ဒီရာသီ တစ်ပွဲမှ မနိုင်သေးတဲ့ ဘုန်းမောက်ကို ချယ်ဆီး ဒီည အနိုင်မကန်နိုင်ဘူး လုပ်လာတဲ့ ဆက်တန်ရဲ့ ပွဲကြို ခန့်မှန်းချက်

ဒီတပတ် ပရီးမီးယားလိဂ်မှာ ချယ်ဆီးအသင်းကတော့ ဘုန်းမောက်နဲ့ တွေ့ဆုံနေပြီး အဝေးကွင်း သွားရောက် ရင်ဆိုင်ရမှာပါ။ ဘုန်းမောက်က ပရီးမီးယားလိဂ် ၄ ပွဲ ကစားပြီးချိန်မှာ နိုင်ပွဲ တစ်ပွဲမှ မရှိသေးဘဲ ၂ပွဲ သရေ၊ ၂ ပွဲ ရှုံးနဲ့ အဆင့် ၁၆ နေရာမှာ ရှိနေပါတယ်။

ဒါပေမယ့် ချယ်ဆီးကလည်း ရုန်းကန်နေရဆဲ ဖြစ်ပြီး ဒီတပတ်မှာ ဘုန်းမောက်ကိုလည်း နိုင်မှာ မဟုတ်ဘူးလို့ ဘီဘီစီမှ ပင်တိုင် သုံးသပ်သူ ခရစ်ဆက်တန် က ယူဆနေပါတယ်။ ဒီပွဲ အတွက် ဆက်တန်က အခုလို ခန့်မှန်းလာပါတယ်။

ဒီနှစ်သင်း ကစားမယ့် ပွဲချိန်ကတော့ ဒီနေ့ တနင်္ဂနွေနေ့ည ၇ နာရီခွဲ ဖြစ်ပါတယ်။

ဆက်တန်ရဲ့ ပွဲကြို ခန့်မှန်းချက်

” ချယ်ဆီး အခုနေမှာ ဘာတွေ လုပ်နေသလဲ ဆိုတာ မှန်းရခက်ခဲပါတယ်။ သူတို့ဆီက ဘာတွေ မျှော်လင့်ရမလဲတောင် ကျနော့်မှာ မှန်းလို့ မတတ်ဘူး ဖြစ်နေတယ်။ ဘာဖြစ်လို့လဲ ဆိုတော့ သူတို့က ဘောလုံး ကစားတာ ကောင်းရင်တောင် အခွင့်အရေးတွေကို အသုံးမချနိုင်ဘူး။

ဘုန်းမောက်က နောက်ဆုံးပွဲမှာ ကျနော့်ကို အံ့အားသင့်စေခဲ့တယ်။ သူတို့ ဘရန့်ဖို့ဒ် ဆီက တစ်မှတ် အရ ယူသွားတယ်။ သူတို့ နည်းပြ Andoni Iraola လက်ထက်မှာ ဘယ်လို ကစားနေသလဲ ကျနော် မရေရာလှဘူး။ အခုထိလည်း ဒီရာသီ လိဂ်မှာ နိုင်ပွဲ မရသေးဘူး။

ဒါပေမယ့် ဒီအချက်က ချယ်ဆီးကို ထူးခြား ပြောင်းလဲ မသွားစေလောက်ဘူး။ ဒီပွဲက ကျနော့် အထင် သရေပဲ ကျမယ် လို့ မြင်နေတယ်။

ခရစ် ဆက်တန် ရဲ့ ခန့်မှန်းရလဒ် ကတော့ ဘုန်းမောက် ၁-၁ ချယ်ဆီး ဖြစ်ပါတယ်။