VAR မှားယွင်းကြောင်း အတည်ပြုချက်၊ အငှားကနေ ပြန်လာတဲ့ လူငယ်ခံစစ်မှူးနဲ့ ချယ်ဆီး ညနေခင်းသတင်းများ

လာမယ့်နွေမှာ တိုက်စစ်အင်အားဖြည့်ဖို့ စီစဉ်နေပြီ ဖြစ်တဲ့ ချယ်ဆီးအသင်းဟာ အင်တာမီလန် တိုက်စစ်မှူး အိုင်ကာဒီကိုလည်း စိတ်ဝင်စားနေပြီး စောင့်ကြည့် ကစားသမား စာရင်းထဲ ထည့်သွင်းထားတယ်လို့သိရပါတယ်။

ချယ်ဆီး ခံစစ်မှူး ရူဒီဂါဟာ ဒီဇင်ဘာလထဲ စပါးနဲ့ အဝေးကွင်း ပွဲစဉ်မှာ ၎င်းကို လူမျိုးရေး ခွဲခြားကာ အော်ဟစ်ရှုံ့ချမှုများ ကြုံခဲ့ရတဲ့အပေါ် အသိပေးခဲ့ပေမယ့် စပါးအသင်းနဲ့ တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးမှု အပြီးမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထား မတွေ့ခဲ့တာကြောင့် စုံစမ်းမှုကို ပိတ်သိမ်းခံခဲ့ရပါတယ်။

စနေနေ့ညက ချယ်ဆီးရဲ့ စပါးကိုနိုင်တဲ့ ပွဲအပြီးမှာ ရူဒီဂါက ထိုဆုံးဖြတ်ချက် အပေါ် အဆုံးမှာ လူမျိုးရေး ခွဲခြားမှုတွေက အနိုင်ရခဲ့တာပဲလို့ မှတ်ချက်ပြုခဲ့ပါတယ်။

ပလိုင်းမောက်အသင်းမှာ အငှား သွားရောက် ကစားနေတဲ့ ချယ်ဆီး လူငယ် ခံစစ်မှူး ဂျို့ရှ် ဂရန့်ဟာ ခြေသလုံး ဒဏ်ရာ ရသွားတာကြောင့် စတန်းဖို့ ဘရစ်ချ်သို့ ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

ကွီတာကို ဖြတ်ထုတ်ခဲ့တဲ့ စပါးကစားသမား လိုဆယ်ဆို လုပ်ရပ်ကို VAR နဲ့ ပြန်လည် ကြည့်ရှုခဲ့ပေမယ့် အနီကတ် မပြသခဲ့တာက မှားယွင်းတဲ့ ဆုံးဖြတ်ချက် ဖြစ်ကြောင်း ပွဲ အပြီးမှာ အော်ဖစ်ရှယ် ဒိုင်လူကြီးများ ဘုတ်အဖွဲ့က အတည်ပြုခဲ့ပါတယ်။

စပါးနဲ့ ပွဲမှာ ပွဲထွက် ကစားခွင့်ရခဲ့ပြီး ခြေစွမ်းလည်း ပြခဲ့တဲ့ ဝါရင့် တိုက်စစ်မှူး ဂျီရူးဟာ သူ့ရဲ့ အရည်အချင်းကို သက်သေပြနိုင်ခဲ့ပြီလို့ လန်ဒန် အခြေစိုက် သတင်းတွေက သုံးသပ် ချီးကျူးနေပါတယ်။

Zawgyi – လာမယ့်နွေမှာ တိုက်စစ်အင်အားဖြည့်ဖို့ စီစဉ်နေပြီ ဖြစ်တဲ့ ချယ်ဆီးအသင်းဟာ အင်တာမီလန် တိုက်စစ်မှူး အိုင်ကာဒီကိုလည်း စိတ်ဝင်စားနေပြီး စောင့်ကြည့် ကစားသမား စာရင်းထဲ ထည့်သွင်းထားတယ်လို့သိရပါတယ်။

ချယ်ဆီး ခံစစ်မှူး ရူဒီဂါဟာ ဒီဇင်ဘာလထဲ စပါးနဲ့ အဝေးကွင်း ပွဲစဉ်မှာ ၄င်းကို လူမျိုးရေး ခွဲခြားကာ အော်ဟစ်ရှုံ့ချမှုများ ကြုံခဲ့ရတဲ့အပေါ် အသိပေးခဲ့ပေမယ့် စပါးအသင်းနဲ့ တာဝန်ရှိသူတွေ စုံစမ်းစစ်ဆေးမှု အပြီးမှာ ခိုင်လုံတဲ့ သက်သေ အထောက်အထား မတွေ့ခဲ့တာကြောင့် စုံစမ်းမှုကို ပိတ်သိမ်းခံခဲ့ရပါတယ်။


ပလိုင်းမောက်အသင်းမှာ အငှား သွားရောက် ကစားနေတဲ့ ချယ်ဆီး လူငယ် ခံစစ်မှူး ဂျို့ရှ် ဂရန့်ဟာ ခြေသလုံး ဒဏ်ရာ ရသွားတာကြောင့် စတန်းဖို့ ဘရစ်ခ်ျသို့ ပြန်လာခဲ့ပြီ ဖြစ်ပါတယ်။

