ကွီတာ ခြေထောက် ကျိုးသွားနိုင်တဲ့ ဖြစ်ရပ်အပေါ် VAR ရဲ့ ပေါ့လျော့မှုကို ပီတာခရော့ ဝေဖန်

မနေ့ကဖြစ်ခဲ့တဲ့ ချယ်ဆီးနဲ့ စပါးပွဲမှာတော့ VAR ဆုံးဖြတ်ချက်နဲ့ ပက်သက်ပြီး အံ့အားသင့်လောက်တဲ့ ဖြစ်ရပ်တစ်ခု ပေါ်ထွက်ခဲ့ပါတယ်။

ကွီတာအပေါ် လိုဆယ်ဆိုရဲ့ ပြစ်ဒဏ်ကျူးလွန်မှုက ရှင်းလင်းလွန်ပေမယ့် VAR က မည့်သည့် ဆုံးဖြတ်ချက်မှ မပေးခဲ့ပါဘူး။ ဒါပေမယ့် နောက်ပိုင်းမှာတော့ အဆိုပါ ဖြစ်ရပ်က အနီကဒ် ဖြစ်ခဲ့သင့်တယ်လို့ ဝန်ခံခဲ့တာဖြစ်တယ်။

ပီတာခရော့က ” လူသားတွေရဲ့ အမှားကို စစ်ဆေးဖို့အတွက် VAR ကို ထားရှိနေတာပါ။ ဒါပေမယ့် ကျနေ်ာတို့မှာ လူသားတွေရဲ့ အမှားတွေ ဆက်ရှိနေဆဲပါပဲ။ ဒီအဖြစ်အပျက်ကို ကွင်းလယ်ဒိုင်က မမြင်ရပါဘူး။ ကျနေ်ာတို့ VAR နဲ့ စစ်ဆေးဖို့ ဖြစ်လာခဲ့ပြီး ဒီလို ထူးဆန်းတဲ့ ဆုံးဖြတ်ချက်ကြီး ထွက်လာတော့တာပါပဲ။

ကျနေ်ာတို့က ပြစ်ဒဏ်ကျူးလွန်မှုတွေအတွက် မှန်ကန်တဲ့ ဆုံးဖြတ်ချက်တွေကို ရဖို့ လိုအပ်တာပါ။ ကွီတာရဲ့ ခြေထောက်က ကျိုးတောင် သွားနိုင်ပါတယ်။ ကျနော် ဒီလောက်ပဲ ပြောလိုပါတယ်။ အကယ်လို့ လိုဆယ်ဆိုရဲ့ ခန္ဓာကိုယ်က ကွီတာအပေါ် ပိုပြီး ပိကျခဲ့မယ်ဆိုရင် ခြေထောက်က ကျိုးသွားဖို့ များပါတယ်။

ပွဲတွေမှာ ဒီလို အခြေအနေအတွက် ကျနေ်ာတို့က ပိုမိုကောင်းမွန်တဲ့ ဆုံးဖြတ်ချက်တွေ ရဖို့ လိုနေပါတယ် ” လို့ ဝေဖန်ခဲ့တာဖြစ်ပါတယ်။

ကာယကံရှင်ဖြစ်သူ ကွီတာကလည်း သူက မြက်ခင်းမှာ လူးလှိမ့်နေတတ်တဲ့ လူစားမျိုး မဟုတ်ပဲ မာကျောတဲ့သူဖြစ်ကာ သူ့ရဲ့ ခြေကျင်းဝတ်ကို ရှင်းရှင်းလင်းလင်း ထိခဲ့တာဖြစ်ပြီး အရမ်းကို နာကျင်တယ်လို့ ခံစားခဲ့ရကြောင်း ထုတ်ဖော်ပြောဆိုခဲ့တယ်။

ဒီရာသီမှာ VAR ဟာ ပရီးမီးယားလိဂ်အပေါ် သက်ရောက်မှုတွေ များပြားခဲ့ပါတယ်။ ပရီးမီးယားလိဂ်က VAR နဲ့ ပက်သက်လို့ ပြန်လည် ပြင်ဆင်မှုတွေ လုပ်သင့်ပြီး လက်စတာနဲ့ မန်စီတီးပွဲမှာလည်း အငြင်းပွားဖွယ် ဖြစ်ရပ်တွေ ဆက်လက် ဖြစ်ပွားခဲ့ပါသေးတယ်။

ZAWGYI

မေန႔ကျဖစ္ခဲ့တဲ့ ခ်ယ္ဆီးနဲ႔ စပါးပြဲမွာေတာ့ VAR ဆံုးျဖတ္ခ်က္နဲ႔ ပက္သက္ျပီး အံ့အားသင့္ေလာက္တဲ့ ျဖစ္ရပ္တစ္ခု ေပၚထြက္ခဲ့ပါတယ္။

ကီြတာအေပၚ လိုဆယ္ဆိုရဲ႕ ျပစ္ဒဏ္က်ဴးလြန္မႈက ရွင္းလင္းလြန္ေပမယ့္ VAR က မည့္သည့္ ဆံုးျဖတ္ခ်က္မွ မေပးခဲ့ပါဘူး။ ဒါေပမယ့္ ေနာက္ပိုင္းမွာေတာ့ အဆိုပါ ျဖစ္ရပ္က အနီကဒ္ ျဖစ္ခဲ့သင့္တယ္လို႔ ဝန္ခံခဲ့တာျဖစ္တယ္။

ပီတာခေရာ့က ” လူသားေတြရဲ႕ အမွားကို စစ္ေဆးဖို႔အတြက္ VAR ကို ထားရွိေနတာပါ။ ဒါေပမယ့္ က်ေန္ာတို႔မွာ လူသားေတြရဲ႕ အမွားေတြ ဆက္ရွိေနဆဲပါပဲ။ ဒီအျဖစ္အပ်က္ကို ကြင္းလယ္ဒိုင္က မျမင္ရပါဘူး။ က်ေန္ာတို႔ VAR နဲ႔ စစ္ေဆးဖို႔ ျဖစ္လာခဲ့ျပီး ဒီလို ထူးဆန္းတဲ့ ဆံုးျဖတ္ခ်က္ၾကီး ထြက္လာေတာ့တာပါပဲ။

က်ေန္ာတို႔က ျပစ္ဒဏ္က်ဴးလြန္မႈေတြအတြက္ မွန္ကန္တဲ့ ဆံုးျဖတ္ခ်က္ေတြကို ရဖို႔ လိုအပ္တာပါ။ ကီြတာရဲ႕ ေျခေထာက္က က်ိဳးေတာင္ သြားႏုိင္ပါတယ္။ က်ေနာ္ ဒီေလာက္ပဲ ေျပာလိုပါတယ္။ အကယ္လို႔ လိုဆယ္ဆိုရဲ႕ ခႏၶာကိုယ္က ကီြတာအေပၚ ပိုျပီး ပိက်ခဲ့မယ္ဆိုရင္ ေျခေထာက္က က်ိဳးသြားဖို႔ မ်ားပါတယ္။

ပြဲေတြမွာ ဒီလို အေျခအေနအတြက္ က်ေန္ာတို႔က ပိုမိုေကာင္းမြန္တဲ့ ဆံုးျဖတ္ခ်က္ေတြ ရဖို႔ လိုေနပါတယ္ ” လို႔ ေဝဖန္ခဲ့တာျဖစ္ပါတယ္။

ကာယကံရွင္ျဖစ္သူ ကီြတာကလည္း သူက ျမက္ခင္းမွာ လူးလွိမ့္ေနတတ္တဲ့ လူစားမ်ိဳး မဟုတ္ပဲ မာေက်ာတဲ့သူျဖစ္ကာ သူ႔ရဲ႕ ေျခက်င္းဝတ္ကို ရွင္းရွင္းလင္းလင္း ထိခဲ့တာျဖစ္ျပီး အရမ္းကို နာက်င္တယ္လို႔ ခံစားခဲ့ရေၾကာင္း ထုတ္ေဖာ္ေျပာဆိုခဲ့တယ္။

ဒီရာသီမွာ VAR ဟာ ပရီးမီးယားလိဂ္အေပၚ သက္ေရာက္မႈေတြ မ်ားျပားခဲ့ပါတယ္။ ပရီးမီးယားလိဂ္က VAR နဲ႔ ပက္သက္လို႔ ျပန္လည္ ျပင္ဆင္မႈေတြ လုပ္သင့္ျပီး လက္စတာနဲ႔ မန္စီတီးပြဲမွာလည္း အျငင္းပြားဖြယ္ ျဖစ္ရပ္ေတြ ဆက္လက္ ျဖစ္ပြားခဲ့ပါေသးတယ္။