ဒိုင်ကို ပမာမခန့် ပြောဆိုခြင်းအတွက် ပွဲပယ်ခံရဖွယ်ရှိတဲ့ ရိစ်ဂျိမ်း

ဒဏ်ရာကြောင့် အနားယူနေရတဲ့ ချယ်ဆီး အသင်းခေါင်းဆောင် ရိစ်ဂျိမ်းစ်ကို ဒိုင်လူကြီးအား စော်ကားပြောဆိုခဲ့တာနဲ့ ပတ်သက်ပြီး အက်ဖ်အေက အရေးယူဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

ရိစ်ဂျိမ်းစ်က သူပါဝင်ကစားခဲ့ခြင်း မရှိပေမယ့် အက်စ်တန်ဗီလာကို ၁ ဂိုး ဂိုးမရှိနဲ့ ရှုံးနိမ့်ခဲ့တဲ့ ပွဲစဉ်မှာ ဥမင်အတွင်း ဒိုင်လူကြီးကို မလျော်ကန်တဲ့ စကားတွေ ပြောဆိုခဲ့တယ်လို့ အက်ဖ်အေဘက်က ဆိုပါတယ်။

ချယ်ဆီးအသင်းအား အယူခံဝင်ခွင့် ပေးထားပေမယ့် ဒီပြစ်မှုအတွက် အရေးယူမှာဖြစ်ကာ ပွဲပယ် ပြစ်ဒဏ် ဖြစ်လာပါမယ်။ တူညီတဲ့ အခြေအနေမျိုးကို နယူးကာဆယ်ပွဲမှာ အနီကဒ်ထိခဲ့တဲ့ ဗန်ဒိုက်ကလည်း ကျခံရဖူးပြီး ဒိုင်ကို ပြန်ပြောခြင်းအတွက် ၁ ပွဲပယ်ခံခဲ့ရတာပါ။

ရိစ်ဂျိမ်းစ်ဟာ တံကောက်ကြော ဒဏ်ရာကြောင့် ပြီးခဲ့တဲ့ လတွေတည်က အနားယူနေရသူဖြစ်ပြီး အက်ဖ်အေက ပေးမယ့် ပြစ်ဒဏ်ဟာ သူ ပြန်သက်သာလာပြီး ဘောလုံးကစားနိုင်ချိန်မှာ သက်ရောက်မှာ ဖြစ်ပါတယ်။