အခက်ခဲဆုံး အချိန်မှာ ချယ်ဆီးအတွက် အရေးပါလာတဲ့ ကစားသမားကို လမ်းပတ် ထုတ်ဖော် ဝန်ခံ

ချယ်ဆီးက စပါးကို ၂-၁ နဲ့ အနိုင်ရတဲ့ပွဲက ပြင်သစ်သား တိုက်စစ်မှူး ဂျီရူးရဲ့ ထူးချွန်မှုက အရေးပါတဲ့ နေရာကနေ ပါဝင်ပါကြောင်းကို မန်နေဂျာလမ်းပတ်က အသိအမှတ်ပြုစကား ပြောဆိုပါတယ်။

လမ်းပတ်က ” အခြေအနေ အနည်းငယ်ကို ကိုက်ညီအောင် လုပ်နိုင်မယ်ဆိုရင် သူက ကျနေ်ာတို့အတွက် အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ် ” ဆိုပြီး ဂျီရူးရဲ့ အသင်းအတွက် ပူးပေါင်း လုပ်ဆောင်ပေးနိုင်မှုအပေါ် မှတ်ချက်ပေးလိုက်တာ ဖြစ်တယ်။

မန်နေဂျာကပဲ ဆက်လက်ပြီး ” တမ်မီက တကယ်ကို ထူးချွန်ပါတယ်။ သူက သွင်းဂိုးတွေကိုလည်း ပုံမှန် သွင်းယူပေးနေတာပါ။ ဒါပေမယ့် အခုအချိန်မှာတော့ သူ ဂိုးတွေ ရယူပေးဖို့ အခက်တွေ့နေပါတယ်။ တိုက်စစ်သမား နှစ်ဦးလုံးရဲ့ အသင်းအပေါ် ပါဝင် ကူညီပေးနိုင်စွမ်းတွေကို ကျနော် သိပြီး အကောင်းလည်း မြင်ပါတယ်။

ဂျီရူးရဲ့ အားသာချက်တွေနဲ့ ကစားဖို့ လိုပါတယ်။ အသင်းသားတွေကို ကစားပွဲထဲ ခေါ်ထည့်ဖို့လိုတယ်။ သူတို့ကို အသားကျအောင် လပ်နိုင်ရင် ကျနော် ရင်ဆိုင်နေရတဲ့ စိန်ခေါ်မှုအတွက် အဖြေရမှာပါပဲ ” လို့ ဆိုခဲ့တာဖြစ်တယ်။

ဒီရာသီမှာ ချယ်ဆီးအတွက် တတိယအကြိမ်မြောက် ပွဲထွက်ခွင့်ရတဲ့ အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးကတော့ သူကိုယ်တိုင်နဲ့ အသင်းအတွက် စပယ်ရှယ် နေ့တစ်နေ့လို့ ပြောဆိုပါတယ်။

” ကျနော်အတွက်တော့ အရမ်းကောင်းတဲ့ ခံစားမှုကို ရပါတယ်။ သိပ်ကောင်းတဲ့ ခံစားမှုပါပဲ။ ကျနော် အသင်းအတွက် အရမ်းပျော်တယ်။ ဒီနေ့မှာ ဒီပွဲအတွက် အသင်း အနိုင်ရအောင် ကူညီပေးနိုင်တာအတွက် ပျော်ပါတယ်။ ကျနော် ပွဲထွက် မကစားရတာ သုံးလလောက် ရှိပါပြီ။ ကျနော်အတွက်ကော အားလုံးအတွက်ပါ နေ့ကောင်းတစ်ရက်ပါပဲ ” လို့ ပြောဆိုသွားတာဖြစ်ပါတယ်။

အသက် ၃၃ နှစ်အရွယ် တိုက်စစ်မှူးဟာ ယူနိုက်တက်နဲ့ ရင်ဆိုင်တဲ့ပွဲမှာလည်း ဂိုးရခဲ့ပေမယ့် VAR က လူကျွံဘောအဖြစ် သက်မှတ်ပေးသွားတာပါ။ သူဟာ လက်ကျန် ရာသီဝက်မှာ ချယ်ဆီးအတွက် အရေပါးတဲ့ ကစားသမားတစ်ဦး ဖြစ်လာနိုင်ဖွယ် ရှိနေပါတယ်။

ZAWGYI


လမ်းပတ်က ” အခြေအနေ အနည်းငယ်ကို ကိုက်ညီအောင် လုပ်နိုင်မယ်ဆိုရင် သူက ကျနော်တို့အတွက် အဖြေတစ်ခု ဖြစ်လာနိုင်ပါတယ် ” ဆိုပြီး ဂျီရူးရဲ့ အသင်းအတွက် ပူးပေါင်း လုပ်ဆောင်ပေးနိုင်မှုအပေါ် မှတ်ချက်ပေးလိုက်တာ ဖြစ်တယ်။




