ကာရာဘောင်း နိုင်ပွဲ ရခဲ့ပေမယ့် ဒဏ်ရာ စာရင်းမှာ လူထပ်တိုးသွားလို့ စိတ်ပျက်ခဲ့ရတဲ့ ချယ်ဆီးအသင်း

ချယ်ဆီးအသင်းဟာ ဒီရာသီ ဒုတိယမြောက် နိုင်ပွဲအဖြစ် မနေ့ညက ဘရိုက်တန်ကို ကာရာဘောင်းဖလား တတိယအဆင့် ပွဲစဉ်မှာ ၁-၀ ဖြင့် အနိုင်ယူပြီး နောက်တစ်ဆင့်ကို တက်နိုင်ခဲ့ပါတယ်။

ဒီပွဲမှာ တိုက်စစ်မှူး ဂျက်ဆန်က ချယ်ဆီးအတွက် တစ်လုံးတည်းသော အနိုင်ဂိုးကို သွင်းယူပေးခဲ့ခြင်း ဖြစ်တယ်။

ချယ်ဆီးအသင်းဟာ ကာရာဘောင်း စတုတ္ထအဆင့်မှာတော့ ချန်ပီယံရှစ်ကလပ် ဘလက်ဘန်းအသင်းနဲ့ ထိပ်တိုက်တွေ့မှာ ဖြစ်ပါတယ်။

ဘရိုက်တန်ကို အနိုင်ရပေမယ့် မနေ့က ပွဲမှာ ချယ်ဆီး ဘယ်အစွန်လူ ချီဝဲလ်ဟာ တံကောက်ကြော ဒဏ်ရာ ရသွားခဲ့ပြီး ဒဏ်ရာ ရနဲ့ ပွဲပယ် ကစားသမားတွေ များနေတဲ့ ချယ်ဆီးအတွက် ထိုးနှက်ချက်ကြီး ဖြစ်ခဲ့ပါတယ်။

ဒီအပတ်တွေမှာ ချီဝဲလ်ရဲ့ ပွဲကစားချိန်ကို လျော့ချပြီး ကိုးဝဲလ်ကို သုံးနေပေမယ့်လို့ ဘယ်အစွန်လူက ဒဏ်ရာအသစ် ထပ် ရခဲ့တာမို့ မနက်ဖြန်မှာ စစ်ဆေးမှု ပြုလုပ်မှာ ဖြစ်ပါတယ်။

‘ မနက်ဖြန်မှပဲ စစ်ဆေးကြည့်ရပါမယ်။ ကျနော်ကတော့ ချီဝဲလ်ရဲ့ ဒဏ်ရာက တံကောက်ကြောလို့ ထင်ပါတယ် ’ ဆိုပြီး ပြောဆိုခဲ့တာပါ။

ချယ်ဆီးအသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ် ကလည်း ဒဏ်ရာကနေ အနားယူနေရပေမယ့် အက်စတွန် ဗီလာကို အရေးနိမ့်တဲ့ ပွဲစဉ်အတွင်း ဒိုင်လူကြီးကို မသင့်လျော်တဲ့ စကားမျိုး သုံးနှုန်းခဲ့ခြင်းအတွက် ဒဏ်ရာ ကနေ ပြန် သက်သာလာရင် ပွဲပယ် ပြစ်ဒဏ် ကျခံရမယ်လို့ သိရပါတယ်။