
ပရီးမီးယားလိဂ်ဟာ အဲဗာတန်အသင်းကို ဘဏ္ဍာရေးစည်းမျဉ်း ချိုးဖောက်မှုတွေအတွက် ၁၀ မှတ်လျော့ ပြစ်ဒဏ် ချမှတ်ခဲ့ပြီဖြစ်ကာ နောက်ထပ် ကလပ်တွေကိုလည်း အရေးယူမှု လာတော့မယ်လို့ ဖော်ပြလာနေပါတယ်။
ပရီးမီးယားလိဂ်ရဲ့ အပြစ်ပေးခြင်းကို ခံရနိုင်တဲ့ နောက်ထပ် ကလပ်တွေက ချယ်ဆီးနဲ့ မန်စီးတီးတို့ဖြစ်ပါတယ်။ အက်ဖ်အေဘက်က ချယ်ဆီးနဲ့ မန်စီးတီးကိုပါ ပြင်းထန်တဲ့ ပြစ်ဒဏ်တွေ ချမှတ်ဖို့ ပြင်ဆင်နေကြောင်းလည်း အသံတွေ ထွက်နေပါတယ်။
အဲဗာတန်ဟာ ၁၀ မှတ်လျော့ ပြစ်ဒဏ် ရင်ဆိုင်ခဲ့ရခြင်းဖြစ်ကာ ဒီရာသီမှာပဲ အဆိုပါ အပြစ်ဒဏ်ကို ချက်ခြင်း ကျခံရမှာ ဖြစ်ပါတယ်။
ဗြိတိန်သတင်းဌာန The Times ရဲ့ အဆိုအရ အေဗရာမိုဗစ်လက်ထက် အပြောင်းအရွှေ့အတွက် ငွေပေးချေမှုတွေမှာ ‘ရုရှားအဖွဲ့အစည်းတွေ’ ထံ ငွေပေးချေမှု လုပ်ခဲ့တဲ့ မှတ်တမ်းတွေ ရှိနေတယ်လို့ ဆိုပါတယ်။
ချယ်ဆီးဟာ အဲဗာတန်ထက် ပိုပြင်းထန်စွာဖြင့် ရမှတ် ၃၀ ဝန်းကျင် ဒါမှမဟုတ် တန်းဆင်း ပြစ်ဒဏ်ကို ရင်ဆိုင်ရနိုင်တယ်လို့ သိရတယ်။