ဝါနာ၊ အိုင်ကာဒီ၊ စပါးပွဲမှ VAR အဆုံးအဖြတ်၊ လန်ဒန်ရဲ့ကင်းဖြစ်ခြင်းနဲ့ ချယ်ဆီး နံနက်ခင်းသတင်းများ

ချယ်ဆီးက စပါးကို ၂-၁ နဲ့ နိုင်ခဲ့သလို ပြိုင်ဘက် လက်စတာ အရေးနိမ့်ပြီး ရှက်ဖီးကလည်း သရေကျခဲ့တာကြောင့် ဒီအပတ်ဟာ ကလပ်အတွက် ကောင်းမွန်တဲ့ သီတင်းပတ်တစ်ခု ဖြစ်ပါတယ်။

ပွဲရဲ့ အကောင်းဆုံး ကစားသမား ဂျီရူးက ” ၃-၅-၂ နည်းစနစ်က ပြီးပြည့်စုံတယ် ဒါ့အပြင် ဒီပွဲက အသင်းအတွက် ပရီသတ်တွေအတွက် ဘယ်လို အဓိပ္ပာယ်ရှိလဲဆိုတာကို အားလုံးလည်း သိပါတယ်။ ကျနော်အတွက်တော့ ခံစားမှုတွေ ကောင်းနေပြီး အသင်းအတွက် ပျော်ရွှင်မိပါတယ် ” လို့ ပြောဆိုပါတယ်။

လိုဆယ်ဆိုရဲ့ ပြစ်ဒဏ်ကို မည်သည့်ကဒ်မှ မပြခဲ့တဲ့ VAR ရဲ့ဆုံးဖြတ်ချက်ကို ပြင်းထန်စွာ အငြင်းပွားနေကြပြီး တရားဝင်အဖွဲ့ကတော့ အဆိုပါ ပြစ်ဒဏ်က ပြစ်ဒဏ်ပေးခံရသင့်တယ်လို့ ဝန်ခံလိုက်ပါတယ်။

စပါးနဲ့ပွဲမှာ စွမ်းဆောင်ရည်ကောင်းခဲ့ပြီး ပုံစံကောင်းတွေ ပြသနိုင်တဲ့ မေဆန်မောင့်ရဲ့ ဝေဖန်မှုတွေအောက်ကနေ ရုန်းထွက်ပြလာတဲ့ ရင့်ကျက်တဲ့ စိတ်ဓါတ်ကောင်းအတွက် ကစားသမားလေးက ချီးကျူးမှုတွေ ရှိနေပါတယ်။

စပါးမန်နေဂျာ မော်ရင်ညိုကတော့ လိုဆယ်ဆိုဖြစ်စဉ်ကို သူမမြင်ခဲ့ပါကြောင်းနဲ့ တီဗီမှာလည်း မမြင်သလို သူမသိပါဘူးလို့ ဘူးခံငြင်းသွားခဲ့ပါတယ်။

အိမ်ကွင်းမှာ စပါးကို အနိုင်ရခဲ့တာကြောင့် ချယ်ဆီးဟာ ပရီးမီးယားလိဂ်မှာ လန်ဒန်ဒါဘီတွေကနေ ရမှတ် ၄၆၁ မှတ်ထိ အနိုင်ရခဲ့ပါပြီ။ ဒါက အခြားသော လန်ဒန်ပြိုင်ဘက်တွေထဲမှာ အမြင့်ဆုံးလည်း ဖြစ်ပါတယ်။

ချယ်ဆီးဟာ ပီအက်ဂျီက အငှားခေါ်ယူထားတဲ့ တိုက်စစ်မှူး အိုင်ကာဒီရဲ့ အပြောင်းအရွှေ့ အခြေအနေကို စုံစမ်းနေပြီဖြစ်ပါတယ်။ နွေမှာ ကမ်းလှမ်းမှု လုပ်နိုင်ဖွယ်ရှိပြီး ၎င်းရဲ့ ဇနီးဖြစ်သူကလည်း နွေမှာ အခြားသော ကလပ်ကို ပြောင်းနိုင်တယ်လို့ ဆိုထားပါတယ်။

ချယ်ဆီးက ကာလရှည် စိတ်ဝင်စားနေတဲ့ ဂျာမနီတိုက်စစ်မှူး ဝါနာက လီဗာပူးကို ပြောင်းရွှေ့ဖို့ပဲ ပိုမို အားသန်နေတာကြောင့် ကလပ်ဘက်က လက်လျော့ဖွယ် ရှိနေပါတယ်။

ZAWGYI

ခ်ယ္ဆီးက စပါးကို ၂-၁ နဲ႔ ႏိုင္ခဲ့သလို ျပိဳင္ဘက္ လက္စတာ အေရးနိမ့္ျပီး ရွက္ဖီးကလည္း သေရက်ခဲ့တာေၾကာင့္ ဒီအပတ္ဟာ ကလပ္အတြက္ ေကာင္းမြန္တဲ့ သီတင္းပတ္တစ္ခု ျဖစ္ပါတယ္။

ပြဲရဲ႕ အေကာင္းဆံုး ကစားသမား ဂ်ီရူးက ” ၃-၅-၂ နည္းစနစ္က ျပီးျပည့္စံုတယ္ ဒါ့အျပင္ ဒီပြဲက အသင္းအတြက္ ပရီသတ္ေတြအတြက္ ဘယ္လို အဓိပၸာယ္ရွိလဲဆိုတာကို အားလံုးလည္း သိပါတယ္။ က်ေနာ္အတြက္ေတာ့ ခံစားမႈေတြ ေကာင္းေနျပီး အသင္းအတြက္ ေပ်ာ္ရႊင္မိပါတယ္ ” လို႔ ေျပာဆိုပါတယ္။

စပါးနဲ႔ပြဲမွာ စြမ္းေဆာင္ရည္ေကာင္းခဲ့ျပီး ပံုစံေကာင္းေတြ ျပသႏုိင္တဲ့ ေမဆန္ေမာင့္ရဲ႕ ေဝဖန္မႈေတြေအာက္ကေန ရုန္းထြက္ျပလာတဲ့ ရင့္က်က္တဲ့ စိတ္ဓါတ္ေကာင္းအတြက္ ကစားသမားေလးက ခ်ီးက်ဴးမႈေတြ ရွိေနပါတယ္။

လိုဆယ္ဆိုရဲ႕ ျပစ္ဒဏ္ကို မည္သည့္ကဒ္မွ မျပခဲ့တဲ့ VAR ရဲ႔ဆံုးျဖတ္ခ်က္ကို ျပင္းထန္စြာ အျငင္းပြားေနၾကျပီး တရားဝင္အဖြဲ႔ကေတာ့ အဆိုပါ ျပစ္ဒဏ္က ျပစ္ဒဏ္ေပးခံရသင့္တယ္လို႔ ဝန္ခံလိုက္ပါတယ္။

စပါးမန္ေနဂ်ာ ေမာ္ရင္ညိဳကေတာ့ လိုဆယ္ဆိုျဖစ္စဥ္ကို သူမျမင္ခဲ့ပါေၾကာင္းနဲ႔ တီဗီမွာလည္း မျမင္သလို သူမသိပါဘူးလို႔ ဘူးခံျငင္းသြားခဲ့ပါတယ္။

အိမ္ကြင္းမွာ စပါးကို အႏုိင္ရခဲ့တာေၾကာင့္ ခ်ယ္ဆီးဟာ ပရီးမီးယားလိဂ္မွာ လန္ဒန္ဒါဘီေတြကေန ရမွတ္ ၄၆၁ မွတ္ထိ အႏုိင္ရခဲ့ပါျပီ။ ဒါက အျခားေသာ လန္ဒန္ျပိဳင္ဘက္ေတြထဲမွာ အျမင့္ဆံုးလည္း ျဖစ္ပါတယ္။

ခ်ယ္ဆီးဟာ ပီအက္ဂ်ီက အငွားေခၚယူထားတဲ့ တိုက္စစ္မွဴး အိုင္ကာဒီရဲ႕ အေျပာင္းအေရႊ႔ အေျခအေနကို စံုစမ္းေနျပီျဖစ္ပါတယ္။ ေႏြမွာ ကမ္းလွမ္းမႈ လုပ္ႏုိင္ဖြယ္ရွိျပီး ၄င္းရဲ႕ ဇနီးျဖစ္သူကလည္း ေႏြမွာ အျခားေသာ ကလပ္ကို ေျပာင္းႏုိင္တယ္လို႔ ဆိုထားပါတယ္။

ခ်ယ္ဆီးက ကာလရွည္ စိတ္ဝင္စားေနတဲ့ ဂ်ာမနီတုိက္စစ္မွဴး ဝါနာက လီဗာပူးကို ေျပာင္းေရႊ႔ဖို႔ပဲ ပိုမို အားသန္ေနတာေၾကာင့္ ကလပ္ဘက္က လက္ေလ်ာ့ဖြယ္ ရွိေနပါတယ္။