စီးရီးအေ ခံစစ် ပစ်မှတ်၊ ဝီလီယံ အကြိုက် နည်းပြ၊ အေဗရာဟမ်နဲ့ ချယ်ဆီး ညနေခင်းသတင်းများ

ချယ်ဆီးအသင်း တောင်ပံတိုက်စစ်သမား ဝီလီယံက သူနဲ့ ဆုံဖူးတဲ့ အကောင်းဆုံး နည်းပြတွေထဲ မော်ရင်ညိုလည်း အပါအဝင် ဖြစ်ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။

ဒီတစ်ပတ် စပါးနဲ့ လန်ဒန်ဒါဘီ ပြိုင်ပွဲမှာ ချယ်ဆီးအသင်း အတွက် တိုက်စစ်မှူး တမ်မီ အေဗရာဟမ် ပြန် ပါဝင်ကစားနိုင်မယ်လု့ိ မျှော်လင့်ရပြီး ခရစ္စတန်ဆန်လည်း အသင့် ရှိနေဖွယ် ရှိပါတယ်။

ချယ်ဆီးအသင်းဟာ ပြီးခဲ့တဲ့ ဇန်နဝါရီက ခေါ်ထားခဲ့တဲ့ လူငယ်တိုက်စစ်မှူးလေး ဘရိုင်ယန် ဖီယာဘီမာဟာ အသက် ၁၇ နှစ် ပြည့်သွားပြီ ဖြစ်လို့ တရားဝင် ပရော်ဖက်ရှင်နယ် စာချုပ် ချုပ်ဆိုလိုက်ပြီ ဖြစ်ပါတယ်။

ပြီးခဲ့တဲ့ ဇန်နဝါရီမှာ မအောင်မြင်ခဲ့ပေမယ့် ချယ်ဆီး တိုက်စစ်မှူး ဂျီရူးက လာမယ့်နွေမှာ ဆရာဟောင်း ကွန်တီ ရှိရာ အင်တာမီလန်အသင်းထံ ပြောင်းရွှေ့ကြေး အလွတ်နဲ့ ပြောင်းဖို့ စိတ်အားထက်သန်ဆဲ ဖြစ်ပါတယ်။

စီးရီးအေကလပ်များ ဖြစ်တဲ့ ဂျူဗင်တပ်နဲ့ အင်တာမီလန်အသင်းတို့ဟာ ချယ်ဆီး ခံစစ်မှူး အီမာဆန်ကို ခေါ်ယူဖို့ ပစ်မှတ်ထားနေကြောင်း အီတလီသတင်းများမှာ ဖော်ပြထားပြီး တရားဝင် ချဉ်းကပ်မှုများတော့ မပြုလုပ်ရသေးဘူးလို့ သိရပါတယ်။

ချယ်ဆီးအသင်းဟာ စီးရီးအေ ကလပ် ဗီရိုနာ အသင်းမှ ဗဟိုခံစစ်မှူး မာရက် ကမ်ဘူလာကို ခေါ်ယူဖို့ စောင့်ကြည့်မှုတွေ ပြုလုပ်နေပါတယ်။ ကမ်ဘူလာက ဒီရာသီမှာ ဗီရိုနာအတွက် စီးရီးအေပွဲ ၁၈ ပွဲ ပါဝင်ကစားထားပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္း ေတာင္ပံတိုက္စစ္သမား ၀ီလီယံက သူနဲ႕ ဆံုဖူးတဲ့ အေကာင္းဆံုး နည္းျပေတြထဲ ေမာ္ရင္ညိဳလည္း အပါအ၀င္ ျဖစ္ေၾကာင္း ဖြင့္ဟ ေျပာၾကားလိုက္ပါတယ္။

ဒီတစ္ပတ္ စပါးနဲ႕ လန္ဒန္ဒါဘီ ျပိဳင္ပြဲမွာ ခ်ယ္ဆီးအသင္း အတြက္ တိုက္စစ္မွဴး တမ္မီ ေအဗရာဟမ္ ျပန္ ပါ၀င္ကစားနုိင္မယ္လု႔ိ ေမွ်ာ္လင့္ရျပီး ခရစၥတန္ဆန္လည္း အသင့္ ရွိေနဖြယ္ ရွိပါတယ္။

ခ်ယ္ဆီးအသင္းဟာ ျပီးခဲ့တဲ့ ဇန္န၀ါရီက ေခၚထားခဲ့တဲ့ လူငယ္တိုက္စစ္မွဴးေလး ဘရိုင္ယန္ ဖီယာဘီမာဟာ အသက္ ၁၇ နွစ္ ျပည့္သြားျပီ ျဖစ္လို႔ တရား၀င္ ပေရာ္ဖက္ရွင္နယ္ စာခ်ဳပ္ ခ်ဳပ္ဆိုလိုက္ျပီ ျဖစ္ပါတယ္။

ျပီးခဲ့တဲ့ ဇန္န၀ါရီမွာ မေအာင္ျမင္ခဲ့ေပမယ့္ ခ်ယ္ဆီး တိုက္စစ္မွဴး ဂ်ီရူးက လာမယ့္ေႏြမွာ ဆရာေဟာင္း ကြန္တီ ရွိရာ အင္တာမီလန္အသင္းထံ ေျပာင္းေရႊ႕ေၾကး အလြတ္နဲ႕ ေျပာင္းဖို႔ စိတ္အားထက္သန္ဆဲ ျဖစ္ပါတယ္။

စီးရီးေအကလပ္မ်ား ျဖစ္တဲ့ ဂ်ဴဗင္တပ္နဲ႕ အင္တာမီလန္အသင္းတို႔ဟာ ခ်ယ္ဆီး ခံစစ္မွဴး အီမာဆန္ကို ေခၚယူဖို႔ ပစ္မွတ္ထားေနေၾကာင္း အီတလီသတင္းမ်ားမွာ ေဖာ္ျပထားျပီး တရား၀င္ ခ်ဥ္းကပ္မႈမ်ားေတာ့ မျပဳလုပ္ရေသးဘူးလို႔ သိရပါတယ္။

ခ်ယ္ဆီးအသင္းဟာ စီးရီးေအ ကလပ္ ဗီရိုနာ အသင္းမွ ဗဟိုခံစစ္မွဴး မာရက္ ကမ္ဘူလာကို ေခၚယူဖို႔ ေစာင့္ၾကည့္မႈေတြ ျပဳလုပ္ေနပါတယ္။ ကမ္ဘူလာက ဒီရာသီမွာ ဗီရိုနာအတြက္ စီးရီးေအပြဲ ၁၈ ပြဲ ပါ၀င္ကစားထားပါတယ္။