လမ်းပတ်ကို လေးစားပြီး ပြိုင်ဘက်အဖြစ် ပြန်လည်ရင်ဆိုင်လိုကြောင်း ဖွင့်ဟတဲ့ ဂျရတ်

လီဗာပူးဂန္တဝင်ကြီး စတီဗင်ဂျရတ်က နောက်ထပ် ပြိုင်ဆိုင်မှု အဆင့်တစ်ခုအဖြစ် ပရီးမီးယားလိဂ်မှာ လမ်းပတ်နဲ့ ယှဉ်ပြိုင်လိုတယ်လို့ ထုတ်ဖော် ဝန်ခံလိုက်ပါတယ်။

လက်ရှိ ရိန်းဂျားအသင်းကို ကိုင်တွယ်နေတဲ့ မန်နေဂျာဂျရတ်က ပရီးမီးယားလိဂ်ကို ပြန်လာဖို့ အစီအစဉ်ရှိပေမယ့် လက်တလောမှာတော့ လီဗာပူးကို ကိုင်တွယ်ဖို့ အဆင်သင့် မဖြစ်သေးဘူးလို့ ဝန်ခံပါတယ်။ တစ်ရက်မှာ လီဗာပူးပိုင်ရှင်တွေ သဘောကျလာဖို့ ကြိုးစားနေပြီး လမ်းပတ်နဲ့တော့ ပြိုင်ဘက်အဖြစ် ပြန်လည် တွေ့ဆုံလိုနေတာပါ။

ဂျရတ်က ” အပြောင်းအရွှေ့ ပိတ်ခံထားရပေမယ့် ကမ္ဘာပေါ်က အပြင်းထန်ဆုံးလိဂ်မှာ ချယ်ဆီးကို ကိုင်တွယ်ရဲတဲံ ဖရန့်ရဲ့ ရဲရင့်မှုကို အထင်ကြီးမိပါတယ်။ အင်္ဂလန်အသင်း အသင်းဖော်ဟောင်း တစ်ယောက်အနေနဲ့လည်း သူ့အတွက် ဂုဏ်ယူမိပါတယ်။

ဖရန့်နဲ့ ကျနော်အပေါ် နှိုင်းယှဉ်မှုတွေ ရှိပါတယ်။ ဘာလို့လည်းဆိုတော့ ကျနေ်ာတို့က ကစားသမားဘဝမှာတည်းက အတူကစားနိုင်လား? ဘယ်သူက ပိုကောင်းလဲ? ဒါတွေက အခုချိန်ထိ ရှိနေဆဲဖြစ်ကာ ကျနော်တို့ နှစ်ဦးက ခြားနားတဲ့ အလုပ်တာဝန်တွေကို ရယူခဲ့ကြသူတွေဖြစ်ပါတယ်။ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဂျရတ်ကပဲ ဆက်လက်ပြီး နောက်ထပ် ၁၀ နှစ် ၁၅ နှစ်လောက်ထိ ဖရန့်နဲ့ ပြိုင်ဆိုင်လိုကြောင်းကို ” ကျနော် ပြိင်ဆိုင်လိုပါတယ်။ ဖရန့်ကလည်း တူညီတဲ့ အတွေးရှိမယ်လို့ ကျနော် ထင်ပါတယ် ” လို့ စတီဗင်က ပြောဆိုခဲ့တာဖြစ်ပါတယ်။

လမ်းပတ်နဲ့ ဂျရတ်တို့ဟာ ပရီးမီးယားလိဂ် ကြီး ၄ ကြီးခေတ်မှာ ချယ်ဆီးနဲ့ လီဗာပူးအသင်းတို့ရဲ့ ထောက်တိုင်တွေ ဖြစ်ခဲ့ကြသလို မန်နေဂျာလောကထဲကိုလည်း တစ်နှစ်တည်း အတူဝင်ရောက်လာခဲ့ကြတာ ဖြစ်ပါတယ်။

ZAWGYI

လီဗာပူးဂႏၱဝင္ၾကီး စတီဗင္ဂ်ရတ္က ေနာက္ထပ္ ျပိဳင္ဆိုင္မႈ အဆင့္တစ္ခုအျဖစ္ ပရီးမီးယားလိဂ္မွာ လမ္းပတ္နဲ႔ ယွဥ္ျပိဳင္လိုတယ္လို႔ ထုတ္ေဖာ္ ဝန္ခံလိုက္ပါတယ္။

လက္ရွိ ရိန္းဂ်ားအသင္းကို ကိုင္တြယ္ေနတဲ့ မန္ေနဂ်ာဂ်ရတ္က ပရီးမီးယားလိဂ္ကို ျပန္လာဖို႔ အစီအစဥ္ရွိေပမယ့္ လက္တေလာမွာေတာ့ လီဗာပူးကို ကိုင္တြယ္ဖို႔ အဆင္သင့္ မျဖစ္ေသးဘူးလို႔ ဝန္ခံပါတယ္။ တစ္ရက္မွာ လီဗာပူးပိုင္ရွင္ေတြ သေဘာက်လာဖို႔ ၾကိဳးစားေနျပီး လမ္းပတ္နဲ႔ေတာ့ ျပိဳင္ဘက္အျဖစ္ ျပန္လည္ ေတြ႔ဆံုလိုေနတာပါ။

ဂ်ရတ္က ” အေျပာင္းအေရႊ႔ ပိတ္ခံထားရေပမယ့္ ကမၻာေပၚက အျပင္းထန္ဆံုးလိဂ္မွာ ခ်ယ္ဆီးကို ကိုင္တြယ္ရဲတဲံ ဖရန္႔ရဲ႕ ရဲရင့္မႈကို အထင္ၾကီးမိပါတယ္။ အဂၤလန္အသင္း အသင္းေဖာ္ေဟာင္း တစ္ေယာက္အေနနဲ႔လည္း သူ႔အတြက္ ဂုဏ္ယူမိပါတယ္။

ဖရန္႔နဲ႔ က်ေနာ္အေပၚ ႏိႈင္းယွဥ္မႈေတြ ရွိပါတယ္။ ဘာလို႔လည္းဆိုေတာ့ က်ေန္ာတို႔က ကစားသမားဘဝမွာတည္းက အတူကစားႏုိင္လား? ဘယ္သူက ပိုေကာင္းလဲ? ဒါေတြက အခုခ်ိန္ထိ ရွိေနဆဲျဖစ္ကာ က်ေနာ္တုိ႔ ႏွစ္ဦးက ျခားနားတဲ့ အလုပ္တာဝန္ေတြကို ရယူခဲ့ၾကသူေတြျဖစ္ပါတယ္။ ” လို႔ ဆိုခဲ့တာျဖစ္တယ္။

ဂ်ရတ္ကပဲ ဆက္လက္ျပီး ေနာက္ထပ္ ၁၀ ႏွစ္ ၁၅ ႏွစ္ေလာက္ထိ ဖရန္႔နဲ႔ ျပိဳင္ဆိုင္လိုေၾကာင္းကို ” က်ေနာ္ ျပိင္ဆိုင္လိုပါတယ္။ ဖရန္႔ကလည္း တူညီတဲ့ အေတြးရွိမယ္လို႔ က်ေနာ္ ထင္ပါတယ္ ” လို႔ စတီဗင္က ေျပာဆိုခ့ဲတာျဖစ္ပါတယ္။

လမ္းပတ္နဲ႔ ဂ်ရတ္တို႔ဟာ ပရီးမီးယားလိဂ္ ၾကီး ၄ ၾကီးေခတ္မွာ ခ်ယ္ဆီးနဲ႔ လီဗာပူးအသင္းတို႔ရဲ႔ ေထာက္တိုင္ေတြ ျဖစ္ခဲ့ၾကသလို မန္ေနဂ်ာေလာကထဲကိုလည္း တစ္ႏွစ္တည္း အတူဝင္ေရာက္လာခဲ့ၾကတာ ျဖစ္ပါတယ္။