
အင်္ဂလန်နဲ့ ဘိုင်ယန်မြူးနစ် တိုက်စစ်မှူး ဟာရီကိန်းဟာ ယခုရာသီ (ကလပ်နှင့် နိုင်ငံနှစ်သင်းပေါင်း) သွင်းဂိုး (၃၃)ဂိုး အတွက် ပါဝင်ပတ်သက်မှု ပြုလုပ်ထားနိုင်ပါပြီ။
ဂျာမန်ဘောလုံးရပ်ဝန်းတွင် အချိန်တိုအတွင်း အံ့အားသင့်ဖွယ် ခြေစွမ်းပြနိုင်ခဲ့သည့် ဟာရီကိန်းအနေဖြင့် ဆုဖလားကျိန်စာကို ချိုးဖျက်နိုင်ရန် စိတ်အားထက်သန်နေပြီး ဒီတလော အင်တာဗျူးမှာတော့ သူ့ရင်ဆိုင်ခဲ့ရတဲ့ အကောင်းဆုံး ဗဟိုခံစစ်မှူးအကြောင်း ပြောပြလာခဲ့ပါတယ်။
အင်္ဂလန်တိုက်စစ်မှူး ဟယ်ရီကိန်းက သူ့ရဲ့ ကစားသမားဘဝ အစောပိုင်းမှာ ရင်ဆိုင်ခဲ့ရတဲ့ ချယ်ဆီးနောက်ခံလူဟောင်း ဂျွန်တယ်ရီဟာ အခက်ခဲဆုံး နောက်ခံလူဖြစ်ပြီး ကမ္ဘာ့အကောင်းဆုံးခံစစ်မှူး တစ်ဦးဖြစ်ကြောင်း ထုတ်ပြောလာခဲ့ပါတယ်။
ဂျွန်တယ်ရီဟာ ပါးနပ်ပြီး ဉာဏ်ကောင်းတဲ့ ခံစစ်မှူး ဖြစ်ကြောင်းလည်းကိန်းက ထုတ်ဖော် ချီးကျူးသွားပါတယ်။
အင်္ဂလန်အသင်း ပွဲထွက် လူစာရင်းမှာ ပါဝင်စေချင်တဲ့ ဂျာမနီကစားသမားတစ်ဦးကို ရွေးချယ်ရမယ် ဆိုရင်တော့ ချယ်ဆီး အကယ်ဒမီထွက် ဂျာမန်ကွင်းလယ်လူ မူဆီယာလာ ဖြစ်တယ်လို့ ဟယ်ရီကိန်းက ပြောသွားပါတယ်။