရခဲ့တာ ဖြစ်ပြီး ခြေစွမ်းလည်း အထူး ပြခဲ့ကာ အသင်းအတွက် ဦးဆောင်ဂိုးပါ သွင်းယူပေးနိုင်ခဲ့ပါတယ်။

” ကျနော် ဘေးမှာပဲ ရပ်နေခဲ့ရတာ သုံးလ ကြာခဲ့ပါပြီ။ ဒီနေ့ကတော့ ကျနော့်အတွက် စပါယ်ရှယ်နေ့လေးပါ အားလုံးအတွက်ရောပေါ့။ ” လို့လည်း ဂျီရူးက ဝမ်းမြောက်စွာ ဆိုခဲ့ပါတယ်။

ဂျီရူးဟာ ပြီးခဲ့တဲ့ နိုဝင်ဘာ ၃၀ ကနေ ဖေဖော်ဝါရီ ၁၇ ရက်နေ့ထိ ပရီးမီးယားလိဂ်မှာ ပါဝင်ခွင့် မရဘဲ ရှိခဲ့ရပါတယ်။

Zawgyi – ခ်ယ္ဆီး တိုက္စစ္မွဴး အိုလီဗီယာ ဂ်ီရူးက လန္ဒန္ျမိဳ႔ခံျပိဳင္ဘက္ ျဖစ္တဲ့ အျပင္ ခ်န္ပီယံလိဂ္ ၀င္ခြင့္ တစ္ေနရာ အတြက္လည္း အျပိဳင္ ျဖစ္ေနတဲ့ စပါးအသင္းကို အိမ္ကြင္းမွာ အနိုင္ကန္လိုက္တာက ခ်ယ္ဆီးအသင္းအတြက္ အလွည့္အေျပာင္း ျဖစ္သြားမယ္လုိ႔ ဆိုလိုက္ပါတယ္။ ဂ်ီရူးက ခ်ယ္ဆီးအသင္းဟာ ရာသီကုန္ အမွတ္ေပးဇယားမွာ ေနရာေကာင္း ရမယ္လုိ႔ ယံုၾကည္ေနပါတယ္။

စပါးနဲ႕နုိင္ပြဲက ပရီးမီးယားလိဂ္ ေလးပြဲဆက္ နုိင္ပြဲ ေပ်ာက္ေနတဲ့အျပင္ ခ်ယ္ဆီးအသင္းဟာ အိမ္ကြင္းမွာ ရလဒ္မ်ား မေကာင္း ျဖစ္ေနတဲ့ အေနအထားကို ခ်ိဳးဖ်က္နိုင္ခဲ့တာ ျဖစ္ပါတယ္။ ဒီနုိင္ပြဲကေန အရွိန္ရျပီး ခ်ယ္ဆီးအသင္းက ေနာက္ရာသီ ခ်န္ပီယံလိဂ္ ၀င္ခြင့္ အတြက္ အေျခအေန ေကာင္းသြားမယ္လို႔ ဂ်ီရူးက ယူဆထားတာပါ။

” ဒီပြဲက က်ေနာ္တို႔အတြက္ ေတာ္ေတာ္ အေရးၾကီးခဲ့တာပါ။ အသင္းလိုက္ စိတ္ဓာတ္ပိုင္းကို က်ေနာ္ အဓိက ေျပာခ်င္တယ္။ က်ေန္ာတုိ႔ တကယ့္ စိတ္ဓာတ္ေကာင္း ပံုရိပ္ေကာင္း ျပသနိုင္ခဲ့တယ္။

အိမ္ကြင္းပြဲစဥ္ေတြမွာ ယံုၾကည္မႈ နည္းနည္းေလ်ာ့ပါးေနၾကတာေၾကာင့္ ဒီပြဲ နုိင္္လိုက္ရင္ အေျပာင္းအလဲ ျဖစ္သြားမယ္လို႔ က်ေန္ာတုိ႔ သိခဲ့တယ္။ အရင္အပတ္ ရွံဳးပြဲကေန ဒီလိုတုန္႔ျပန္နိုင္ခဲ့တာ သိပ္ေကာင္းပါတယ္။ ျပိဳင္ဘက္ကို ခက္ခက္ခဲခဲ ဒီလို အနိုင္ယူလိုက္တာကေလ။ ” လို႔ ဂ်ီရူးက ဆိုပါတယ္။

ခ်ယ္ဆီးအသင္းမွာ လူငယ္တိုက္စစ္မွဴး ေအဗရာဟမ္ ဦးစားေပးေနရာ ရေနတာေၾကာင့္ အသကသ္ ၃၃ နွစ္ အရြယ္ ျပင္သစ္သားၾကီးက ဒီရာသီ ပရီးမီးယားလိဂ္ပြဲ ၇ ပြဲသာ ပါ၀င္ကစားထားရပါတယ္။ စပါးနဲ႕ ပြဲမွာေတာ့ ဂ်ီရူးက ပြဲထြက္ ကစားခြင့္ ျပန္ရခဲ့တာ ျဖစ္ျပီး ေျခစြမ္းလည္း အထူး ျပခဲ့ကာ အသင္းအတြက္ ဦးေဆာင္ဂိုးပါ သြင္းယူေပးနုိင္ခဲ့ပါတယ္။

” က်ေနာ္ ေဘးမွာပဲ ရပ္ေနခဲ့ရတာ သံုးလ ၾကာခဲ့ပါျပီ။ ဒီေန႔ကေတာ့ က်ေနာ့္အတြက္ စပါယ္ရွယ္ေန႔ေလးပါ အားလံုးအတြက္ေရာေပါ့။ ” လို႔လည္း ဂ်ီရူးက ၀မ္းေျမာက္စြာ ဆိုခဲ့ပါတယ္။

ဂ်ီရူးဟာ ျပီးခဲ့တဲ့ နို၀င္ဘာ ၃၀ ကေန ေဖေဖာ္၀ါရီ ၁၇ ရက္ေန႔ထိ ပရီးမီးယားလိဂ္မွာ ပါ၀င္ခြင့္ မရဘဲ ရွိခဲ့ရပါတယ္။