လမ်းပတ်က ချယ်ဆီးကနေ သူ့သဘောနဲ့သူ ထွက်ခွာသွားနိုင်တယ်ဆိုတဲ့ ထင်မြင်ချက်

ပရီးမီးယားလိဂ်နဲ့ အာဆင်နယ်တောင်ပံသမားဟောင်း Perry Groves က မန်နေဂျာလမ်းပတ်ဟာ ချယ်ဆီးမှာ ရုန်းကန်နေရပြီး သူဟာ ဒီအခြေအနေကို မပြောင်းလဲနိုင်ရင် အချိန်အကြာကြီး ရဖွယ် မရှိတော့ဘူးလို့ သုံးသပ်သွားပါတယ်။

Perry Groves က လမ်းပတ်က မှန်ကန်တဲ့ ရွေးချယ်မှုနဲ့ နည်းလမ်းတွေကို မလုပ်ဆောင်နိုင်ဘူးဆိုရင် အက်ဖ်အေပွဲအဖြစ် လီဗာပူးန့ ရင်ဆိုင်ကစားရတဲ့ပွဲနောက်ပိုင်းမှာ ရာထူးကနေ ထွက်ခွာသွားနိုင်ပြီး လမ်းပတ်က ကလပ်အသင်းအတွက် မှန်ကန်တဲ့ တာဝန်ယူသူလို့ ကိုယ်ဘာသာ မခံစားရရင် ဆက်နေမယ့်သူ မဟုတ်ဘူးလို့ ဆိုလိုက်ပါတယ်။

Perry Groves က ” ချယ်ဆီးပရိသတ်တွေ အများကြီးကတော့ လမ်းပတ်ကို တစ်ရာသီတော့ အချိန်ပေးမယ်လို့ ပြောကြပေမယ့် အခြားသော မန်နေဂျာတွေထက် သူက အချိန် နည်းနည်းလောက်ပဲ ပိုရမှာပါ။ ဒါပေမယ့် အခြေအနေတွေက မကောင်းပဲ အသင်းလူစာရင်းကို အကောင်းဆုံး မရွေးချယ်နိုင်ရင် နည်းစနစ်တွေ မချမှတ်နိုင်ရင် သူက ထွက်ခွာသွားနိုင်ပါတယ်။

သူ့ရဲ့ ရွေးချယ်မှုတွေနဲ့ ပက်သက်ပြီး ကိုယ်ဘာသာ ကူညီနိုင်ခြင်း မရှိသလို ချယ်ဆီးအတွက် နည်းစနစ်မှန်တွေကိုလည်း ချနိုင်ခြင်း မရှိပဲ အဲ့နေရာတွေမှာ လမ်းပတ်နဲ့ မိုရစ်တို့က အတွေ့အကြုံ ကြွယ်ဝမှုလည်း မရှိပါဘူး။

ဥပမာပြောရရင် သူက လက်စတာနဲ့ ယှဉ်ပြိုင်ကစားတဲ့ပွဲမှာ ၄-၂-၃-၁ ကစားကွက်ကို ကျင့်သုံးပြီး ၂-၂ သရေကျတယ်။ ကမ္ဘာအကောင်းဆုံး ကွင်းလယ်ခံစစ်သမားက အဲ့ပွဲမှာ အကောင်းဆုံး ကစားသမားဖြစ်ဖို့ အဝေးကြီးပါပဲ။ အဲ့တာပြီးတော့ နောက်ပွဲအဖြစ် ယူနိုက်တက်နဲ့ ပွဲမှာတော့ ၄-၃-၃ မှာ ကန်တီကို ညာခြမ်းက ထုတ်သုံးပြန်တယ် ဒါက အဓိပ္ပာယ် မရှိပါဘူး။

ကန်တီ ဒဏ်ရာရသွားတဲ့နောက်မှာ ကွင်းလယ်ကလည်း ဂျော်ဂျင်ဟို၊ ကိုဗာဆစ်နဲ့အတူ စောင့်ကြည့်ပြီး ဝေဖန်ခံရမှုတွေ များနေတဲ့ မေဆန်မောင့်ပဲ ကျန်ပါတော့တယ် ” လို့ ပြောဆိုသွားခဲ့တာဖြစ်တယ်။

ZAWGYI

ပရီးမီးယားလိဂ္နဲ႔ အာဆင္နယ္ေတာင္ပံသမားေဟာင္း Perry Groves က မန္ေနဂ်ာလမ္းပတ္ဟာ ခ်ယ္ဆီးမွာ ရုန္းကန္ေနရျပီး သူဟာ ဒီအေျခအေနကို မေျပာင္းလဲႏုိင္ရင္ အခ်ိန္အၾကာၾကီး ရဖြယ္ မရွိေတာ့ဘူးလို႔ သံုးသပ္သြားပါတယ္။

Perry Groves က လမ္းပတ္က မွန္ကန္တဲ့ ေရြးခ်ယ္မႈနဲ႔ နည္းလမ္းေတြကို မလုပ္ေဆာင္ႏုိင္ဘူးဆိုရင္ အက္ဖ္ေအပြဲအျဖစ္ လီဗာပူးန႔ ရင္ဆုိင္ကစားရတဲ့ပြဲေနာက္ပိုင္းမွာ ရာထူးကေန ထြက္ခြာသြားႏုိင္ျပီး လမ္းပတ္က ကလပ္အသင္းအတြက္ မွန္ကန္တဲ့ တာဝန္ယူသူလို႔ ကိုယ္ဘာသာ မခံစားရရင္ ဆက္ေနမယ့္သူ မဟုတ္ဘူးလို႔ ဆိုလိုက္ပါတယ္။

Perry Groves က ” ခ်ယ္ဆီးပရိသတ္ေတြ အမ်ားၾကီးကေတာ့ လမ္းပတ္ကို တစ္ရာသီေတာ့ အခ်ိန္ေပးမယ္လို႔ ေျပာၾကေပမယ့္ အျခားေသာ မန္ေနဂ်ာေတြထက္ သူက အခ်ိန္ နည္းနည္းေလာက္ပဲ ပိုရမွာပါ။ ဒါေပမယ့္ အေျခအေနေတြက မေကာင္းပဲ အသင္းလူစာရင္းကို အေကာင္းဆံုး မေရြးခ်ယ္ႏုိင္ရင္ နည္းစနစ္ေတြ မခ်မွတ္ႏုိင္ရင္ သူက ထြက္ခြာသြားႏုိင္ပါတယ္။

သူ႔ရဲ႕ ေရြးခ်ယ္မႈေတြနဲ႔ ပက္သက္ျပီး ကိုယ္ဘာသာ ကူညီႏုိင္ျခင္း မရွိသလို ခ်ယ္ဆီးအတြက္ နည္းစနစ္မွန္ေတြကိုလည္း ခ်ႏုိင္ျခင္း မရွိပဲ အဲ့ေနရာေတြမွာ လမ္းပတ္နဲ႔ မိုရစ္တို႔က အေတြ႔အၾကံဳ ၾကြယ္ဝမႈလည္း မရွိပါဘူး။

ဥပမာေျပာရရင္ သူက လက္စတာနဲ႔ ယွဥ္ျပိဳင္ကစားတဲ့ပြဲမွာ ၄-၂-၃-၁ ကစားကြက္ကို က်င့္သံုးျပီး ၂-၂ သေရက်တယ္။ ကမၻာအေကာင္းဆံုး ကြင္းလယ္ခံစစ္သမားက အဲ့ပြဲမွာ အေကာင္းဆံုး ကစားသမားျဖစ္ဖို႔ အေဝးၾကီးပါပဲ။ အဲ့တာျပီးေတာ့ ေနာက္ပြဲအျဖစ္ ယူႏုိက္တက္နဲ႔ ပြဲမွာေတာ့ ၄-၃-၃ မွာ ကန္တီကို ညာျခမ္းက ထုတ္သံုးျပန္တယ္ ဒါက အဓိပၸာယ္ မရွိပါဘူး။

ကန္တီ ဒဏ္ရာရသြားတဲ့ေနာက္မွာ ကြင္းလယ္ကလည္း ေဂ်ာ္ဂ်င္ဟို၊ ကိုဗာဆစ္နဲ႔အတူ ေစာင့္ၾကည့္ျပီး ေဝဖန္ခံရမႈေတြ မ်ားေနတဲ့ ေမဆန္ေမာင့္ပဲ က်န္ပါေတာ့တယ္ ” လို႔ ေျပာဆိုသြားခဲ့တာျဖစ္တယ္။