ချယ်ဆီးအသင်းဟာ ဇန်နဝါရီမှာ လူသစ် အနည်းငယ် ထပ်မံ ခေါ်ယူသွားဖွယ် ရှိနေကာ လန်ဒန်ကလပ် စိတ်ဝင်စားနေတဲ့ တိုက်စစ်သမား ၃ ဦးစာရင်း ထွက်ပေါ်လာပြီ ဖြစ်ပါတယ်။
နွေတုန်းက ကွင်းလယ်ပိုင်းကို အာရုံစိုက်ပြီး အင်အားဖြည့်ခဲ့တဲ့ ချယ်ဆီးဟာ ကလပ်ရဲ့ ဦးစားပေးအဖြစ် တိုက်စစ်မှူးသစ် ရဖို့ကို အဓိက ပစ်မှတ်အဖြစ် ဦးတည်လာနေတာပါ။
ချယ်ဆီး သဘောအကျဆုံး တိုက်စစ်သမားကတော့ နာပိုလီမှ နိုင်ဂျီးရီးယား တိုက်စစ်သမား အိုဆီမန်ပဲ ဖြစ်ပါတယ်။ အသက် ၂၄ နှစ်အရွယ် တိုက်စစ်မှူးဟာ ချယ်ဆီး ဂန္တဝင်ကြီး ဒရော့ဘာကို သူ့ရဲ့ ဟီးရိုးအဖြစ် မှတ်ယူသူဖြစ်သလို ပရီးမီးယားလိဂ်မှာ ကစားလိုစိတ် ပြင်းပြသူလည်း ဖြစ်ပါတယ်။
သို့ပေမယ့် နာပိုလီဘက်က သူ့အတွက် ပြောင်းရွှေ့ကြေး ပေါင် သန်း ၁၀၀ သတ်မှတ်ထားတာကတော့ ချယ်ဆီးကို ခက်ခဲစေပါတယ်။ ချယ်ဆီးအသင်းဟာ ဓနအင်အား တောင့်တင်းပေမယ့်လို့ ဥရောပ ဘဏ္ဍာရေး စည်းမျဉ်းအရ ငွေသုံးနိုင်စွမ်း အကန့်အသတ် ရှိနေပါတယ်။
အိုဆီမန် အပြင် ပရီးမီးယားလိဂ်ကလပ် ဘရန့်ဖိုဒ့်မှ တိုနေးနဲ့ ဘယ်ဂျီယံကလပ် ကလပ်ဘရုဂျ်မှ အန်တိုနီယို နူဆာတို့ကလည်း ချယ်ဆီး ပစ်မှတ်တွေဖြစ်ပါတယ်။
ချယ်ဆီးကတော့ နွေမှ တိုက်စစ်မှူး တစ်ဦးကို ဥရောပပြိုင်ဘက်တွေနဲ့ ယှဉ်ပြိုင် ခေါ်ယူမယ့်အား အန်ဇိုတုန်းကလိုပဲ ထိပ်တန်း ပစ်မှတ်ကို ဇန်နဝါရီမှာတင် ကြိုတင် ခေါ်ယူထားလိုနေတာပဲ ဖြစ်ပါတယ်။