စတာလင်ကို မခေါ်လို့ ဝေဖန်ခံရတဲ့ ဆောက်ဂိတ်၊ အပြောင်းအရွှေ့ ကိစ္စများနဲ့ ချယ်ဆီး သတင်းတိုများ

အင်္ဂလန် လူစာရင်းမှ နှုတ်ထွက်လိုက်တဲ့ ဂျိမ်းစ် မက်ဒီဆင်ရဲ့ နေရာအတွက် စတားလင်ကို အစားထိုး မခေါ်ယူခဲ့တဲ့ နည်းပြ ဆောက်ဂိတ်ရဲ့ ဆုံးဖြတ်ချက်ကို ပြစ်တင်ဝေဖန်နေကြပါတယ်။

ဘိုင်ယန်မြူးနစ်နဲ့ စပါးအသင်းတို့ဟာ ချယ်ဆီး နောက်ခံလူ ချာလိုဘတ် ကို ခေါ်ယူဖို့ စိတ်ဝင်စားနေဆဲ ဖြစ်ပါတယ်။ ချာလိုဘတ် ဟာ နည်းပြ ပိုချက်တီနိုရဲ့ အစီအစဉ်တွေမှာ မပါဝင်တော့ပါဘူး။

ချယ်ဆီးအသင်းကတော့ တိုက်စစ်မှုး အိုဆင်ဟမ် ကို စတန်းဖို့ဘရစ်ချ်ထံ အရောက် ခေါ်ယူနိုင်မယ် လို့ ယုံကြည်မှု ရှိနေပါတယ်။

အိုဆင်ဟမ်ကို ဇန်နဝါရီမှာ အပြီးသတ် ခေါ်ယူနိုင်ခြင်း မရှိရင်တောင် အကြို သဘောတူညီမှု ယူထားပြီး နွေကျမှ အသင်းပြောင်းလာခြင်းကိုလည်း ချယ်ဆီးဘက်က လက်ခံဖွယ် ရှိပါတယ်။

ဘရိုက်တန်ကတော့ သူတို့ရဲ့ နောက်ထပ် ကြယ်ပွင့် ဖာဂူဆန်ကို ခေါ်ယူလိုတဲ့ ကလပ်တွေဟာ ကိုင်ဆီဒိုအတွက် ရခဲ့တဲ့ ပေါင် ၁၁၅ သန်းထက် ပိုတောင်းဆိုမှာ ဖြစ်ပါတယ်။

ချယ်ဆီး ၊မန်စီးတီး၊ လီဗာပူး စတဲ့ အသင်း သုံးသင်းစလုံးဟာ ဘိုင်ယန် နောက်ခံလူ ဒေးဗီးစ်ကို ခေါ်ယူဖို့ ကြိုးစားနေကြပြီး ရီးရဲလ်နဲ့ အပြိုင် ကြိုးစားသွားရဖွယ် ရှိနေကြောင်း သတင်းရရှိပါတယ်။

ချယ်ဆီးကွင်းလယ်လူ ဂယ်လာဟာက ပြီးခဲ့တဲ့နွေရာသီအပြောင်းအရွှေ့က အသင်းမှ ထွက်ခွာဖို့ အလွန်နီးစပ်ခဲ့သော်လည်း ယခုအခါမှာတော့ စာချုပ်သစ် ချုပ်ဆိုဖို့ ယုံကြည်ချက်ရှိနေတယ်လို့ ဖွင့်ဟပြောကြားလာခဲ့ပါတယ်။