ချယ်ဆီးအသင်းဟာ ဒီရာသီအတွက် စတုတ္ထမြောက် ဘရာဇီး ကြယ်ပွင့်ကို ခေါ်ယူရေး ကြိုးစားမှုအဖြစ် Gabriel Moscardo ကို လက်မှတ်ထိုးနိုင်ဖို့ ကြိုးစားနေပါပြီ။
ဘရာဇီးကလပ် ကိုရင်သီရမ်အသင်းရဲ့ ကွင်းလယ်လူကိုတော့ ချယ်ဆီးနဲ့အပြိုင် လီဗာပူး၊ အာဆင်နယ်တို့ကလည်း ခေါ်ယူဖို့ စိတ်ဝင်စားနေတာပါ။ လီဗာပူးက ဇန်နဝါရီမှာ ကွင်းလယ်လူသစ် ရလိုနေတာကြောင့် ကြယ်ပွင့်လေးရဲ့ ပြောင်းရွှေ့ကြေးက ပေါင် ၂၆ သန်း ဝန်းကျင်ဖြစ်လာမယ်လို့ သတင်းထွက်နေပါတယ်။
ပြိုင်ဘက်ကလပ် ၂ သင်းက စိတ်ဝင်စားမှု ပြသနေပေမယ့်လို့ အသက် ၁၈ နှစ်အရွယ် ကွင်းလယ်လူကို ခေါ်ယူရေးမှာ ချယ်ဆီးက ရှေ့ရောက်နေပါသေးတယ်။ ချယ်ဆီးဟာ နွေတုန်းက ပေါင် ၁၈ သန်းနဲ့တောင် ကမ်းလှမ်းမှု လုပ်ခဲ့သေးခြင်းဖြစ်ကာ ဘရာဇီးကလပ်က ပယ်ချထားတာပါ။
ကိုရင်သီရမ်အသင်းဟာ သူတို့အသင်းရဲ့ ဥက္ကဋ္ဌ ရွေးချယ်ပွဲအပြီး နိုင်ဝင်ဘာ ၂၅ ရက်နေ့ နောက်ပိုင်းမှ ကွင်းလယ်လူကို ရောင်းချမလား ဆိုတဲ့ ကိစ္စကို ဆုံးဖြတ်ပေးမှာ ဖြစ်ပါတယ်။
ဒီနွေမှာ ဘရာဇီးကြယ်ပွင့်တွေဖြစ်တဲ့ အန်ဒရေ ဆန်းတိုစ့်၊ အန်ဂျလို ဂါဘရီရယ်နဲ့ ဝါရှင်တန်တို့ ၃ ဦးကို ခေါ်ယူထားတဲ့ ချယ်ဆီးကပဲ အနာဂတ်အတွက် ရည်ရွယ်ပြီး Gabriel Moscardo ကို ပါ ခေါ်ယူနိုင်မယ် ရေပန်းစားနေတယ်။
နည်းပြပိုချက်တီနိုရဲ့ အသင်းဟာ နွေတုန်းက ကိုင်ဆီဒို၊ လာဗီယာတို့ ပြီးနောက် လီဗာပူးရဲ့ ပစ်မှတ်ကို သုံးထက်ကွမ်း အသာရခြင်း ဖြစ်လာဖို့ နီးစပ်နေတာ ဖြစ်ပါတယ်။