
ဆောင်းရာသီ အပြောင်းအရွှေ့ ဈေးကွက်အတွင်းမှာပဲ ချယ်ဆီး တိုက်စစ်မှူးဟောင်း ဗာနာဟာ လိုက်ပ်ဇစ်အသင်းကနေ ပရီးမီးယားလိဂ်ထံ ပြန်လာဖွယ် ရှိနေတယ်လို့ သိရပါတယ်။
ဗာနာကို ၂၀၂၀မှာ ချယ်ဆီးအသင်းက ယူရို သန်း ၅၀ သုံးစွဲကာ ခေါ်ယူခဲ့ပါတယ်။ ချယ်ဆီး ကစားသမားဘဝ ပွဲဦးထွက် ရာသီမှာပဲ ချန်ပီယံလိဂ်ဖလားကို ဆွတ်ခူးနိုင်ခဲ့ပေမယ့် ဝါနာကနှစ်ရာသီအတွင်း ၂၃ ဂိုးသာ သွင်းယူနိုင်ခဲ့ကာ ဂိုးလာဘ်ကင်းမဲ့ခဲ့ပါတယ်။
ချယ်ဆီးက ဗာနာကို သူ့အသင်းဟောင်း လိုက်ပ်ဇစ်ဆီ ပြန်လည် ရောင်းချခဲ့ပြီး ဂျာမာန်သား တိုက်စစ်သမားဟာ ဂိုးတွေ ပြန်သွင်းနိုင်ခဲ့တယ်။ ဒါပေမယ့် ဒီရာသီမှာတော့ ဝါနာက လိုက်ပ်ဇစ်မှာ ပွဲကစားခွင့်တွေ အတော်လေး နည်းပါးလာခဲ့ရပါတယ်။
ကစားခွင့်ရထားတဲ့ ဘွန်ဒက်စ်လီဂါ ၈ ပွဲမှာ ၂ ပွဲကိုသာ ပွဲထွက် ကစားသမားအဖြစ် ပါဝင်ထားရတဲ့ ဗာနာဟာ လာမယ့် ဆောင်းဈေးကွက်မှာတော့ လိုက်ပ်ဇစ်ကနေ နောက်တစ်ကြိမ် ထွက်ခွာသွားဖို့ စီစဉ်နေပြီး နယူးကာဆယ်ထံ ရောက်ရှိလာနိုင်ပါတယ်။
ချယ်ဆီးကိုယ်တိုင်ကလည်း ဇန်နဝါရီမှာ တိုက်စစ်မှူးသစ် ခေါ်ယူမယ်လို့ သတင်းကြီးနေပြီး ဘရန့်ဖိုဒ့်မှ တိုနေးရဲ့ အခြေအနေကို စောင့်ကြည့်လျက် ရှိနေပါတယ်။