
ဘောလုံး သုတေသန အဖွဲ့ တစ်ခုဖြစ်တဲ့ CIES က ဘောလုံးအသင်းတွေဟာ လက်ရှိ လူစာရင်းရဖို့ အသုံးပြုထားရတဲ့ ပြောင်းရွှေ့ကြေးတွေဖြင့် တွက်ချက် ဖော်ပြမှု လုပ်လာခဲ့ပါတယ်။
CIES ရဲ့ ဖော်ပြချက်အရ ချယ်ဆီးအသင်းဟာ လက်ရှိ လူစာရင်းကို ရနိုင်ဖို့ ပေါင် ၉၇၇.၉ သန်း အသုံးပြုထားရပြီး The most expensive squad in the WORLD စာရင်းမှာ ဒုတိယနေရာက မှတ်တမ်းဝင်ပါတယ်။
ပထမနေရာမှာတော့ ပြောင်းရွှေ့ကြေး ပေါင် ၉၉၁.၇ သန်း အကုန်အကျခံထားရတဲ့ မန်ယူအသင်း ဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ကွင်းလယ်လူတွေဖြစ်တဲ့ အူဂိုချူကွာ၊ ချူကွာမီကာ၊ ကိုင်ဆီဒို၊ အန်ဇိုနဲ့ လာဗီယာတို့အတွက်တင် ပြောင်းရွှေ့ကြေး ပေါင် သန်း ၃၀၀ လောက် အသုံးပြုထားတာ ဖြစ်ပါတယ်။
တိုက်စစ်က စတာလင်၊ ဂျက်ဆန်၊ မူဒရစ်၊ အန်ကူကူတို့အတွက်လည်း ပေါင် သန်း ၂၀၀ ကျော် သုံးစွဲထားခဲ့တယ်။ ချယ်ဆီးဟာ ပိုင်ရှင်သစ် တော့ဘိုးလေ လက်ထက်မှာ အသုံးစရိတ် ပေါင် ၁ ဘီလျံကျော် ရှိထားခဲ့ပါတယ်။
ဒီစာရင်းရဲ့ တတိယနေရာမှာ ပေါင် ၈၉၈.၅ သန်းနဲ့ မန်စီးတီးရှိပြီး အာဆင်နယ်၊ စပါး၊ လီဗာပူးတို့ကလည်း ထိပ်ဆုံး ၁၀ သင်းစာရင်းထဲ ပါဝင်ထားကြပါတယ်။