ဒီရာသီ တာထွက်ဆိုးနေတဲ့ ချယ်ဆီးဟာ ကစားသမားကောင်းတွေကို ဖျက်ဆီးနေတဲ့အသင်းလို့ ဂယ်ရီနဗီးလ်က စွပ်စွဲလိုက်ပါတယ်။
ချယ်ဆီးဟာ ပိုချက်တီနိုလက်အောက် အဖွင့် ၆ ပွဲမှာ ၁ ပွဲသာ နိုင်ခဲ့လို့ ပရီးမီးယားလိဂ် အမှတ်ပေးဇယားမှာ အဆင့် ၁၄ နေရာရောက်နေတာပါ။
အမေရိကန် အသင်းပိုင်ရှင် ဘိုလေးက ကလပ်ကို လွှဲပြောင်းယူပြီးကတည်းက လူငယ်ကြယ်ပွင့်တွေ ခေါ်ယူရာမှာ ပေါင် ၁ ဘီလီယံကျော် သုံးစွဲခဲ့ပါတယ်။ အဲဒီလိုအနေအထားမှာတောင် လန်ဒန်ကလပ်ဟာ ကွင်းအတွင်း ရုန်းကန်နေရတာပါ။
နဗီးလ်ကတော့ ချယ်ဆီးအသင်း ဒီလိုကပ်ဆိုက်နေတာဟာ ဘိုးလီနဲ့သူ့အမှုဆောင်တွေ ဖန်တီးတဲ့ ဝန်းကျင်ကြောင့်လို့ အပြစ်တင်ပါတယ်။
” ဒါက အဲဒီဝန်းကျင်ကြောင့်လို့ ကျွန်တော်ထင်ပါတယ်။ မန်ယူနဲ့ ချယ်ဆီးမှာ ဖြစ်နေတာတွေကို ကြည့်မယ်ဆိုရင် တူတာတွေ အများကြီးပါ။ သူတို့က ခေါ်ယူခဲ့တဲ့ ကစားသမားကောင်းတွေကို ဖျက်ဆီးနေတာပါ။ အဲဒါမျိုးဖြစ်နေတာ ချယ်ဆီးမှာဆို လွန်ခဲ့တဲ့ ၁၂ လကနေ ၁၈ လအထိ ရှိပါပြီ။ ထိပ်ပိုင်းကကို လွဲနေတာပါ ” လို့ ဂယ်ရီနဗီးလ်က ဆိုခဲ့တာပါ။
ရုပ်သံအစီအစဉ်မှာ ဂယ်ရီနဗီးလ်နဲ့အတူဆွေးနွေးခဲ့တဲ့ ကာရေဂါကလည်း ပြီးခဲ့တဲ့ဇန်နဝရီမှာ ရောက်လာပြီးကတည်းက ရုန်းကန်နေရတဲ့ ယူရိုသန်း ၁၀၀ တန် မူဒရစ်ကို ဥပမာပေးပြီး အခုလိုသုံးသပ်ပါတယ်။
” ထိပ်တန်းကစားသမားတွေ လိုအပ်တာမှန်ပေမယ့် အဝတ်အစားလဲခန်းထဲမှာ၊ နည်းပြ၊ ပရိသတ်တွေ ကွန်နက်ရှင်ကောင်းဖို လိုပါတယ်။ ချယ်ဆီးမှာတော့ အဲဒါကို ကျွန်တော်မမြင်ဘူး။ ချယ်ဆီးမှာက ထိပ်ဆုံးကနေ အောက်ဆုံးအထိ ဘာကွန်နက်ရှင်မှ မမိဘူး”လို့ ကာရေဂါက ဆိုခဲ့တာပါ။