တိုက်စစ်မှူး အိုဆီမန် ချယ်ဆီးထံ ပြောင်းလာဖို့ ဗြောင်ကျကျ စည်းရုံးပေးမှု ထွက်ပေါ်လာနေပါပြီ

ချယ်ဆီးဟာ တိုက်စစ်မှူး အိုဆီမန်ကို ခေါ်ယူဖို့ ဆော်ဒီကလပ်နဲ့အပြိုင် အခြေအနေ စောင့်ကြည့်မှု ပြုလုပ်နေကြောင်းကို အင်္ဂလန်ဘောလုံး သတင်းဌာနတွေက ဖော်ထုတ်ထားခဲ့ပြီးပါပြီ။

နိုင်ဂျီးရီးယားတိုက်စစ်မှူး အိုဆီမန်က ၂၀၂၀ ခုနှစ်မှာ လိုင်လီကနေ နာပိုလီထံ ပြောင်းရွှေ့လာခဲ့ပြီးနောက် ဥရောပမှာ ထိပ်တန်း တိုက်စစ်မှူး အဖြစ် ခြေစွမ်းပြ ကစားနေသူပါ။ ပြီးခဲ့တဲ့ ဘောလုံးရာသီ နာပိုလီကို နှစ် ၃၀ကျော် အတွင်း ပထမဦးဆုံးအကြိမ် စီးရီးအေ ချန်ပီယံဘွဲ့ကို ပြန်ရအောင် ကူညီပေးထားနိုင်ပါတယ်။

ချယ်ဆီးနဲ့ နိုင်ဂျီးရီးယား ကစားသမားဟောင်း မီခေးလ်ကတော့ စတမ်းဖိုဒ့်ဘရစ်ချ်ထံ အိုဆီမန် ရောက်လာဖို့ ဗြောင်ကျကျပဲ စည်းရုံးနေပါတယ်။

မီခေးလ်က “လာမယ့်ရာသီမှာ မင်းက ချယ်လ်ဆီးဆီ ပြောင်းရမယ် ဗစ်တာ။ ငါက ဒီအပြောင်းအရွှေ့ ဖြစ်လာအောင် မင်းကို ကူညီပေးမယ်။ ငါက သေချာပေါက် ဒီအပြောင်းအရွှေ့ကို လုပ်ချင်နေပြီ။

ငါတို့အသင်းက ဒရော့ဘာ မရှိတော့တဲ့နောက်မှာ မင်းလို တိုက်စစ်မှူးမျိုးကို လိုအပ်နေတာ ငါ့ကောင်ရေ” လို့ အင်တာဗျူး တခုမှာ ဗစ်တာ အိုဆီမန်နဲ့ Video Call ပြောရင်း ပြောကြားသွားခဲ့တာပဲ ဖြစ်ပါတယ်။

ချယ်ဆီးက ပေါင် ၁ ဘီလျံသန်းကျော် အကုန်အကျခံကာ ကစားသမားသစ်တွေ ဝယ်ယူထားပေမယ့် ကမ္ဘာ့အဆင့် အထောင်တိုက်စစ်မှူး မရှိသေးတာမို့ အိုဆီမန်ကို ခေါ်ယူနိုင်ရေး အားထုတ်လာဖွယ် ရှိနေတာ ဖြစ်ပါတယ်။