
နည်းပြ ပိုချက်တီနိုရဲ့ ချယ်ဆီးအသင်းဟာ ဒီအပတ် ပရီးမီးယားလိဂ်မှာ ဘုန်းမောက်နဲ့ တွေ့နေပြီး အဝေးကွင်းမှာ သွားရောက် ရင်ဆိုင်ရမှာပါ။ ပွဲချိန်ကတော့ လာမယ့် တနင်္ဂနွေနေ့ည ၇ နာရီခွဲ ဖြစ်ပါတယ်။
ဂန်းနားဟောင်းကြီး ပေါမာဆန်ကတော့ ဘုန်းမောက်နဲ့ ချယ်ဆီး တို့ ပွဲ အတွက် အခုလို သုံးသပ် ခန့်မှန်းထားပါတယ်။
” နော်တင်ဟမ် ဖောရက်စ်ကို ရင်ဆိုင်ပြီး ချယ်ဆီးတို့ ၁-၀ နဲ့ အရေးနိမ့်ခဲ့တဲ့ ပွဲကို ကျနော် ကြည့်ခဲ့ပါတယ်။ သူတို့ ကစားနိုင်ပေမယ့် ဂိုးမသွင်းနိုင်ပါဘူး။
ဒါပေမယ့် အဝေးကွင်းပွဲတွေဆိုရင် တိုက်စစ်ပိုင်း အများကြီး ထိုးဖောက်နိုင်မှုနဲ့အတူ ချယ်ဆီးက အန္တရာယ်ရှိပါတယ်။
ဒီရာသီ တစ်ဂိုးပဲ သွင်းရသေးပေမယ့် စတာလင်က ဘောလုံးရာသီကို တောင့်တင်းစွာ စတင်လာနေတယ်။ ဂျက်ဆန်က စွမ်းရည်ကောင်းတွေ ပြသနေပြီး ပြိုင်ဘက်အသင်းကို ပြဿနာကြီးတွေ ပေးနိုင်ပါတယ်။ သူဟာ ပတ်ဝန်းကျင်သစ်မှာ အသားကျလာနေပါပြီ။
ဒီပွဲကို ချယ်ဆီးတို့ မနိုင်ဘူးဆိုရင် ရာသီစမှာတင် အချက်ပေးသံတွေ ညံ့နေတော့မှာပါ။ သူတို့က တစ်ပတ်ကို တစ်ပွဲပဲ ကစားရမှာဖြစ်ပြီး အပြောင်းအရွှေ့ ဈေးကွက်မှာ ငွေတွေ အများကြီး သုံးထားတဲ့ အသင်း ဖြစ်ပါတယ်။
ပိုချက်တီနိုဟာ နိုင်ပွဲတွေ မရယူနိုင်ခဲ့ရင် ဆင်ခြေပေးလို့ ရတော့မှာ မဟုတ်ပါဘူး။ ” လို့ မာဆန်က သုံးသပ်ထားပါတယ်။
ပေါမာဆန် ရဲ့ ခန့်မှန်းရလဒ် ကတော့ ဘုန်းမောက် ဝ-၂ ချယ်ဆီး ဖြစ်ပါတယ်။