ရီးရဲလ်မက်ဒရစ်မှာ ဒဏ်ရာထပ်ရသွားပြန်တဲ့ ဟာဇက်နဲ့ ပက်သက်ပြီး ချယ်ဆီးပရိသတ်တွေရဲ့ တုန့်ပြန်မှု

ဒီနွေမှာ ချယ်ဆီးကနေ ရီးရဲလ်မက်ဒရစ်ကို ပြောင်းရွှေ့သွားတဲ့ တောင်ပံတိုက်စစ်သမား ဟာဇက်ဟာ ဒဏ်ရာပြဿနာ ထိုးနှက်ချက်တွေ ရနေပြီး မနေ့က လာလီဂါပွဲမှာ ခြေကျင်းဝတ်ဒဏ်ရာ ထပ်ရသွားခဲ့ပြန်ပါတယ်။

ရီးရဲလ်မက်ဒရစ်က လီဗန်တေးကို အဝေးကွင်းမှာ ၁-၀ နဲ့ အရေးနိမ့်တဲ့ပွဲမှာတော့ ဟာဇက်ဟာ လွန်ခဲ့တဲ့ သုံးလခန့်က သူရခဲ့တဲ့ ခြေကျင်းဝတ်မှာပဲ ဒဏ်ရာ ထပ်ရခဲ့တာဖြစ်တယ်။ ဒုတိယပိုင်းမှာ လူစားလဲခဲ့ရတဲ့ ဟာဇက် ဘယ်အချိန်မှာ ပြန်ကစားနိုင်မယ်ဆိုတာ မသိရပေမယ့် ဒဏ်ရာအခြေအနေက ဆိုးပါတယ်လို့တော့ မန်နေဂျာဇီဒန်းက ထုတ်ဖော်ပြောဆိုခဲ့ပါတယ်။

ပထမအကြိမ် ခြေကျင်းဝတ် ဒဏ်ရာရတုန်းက သုံးလထိ အနားယူခဲ့ရတာဖြစ်ပြီး ဒီတစ်ကြိမ် ဘယ်လောက် လွဲမလဲကတော့ မသိရသေးပါဘူး။ လာမယ့်အပတ်မှာ ဂလက်စီကို ဒါဘီရှိနေပြီး အဆိုပါပွဲကိုတော့ သေချာပေါက် လွဲဖွယ်ရှိပါတယ်။

စပိန်မှာ ဟာဇက် ဒဏ်ရာထပ်ရတာကို သိခဲ့တဲ့ ချယ်ဆီးပရိသတ်တွေက အသင်းကြယ်ပွင့်ဟောင်းအတွက် စိတ် မကောင်းကြပါဘူး။ လမ်းပတ် လက်အောက်မှာ အသင်းရဲ့ ခေါင်းဆောင်တစ်ဦးအဖြစ် ကစားဖို့ထက် သူ့ရဲ့အိပ်မက်ဖြစ်တဲ့ ရီးရဲလ်မက်ဒရစ်ကို ပြောင်းဖို့ကို ရွေးချယ်ခဲ့ပေမယ့် ချယ်ဆီးပရိသတ်တွေကတော့ စိတ်မနာနိုင်ကြတာဖြစ်တယ်။

ပရိသတ်အချို့ ဟာဇက်ရဲ့ အကောင်းဆုံး အချိန်တွေကို ရီးရဲလ်မက်ဒရစ်က ဖျက်ဆီးနေတယ်လို့ ဝေဖန်ကြသလို အချို့ကလည်း စပိန်မှာ အဆင်မပြေရင် လန်ဒန်ကို ပြန်လာဖို့ သတင်းပေးမှုတွေတောင် လုပ်နေခဲ့ကြပါတယ်။

အသက် ၂၉ နှစ်အရွယ် တိုက်စစ်သမားဟာ ချယ်ဆီးမှာ ကျင်လယ်ခဲ့တဲ့ ၇ နှစ်အတွင်း လွဲချော်ခဲ့တဲ့ ပွဲထက်တောင် ရီးရဲလ်မက်ဒရစ်မှာ ပိုမို လွဲချော်နေတာဖြစ်တယ်။ ပရော်ဖက်ရှင်နယ် ကစားသမားဘဝ ပွဲပေါင်း ၆၆၇ ပွဲရဲ့ ၇% ကိုပဲ ဒဏ်ရာကြောင့် လွဲချော်ဖူးတဲ့ ဟာဇက်ဟာ လာလီဂါပွဲ ၂၅ ပွဲမှာ ၁၀ ပွဲထိကို လွဲချော်ထားခဲ့ပြီးလည်း ဖြစ်ပါတယ်။

ZAWGYI

ဒီေႏြမွာ ခ်ယ္ဆီးကေန ရီးရဲလ္မက္ဒရစ္ကို ေျပာင္းေရႊ႔သြားတဲ့ ေတာင္ပံတိုက္စစ္သမား ဟာဇက္ဟာ ဒဏ္ရာျပႆနာ ထိုးႏွက္ခ်က္ေတြ ရေနျပီး မေန႔က လာလီဂါပြဲမွာ ေျခက်င္းဝတ္ဒဏ္ရာ ထပ္ရသြားခဲ့ျပန္ပါတယ္။

ရီးရဲလ္မက္ဒရစ္က လီဗန္ေတးကို အေဝးကြင္းမွာ ၁-၀ နဲ႔ အေရးနိမ့္တဲ့ပြဲမွာေတာ့ ဟာဇက္ဟာ လြန္ခဲ့တဲ့ သံုးလခန္႔က သူရခဲ့တဲ့ ေျခက်င္းဝတ္မွာပဲ ဒဏ္ရာ ထပ္ရခဲ့တာျဖစ္တယ္။ ဒုတိယပိုင္းမွာ လူစားလဲခဲ့ရတဲ့ ဟာဇက္ ဘယ္အခ်ိန္မွာ ျပန္ကစားႏုိင္မယ္ဆိုတာ မသိရေပမယ့္ ဒဏ္ရာအေျခအေနက ဆိုးပါတယ္လို႔ေတာ့ မန္ေနဂ်ာဇီဒန္းက ထုတ္ေဖာ္ေျပာဆိုခဲ့ပါတယ္။

ပထမအၾကိမ္ ေျခက်င္းဝတ္ ဒဏ္ရာရတုန္းက သံုးလထိ အနားယူခဲ့ရတာျဖစ္ျပီး ဒီတစ္ၾကိမ္ ဘယ္ေလာက္ လြဲမလဲကေတာ့ မသိရေသးပါဘူး။ လာမယ့္အပတ္မွာ ဂလက္စီကို ဒါဘီရွိေနျပီး အဆိုပါပြဲကိုေတာ့ ေသခ်ာေပါက္ လြဲဖြယ္ရွိပါတယ္။

စပိန္မွာ ဟာဇက္ ဒဏ္ရာထပ္ရတာကို သိခဲ့တဲ့ ခ်ယ္ဆီးပရိသတ္ေတြက အသင္းၾကယ္ပြင့္ေဟာင္းအတြက္ စိတ္ မေကာင္းၾကပါဘူး။ လမ္းပတ္ လက္ေအာက္မွာ အသင္းရဲ႕ ေခါင္းေဆာင္တစ္ဦးအျဖစ္ ကစားဖို႔ထက္ သူ႔ရဲ႕အိပ္မက္ျဖစ္တဲ့ ရီးရဲလ္မက္ဒရစ္ကို ေျပာင္းဖို႔ကို ေရြးခ်ယ္ခဲ့ေပမယ့္ ခ်ယ္ဆီးပရိသတ္ေတြကေတာ့ စိတ္မနာႏုိင္ၾကတာျဖစ္တယ္။

ပရိသတ္အခ်ိဳ႕ ဟာဇက္ရဲ႕ အေကာင္းဆံုး အခ်ိန္ေတြကို ရီးရဲလ္မက္ဒရစ္က ဖ်က္ဆီးေနတယ္လို႔ ေဝဖန္ၾကသလို အခ်ိဳ႕ကလည္း စပိန္မွာ အဆင္မေျပရင္ လန္ဒန္ကို ျပန္လာဖို႔ သတင္းေပးမႈေတြေတာင္ လုပ္ေနခဲ့ၾကပါတယ္။

အသက္ ၂၉ ႏွစ္အရြယ္ တိုက္စစ္သမားဟာ ခ်ယ္ဆီးမွာ က်င္လယ္ခဲ့တဲ့ ၇ ႏွစ္အတြင္း လြဲေခ်ာ္ခဲ့တဲ့ ပြဲထက္ေတာင္ ရီးရဲလ္မက္ဒရစ္မွာ ပိုမို လြဲေခ်ာ္ေနတာျဖစ္တယ္။ ပေရာ္ဖက္ရွင္နယ္ ကစားသမားဘဝ ပြဲေပါင္း ၆၆၇ ပြဲရဲ႕ ၇% ကိုပဲ ဒဏ္ရာေၾကာင့္ လြဲေခ်ာ္ဖူးတဲ့ ဟာဇက္ဟာ လာလီဂါပြဲ ၂၅ ပြဲမွာ ၁၀ ပြဲထိကို လြဲေခ်ာ္ထားခဲ့ျပီးလည္း ျဖစ္ပါတယ္။