
ချယ်ဆီးအသင်းဟာ တိုက်စစ်မှုးသစ် တစ်ဦး ခေါ်ယူချင်နေတာ ဖြစ်ပေမယ့် အိုဆင်ဟမ်၊ အိုင်ဗန် တိုနေးတို့ ခေါ်ယူဖို့ ဆိုရင်တောင် အသင်းမှာ ကိုယ်ပိုင် ပြသနာ ရှိနေတာကြောင့် မလွယ်ဘူးလို့ တယ်လီဂရပ်ဖ် သတင်းထောက် မတ်လောက သုံးသပ် ထောက်ပြသွားခဲ့ပါတယ်။
” အမှန်အတိုင်း ပြောရရင် ပိုချက်တီနို စိတ်ကြိုက်သာ ခေါ်ယူကြေး ဆိုရင် သူ့ရဲ့ ပထမ ဦးစားပေးက အမ်ဘာပေ ဖြစ်မှာပါ။ သူ့အသင်းမှာ အမ်ဘာပေနဲ့ ဟယ်ရီကိန်း ဘယ်သူ့ကို လိုချင်လဲ လို့ မေးရင်တောင် သူက ဘာပေကိုပဲ တန်း ရွေးလောက်တဲ့ထိကို သဘောကျတာပါ။
ဒါပေမယ့် လက်တွေ့ကျကျပဲ ပြောကြရအောင်။ တကယ့် လက်တွေ့မှာတော့ ပိုချက်တီနို ခေါ်နိုင်တာ ခေါ်ချင်တာ ပထမ ဦးစားပေးက အိုဆင်ဟမ်ပါ။ ဒါပေမယ့် ဒါက ဇန်နဝါရီမှာ ဖြစ်လာဖို့ မလွယ်ဘူး။
ချယ်ဆီးရဲ့ အကြီးမားဆုံး ပြသနာက ကလပ်ရဲ့ လစာ ပေးပုံပဲ။ ချယ်ဆီးက လစာ နည်းနည်းနဲ့ ပရီးမီးယားလိဂ်၊ ချန်ပီယံလိဂ် ရရင် သန်းပေါင်းများစွာသော ဘောနပ်စ် ပေးမယ် ဆိုတဲ့ ပုံစံနဲ့ သွားနေတာ။
ဒီပုံဆို အိုင်ဗန် တိုနေးကိုတောင် မခေါ်နိုင်ဘူး။ သူက တစ်ပတ် လစာ ၁သိန်း၊ ၁ သိန်း ၂သောင်းလောက်ပဲ ရမယ် ဆို ချယ်ဆီးကို ဘယ်လာမလဲ။ အိုဆင်ဟမ်လည်း ဒီလိုပဲ လာမှာ။ သူ အင်္ဂလန် ကို လာတယ် ဆိုရင် လစာကြီး ရမှပဲ။ နွေတုန်းက သူ ဆော်ဒီကိုတောင် ငြင်းခဲ့ပါတယ်။
အိုဆင်ဟမ်သာ ချယ်ဆီးကို ဇန်နဝါရီမှာ ပြောင်းလာမယ် ဆိုရင် ကျွန်တော့် တကိုယ်ရည် အမြင်ရတော့ သိပ်ကို အံ့အားသင့်စရာ ဖြစ်မှာပဲ။ ချယ်ဆီး အသင်း အနေနဲ့ အသင်း လစာပေးပုံကို တစ်ခုခု လုပ်ဖို့ စဉ်းစားရတော့မယ်လို့ ထင်ပါတယ်။ ” လို့ မတ် လော က သုံးသပ် ထောက်ပြသွားခဲ့တာ ဖြစ်ပါတယ်။