ကလပ်ကြယ်ပွင့် ကစားသမားကို နယူးကာဆယ်ပွဲမှာ အလျင်စလို ထုတ်သုံးဖွယ် မရှိတဲ့ နည်းပြပိုချက်တီနို

ချယ်ဆီးအသင်းနည်းပြ ပိုချက်တီနိုတစ်ယောက် တိုက်စစ်သမား အန်ကွန်ကူရဲ့ ကြံ့ခိုင်မှု အခြေအနေကို အလျင်စလိုလုပ်မှာ မဟုတ်ဘူးလို့ ပြောကြားလိုက်ပါတယ်။

သတင်းတွေအရ အန်ကွန်ကူတစ်ယောက် ၁၀၀% ကြံ့ခိုင်မှု မပြည့်ဝရင် အလျင်စလို ပြန်ကန်ခိုင်းဖို့ အစီအစဉ် မရှိဘူးလို့ သိရပါတယ်။ ပြင်သစ်သားဟာ ဒေါ့မွန်အသင်းနဲ့ ရာသီကြိုခြေစမ်းပွဲမှာ ဒူးဒဏ်ရာ ရရှိခဲ့ပြီးနောက် ချဲလ်ဆီးအတွက် ပရီးမီးယားလိဂ်မှာ ပွဲဦးထွက် ပါဝင်ခွင့်မရသေးတာဖြစ်ပါတယ်။

တိုက်စစ်သမားရဲ့ အခြေအနေကို ပိုချက်တီနိုက ချက်ချင်းမပြောပေမယ့် သတင်းတွေအရ အန်ကွန်ကူဟာ လာမယ့်စနေနေ့ နယူးကာဆယ်နဲ့ပွဲမှာ ပါဝင်လာနိုင်ချေရှိနေတယ်လို့ သိရပါတယ်။

အခုလ အစောပိုင်းတုန်းက မန်စီးတီးနဲ့ ပွဲမတိုင်ခင် ပိုချက်တီနိုက ပြင်သစ်သား အခြေနေကို ထုတ်ဖော် ပြောကြားခဲ့တာ ဖြစ်ပါတယ်။ ဒါ့အပြင် ချဲလ်ဆီးစတား ဖိုဖာနာ တစ်ယောက်လည်း လေ့ကျင့်ခန်း ပြန်ဆင်းနေပြီး စနေနေ့တုန်းက အင်စတာဂရမ်မှာ သူပြန်လာမယ့်အကြောင်း အရိပ်အမြွက် ပြောကြားခဲ့ပါတယ်။

အန်ကွန်ကူ ၊ ဖိုဖာနာအပြင် လာဗီးယားတို့က မကြာခင်မှာပဲ ချယ်ဆီးအတွက် ပွဲဦးထွက် ကစားပေးနိုင်တော့မယ်လို့ မျှော်လင့်ရပါတယ်။