ချယ်ဆီးရဲ့ အရေးပါဆုံး ပွဲကြပ်ကာလမှာ ပွဲကြီးအားလုံးနီးပါးကို လွဲချော်မယ့် ကန်တီ

ချယ်ဆီးအသင်းဟာ အားထားရတဲ့ ကွင်းလယ်ကစားသမား ကန်တေကို သီတင်းပတ် သုံးပတ်ထိ လက်လွှတ်ရမယ့် အနေအထား ရင်ဆိုင်နေရပါတယ်။ ကန်တေဟာ ယူနိုက်တက်နဲ့ ပွဲမှာ ဒဏ်ရာ ရသွားတာ ဖြစ်ပြီး ပြင်းထန်ပုံ ရကြောင်းလည်း လမ်းပတ်က ပွဲပြီးပြီချင်း ဝန်ခံ ခဲ့ပါတယ်။

ယူနိုက်တက်နဲ့ ပွဲမှာကန်တေက ၁၀ မိနစ်မျှသာ ကစားခဲ့ရပြီးနောက် မေဆန်မောင့်နဲ့ လူစားလဲခဲ့ရပါတယ်။ ထိုပွဲမှာ ချယ်ဆီးလည်း ရှုံးပွဲ တွေ့ခဲ့ရပြီး အဆင့် ၅ နေရာမှ စပါးနဲ့ တစ်မှတ်သာ ကွာတော့တဲ့ အခြေအနေ ရောက်ရှိသွားပါတယ်။

ကန်တေက ပေါင်တွင်းရိုး ဒဏ်ရာ ရသွားတာ ဖြစ်ပြီး ကနဦး အခြေအနေများအရတော့ အားရဖွယ် မရှိကြောင်း နည်းပြ လမ်းပတ်က အသိပေးထားခဲ့ပါတယ်။ အသေးစိတ် စစ်ဆေးမှုများကိုတော့ ပြုလုပ်ရဦးမှာပါ။

ဒါပေမယ့် ပြင်သစ် သတင်းဌာန အဆို အရ ကန်တေ ရခဲ့တဲ့ ဒဏ်ရာဟာ အဆင့် ၂ ရှိ ပေါင် ဒဏ်ရာ ဖြစ်ပြီး သီတင်းပတ် သုံးပတ်ထိ ကုသမှု ခံယူရဖွယ် ရှိတယ်လို့ သုံးသပ် ဖော်ပြထားပါတယ်။ ကာလ အရှည်ကြီး နားရမယ့် ဒဏ်ရာ မဟုတ်သည့်တိုင် ပွဲကြပ်တွေ ကစားဖို့ ရှိနေတဲ့ ချယ်ဆီး အတွက် ကန်တေကို သီတင်းပတ် သုံးပတ်ထိ လက်လွှတ်ရမှာက ထိုးနှက်မှုကြီးလို့ ဆိုနိုင်ပါတယ်။

လာမယ့် ပွဲစဉ်များမှာ စပါးနဲ့ ဘိုင်ယန်မြူးနစ်ကို ဆက်တိုက် ကစားဖို့လည်း ရှိနေတာကြောင့် ကန်တေ ဒဏ်ရာက ချယ်ဆီးအသင်းရဲ့ ဒီရာသီ ရပ်တည်မှုကိုပါ ထိခိုက်သွားနိုင်တယ်လို့ သုံးသပ် ပြောဆိုနေကြပါတယ်။

ချယ်ဆီးအသင်းဟာ စပါးနဲ့ ပရီးမီးယားလိဂ် ပွဲ ပြီးရင် ဘိုင်ယန်နဲ့ ချန်ပီယံလိဂ်ပွဲ၊ အဲဒီနောက် ဘုန်းမောက်ကို ဆက်တိုက် ရင်ဆိုင်ရမှာ ဖြစ်ပြီး ဘုန်းမောက်နဲ့ ပွဲအပြီး မတ်လ ၃ ရက်နေ့မှာ အက်ဖ်အေဖလား ပဉ္စမအဆင့် အဖြစ် လီဗာပူးနဲ့ ရင်ဆိုင် ကစားရဖို့ ရှိနေပါတယ်။

ပြင်သစ်သား ကွင်းလယ်သမားဟာ မတ်လ ၁၄ ရက်နေ့ အက်စတွန်ဗီလာနဲ့ ပရီးမီးယားလိဂ် ပွဲလောက်မှာ ပြန် ပါဝင်နိုင်မယ်လို့ ခန့်မှန်း နေကြပြီး အဲဒီရှေ့ ၆ ရက်လောက်မှာ ကန်ရမယ့် အဲဗာတန်နဲ့ ပွဲ အမှီလည်း စောပြီး ပြန်ကောင်းလာဖို့ မျှော်လင့်နေကြပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ အားထားရတဲ့ ကြင္းလယ္ကစားသမား ကန္ေတကို သီတင္းပတ္ သံုးပတ္ထိ လက္လႊတ္ရမယ့္ အေနအထား ရင္ဆိုင္ေနရပါတယ္။ ကန္ေတဟာ ယူနုိက္တက္နဲ႕ ပြဲမွာ ဒဏ္ရာ ရသြားတာ ျဖစ္ျပီး ျပင္းထန္ပံု ရေၾကာင္းလည္း လမ္းပတ္က ပြဲျပီးျပီခ်င္း ၀န္ခံ ခဲ့ပါတယ္။

ယူနိုက္တက္နဲ႕ ပြဲမွာကန္ေတက ၁၀ မိနစ္မွ်သာ ကစားခဲ့ရျပီးေနာက္ ေမဆန္ေမာင့္နဲ႕ လူစားလဲခဲ့ရပါတယ္။ ထိုပြဲမွာ ခ်ယ္ဆီးလည္း ရွံဳးပြဲ ေတြ႔ခဲ့ရျပီး အဆင့္ ၅ ေနရာမွ စပါးနဲ႕ တစ္မွတ္သာ ကြာေတာ့တဲ့ အေျခအေန ေရာက္ရွိသြားပါတယ္။

ကန္ေတက ေပါင္တြင္းရိုး ဒဏ္ရာ ရသြားတာ ျဖစ္ျပီး ကနဦး အေျခအေနမ်ားအရေတာ့ အားရဖြယ္ မရွိေၾကာင္း နည္းျပ လမ္းပတ္က အသိေပးထားခဲ့ပါတယ္။ အေသးစိတ္ စစ္ေဆးမႈမ်ားကိုေတာ့ ျပဳလုပ္ရဦးမွာပါ။

ဒါေပမယ့္ ျပင္သစ္ သတင္းဌာန အဆို အရ ကန္ေတ ရခဲ့တဲ့ ဒဏ္ရာဟာ အဆင့္ ၂ ရွိ ေပါင္ ဒဏ္ရာ ျဖစ္ျပီး သီတင္းပတ္ သံုးပတ္ထိ ကုသမႈ ခံယူရဖြယ္ ရွိတယ္လို႔ သံုးသပ္ ေဖာ္ျပထားပါတယ္။ ကာလ အရွည္ၾကီး နားရမယ့္ ဒဏ္ရာ မဟုတ္သည့္တိုင္ ပြဲၾကပ္ေတြ ကစားဖို႔ ရွိေနတဲ့ ခ်ယ္ဆီး အတြက္ ကန္ေတကို သီတင္းပတ္ သံုးပတ္ထိ လက္လႊတ္ရမွာက ထိုးနွက္မႈၾကီးလို႔ ဆိုနိုင္ပါတယ္။

လာမယ့္ ပြဲစဥ္မ်ားမွာ စပါးနဲ႕ ဘိုင္ယန္ျမဴးနစ္ကို ဆက္တုိက္ ကစားဖို႔လည္း ရွိေနတာေၾကာင့္ ကန္ေတ ဒဏ္ရာက ခ်ယ္ဆီးအသင္းရဲ႕ ဒီရာသီ ရပ္တည္မႈကိုပါ ထိခိုက္သြားနုိင္တယ္လို႔ သံုးသပ္ ေျပာဆိုေနၾကပါတယ္။

ခ်ယ္ဆီးအသင္းဟာ စပါးနဲ႕ ပရီးမီးယားလိဂ္ ပြဲ ျပီးရင္ ဘိုင္ယန္နဲ႕ ခ်န္ပီယံလိဂ္ပြဲ၊ အဲဒီေနာက္ ဘုန္းေမာက္ကို ဆက္တိုက္ ရင္ဆိုင္ရမွာ ျဖစ္ျပီး ဘုန္းေမာက္နဲ႕ ပြဲအျပီး မတ္လ ၃ ရက္ေန႔မွာ အက္ဖ္ေအဖလား ပဥၥမအဆင့္ အျဖစ္ လီဗာပူးနဲ႕ ရင္ဆိုင္ ကစားရဖို႔ ရွိေနပါတယ္။

ျပင္သစ္သား ကြင္းလယ္သမားဟာ မတ္လ ၁၄ ရက္ေန႔ အက္စတြန္ဗီလာနဲ႕ ပရီးမီးယားလိဂ္ ပြဲေလာက္မွာ ျပန္ ပါ၀င္နုိင္မယ္လို႔ ခန္႔မွန္း ေနၾကျပီး အဲဒီေရွ႕ ၆ ရက္ေလာက္မွာ ကန္ရမယ့္ အဲဗာတန္နဲ႕ ပြဲ အမွီလည္း ေစာျပီး ျပန္ေကာင္းလာဖို႔ ေမွ်ာ္လင့္ေနၾကပါတယ္။