
ပရီးမီးယားလိဂ်ကလပ် မန်ချက်စတာ ယူနိုက်တက်ဟာ ကမ္ဘာတလွှားက လူငယ်ကြယ်ပွင့် ကစားသမားလေးတွေ ခေါ်ယူမှု အပိုင်းမှာ ချယ်ဆီးနဲ့ မန်စီးတီး တို့ကို မယှဉ်နိုင်ဘဲ နောက်ကျ ကျန်ခဲ့တာကို သတိပြုမိပြီး ဒီအတွက် ပြင်ဆင်သွားဖို့ လှုပ်ရှားလာပါတယ်။
ယူနိုက်တက်ဟာ တက်သစ်စ တောက်ပလာတဲ့ ကြယ်ပွင့် လူငယ်လေးတွေကို ခေါ်ယူဖို့ အမေရိကန် အေဂျင်စီ တစ်ခုကို ငှားရမ်းလိုက်ပြီး ပြိုင်ဘက် အသင်းကြီးတွေကို အမှီလိုက်ဖို့ လုပ်ဆောင်နေပါတယ်။
ဆာ ဂျင် ရက်ကလစ် က ယူနိုက်တက် ရှယ်ယာတွေကို ဝယ်ယူလိုက်ပြီးနောက် မန်ချက်စတာ ယူနိုက်တက် အသင်းရဲ့ လည်ပတ် စီမံခန့်ခွဲမှုတွေကလည်း ကြီးကြီးမားမား ပြောင်းလဲလာဖို့ ရှိနေပါတယ်။
ချယ်ဆီးအသင်းဟာ ပိုင်ရှင်သစ် တော့ဒ်ဘိုလေတို့ အုပ်စု ရောက်လာပြီးနောက် ကမ္ဘာတလွှားက ထူးချွန်ပါရမီ ရှိတဲ့ လူငယ် ကစားသမားတွေကို အဓိက ထား ခေါ်ယူနေပါတယ်။
ချယ်ဆီးအသင်းဟာ အင်ဒရေ ဆန်းတို့စ်၊ ကာဆာဒီ၊ အိန်ဂျယ်လို၊ ကန်ဒရီ စတဲ့ လူငယ် ကစားသမားတွေကိုလည်း ချိတ်ဆက်ထားပြီး လာမယ့်နှစ်တွေ အတွင်း လန်ဒန်သို့လာအောင် စီစဉ်ထားပြီး ဖြစ်ပါတယ်။
မန်ချက်စတာ ယူနိုက်တက်ဟာ ဒီနောက်ပိုင်းနှစ်တွေ အတွက် နာမည်ကြီး၊ အရွယ်ရ ကစားသမားတွေကိုသာ ခေါ်ယူနိုင်ပြီး လူငယ် ကစားသမား ခေါ်ယူမှုပိုင်းမှာ ပြိုင်ဘက်တွေရဲ့ နောက်ကောက်ချခြင်း ခံနေရပါတယ်။ ဒါကြောင့် ချယ်ဆီးကို နမူနာ ယူကာ ပြင်ဆင်ဖို့ ဆောင်ရွက်လာခဲ့တာပါ။