စပါးကို အနိုင်ရတဲ့ပွဲမှာ ဗဟိုခံစစ်မှူးကြီးအဖြစ် အထူးခြေစွမ်းပြခဲ့တဲ့ အီသန် အမ်ပါဒူး

စပါးနဲ့ လိုက်ဇစ်တို့ရဲ့ ချန်ပီယံလိဂ်ပွဲမှာ ချယ်ဆီး လူငယ်လေး အမ်ပါဒူး ပွဲထွက်လူစာရင်းကနေ ပါဝင်ခဲ့ပြီး စပါးကို အဝေးကွင်းမှာ ၁-၀ နဲ့ အနိုင်ရဖို့ ခံစစ်ကနေ ကူညီပေးခဲ့ပါတယ်။

အခြားသော စီနီယာတွေ ဒဏ်ရာရနေလို့ ပါဝင်ခွင့်ရချိန်မှာ အမ်ပါဒူးရဲ့ ခြေစွမ်းက အထင်ကြီးဖို့ ကောင်းခဲ့သလို သူဟာ ပွဲချိန်ပြည့် ပါဝင်ကစားခွင့် ရခဲ့ခြင်းလည်းဖြစ်တယ်။ ဒီပွဲမှာတော့ စပါးတိုက်စစ်သမားတွေကို ဧရိယာထဲမှာ အီသန် ကိုင်တွယ်ပြမှုတွေက အတော်လေး ထူးချွန်းခဲ့တာဖြစ်တယ်။

ပုံမှန်အားဖြင့် လိုက်ဇစ် ဗဟိုခံစစ်ကို Dayot Upamecano က တာဝန်ယူတာဖြစ်ပေမယ့် လန်ဒန်ကပွဲမှာတော့ ချယ်ဆီး အငှားကစားသမားက အဓိက အထိုင်လူအဖြစ် ကစားခဲ့တာပါ။ သူဟာ ပွဲစဉ်ရဲ့ ဘောလုံးထိတွေ့မှု အများဆုံး၊ ဘောလုံးပေးမှု အတိကျဆုံး ကစားသမားလည်း ဖြစ်ခဲ့ပါတယ်။

အီသန်ဟာ ဒီရာသီမှာ လိုက်ဇစ်အတွက် ပွဲတွေ အများကြီး ကစားခွင့် ရနေသူတော့ မဟုတ်ပါဘူး။ သူဟာ ကွင်းလယ်မှာ ဒါမှမဟုတ် ဗဟိုခံစစ်မှာ အသုံးပြုလို့ ရနိုင်သူဖြစ်ပါတယ်။ သူဟာ နည်းပြ ဆာရီအတွက် ဗဟိုခံစစ်မှာ ကစားခဲ့ပြီး ညာအစွန်နေရာ အသုံးပြုမှုတွေလည်း ရှိပေမယ့် သူပထမဆုံး ပွဲထွက်ကစားခွင့် ရခဲ့တဲ့ မိုလ်ဗီဒီ အသင်းနဲ့ ပွဲစဉ်မှာ ဗဟိုခံစစ်ကနေ ပြန်ကစားခဲ့ပါတယ်။

လာမယ့်ရာသီ မန်နေဂျာလမ်းပတ်လက်ထက် နေရာရသင့်တဲ့ လူငယ်တွေထဲက တစ်ဦးဖြစ်ပြီး သူ့ဟာ ချယ်ဆီးရဲ့ ကွင်းလယ်သုံးယောက်တန်းမှာ တစ်နေရာအတွက်ဖြစ်စေ ဗဟိုခံစစ်နေရာအတွက်ဖြစ်စေ စိန်ခေါ်မှု လုပ်နိုင်သူလို့ ပရိသတ်တွေဘက်က တုန့်ပြန်ထားကြပါတယ်။

ZAWGYI

စပါးနဲ႔ လုိက္ဇစ္တို႔ရဲ႕ ခ်န္ပီယံလိဂ္ပြဲမွာ ခ်ယ္ဆီး လူငယ္ေလး အမ္ပါဒူး ပြဲထြက္လူစာရင္းကေန ပါဝင္ခဲ့ျပီး စပါးကို အေဝးကြင္းမွာ ၁-၀ နဲ႔ အႏုိင္ရဖို႔ ခံစစ္ကေန ကူညီေပးခဲ့ပါတယ္။

အျခားေသာ စီနီယာေတြ ဒဏ္ရာရေနလို႔ ပါဝင္ခြင့္ရခ်ိန္မွာ အမ္ပါဒူးရဲ႕ ေျခစြမ္းက အထင္ၾကီးဖို႔ ေကာင္းခဲ့သလို သူဟာ ပြဲခ်ိန္ျပည့္ ပါဝင္ကစားခြင့္ ရခဲ့ျခင္းလည္းျဖစ္တယ္။ ဒီပြဲမွာေတာ့ စပါးတိုက္စစ္သမားေတြကို ဧရိယာထဲမွာ အီသန္ ကိုင္တြယ္ျပမႈေတြက အေတာ္ေလး ထူးခၽြန္းခဲ့တာျဖစ္တယ္။

ပံုမွန္အားျဖင့္ လိုက္ဇစ္ ဗဟိုခံစစ္ကို Dayot Upamecano က တာဝန္ယူတာျဖစ္ေပမယ့္ လန္ဒန္ကပြဲမွာေတာ့ ခ်ယ္ဆီး အငွားကစားသမားက အဓိက အထိုင္လူအျဖစ္ ကစားခဲ့တာပါ။ သူဟာ ပြဲစဥ္ရဲ႕ ေဘာလံုးထိေတြ႔မႈ အမ်ားဆံုး၊ ေဘာလံုးေပးမႈ အတိက်ဆံုး ကစားသမားလည္း ျဖစ္ခဲ့ပါတယ္။

အီသန္ဟာ ဒီရာသီမွာ လိုက္ဇစ္အတြက္ ပြဲေတြ အမ်ားၾကီး ကစားခြင့္ ရေနသူေတာ့ မဟုတ္ပါဘူး။ သူဟာ ကြင္းလယ္မွာ ဒါမွမဟုတ္ ဗဟိုခံစစ္မွာ အသုံးျပဳလို႔ ရႏုိင္သူျဖစ္ပါတယ္။ သူဟာ နည္းျပ ဆာရီအတြက္ ဗဟိုခံစစ္မွာ ကစားခဲ့ျပီး ညာအစြန္ေနရာ အသံုးျပဳမႈေတြလည္း ရွိေပမယ့္ သူပထမဆုံး ပြဲထြက္ကစားခြင့္ ရခဲ့တဲ့ မိုလ္ဗီဒီ အသင္းနဲ႔ ပြဲစဥ္မွာ ဗဟိုခံစစ္ကေန ျပန္ကစားခဲ့ပါတယ္။

လာမယ့္ရာသီ မန္ေနဂ်ာလမ္းပတ္လက္ထက္ ေနရာရသင့္တဲ့ လူငယ္ေတြထဲက တစ္ဦးျဖစ္ျပီး သူ႔ဟာ ခ်ယ္ဆီးရဲ႕ ကြင္းလယ္သံုးေယာက္တန္းမွာ တစ္ေနရာအတြက္ျဖစ္ေစ ဗဟိုခံစစ္ေနရာအတြက္ျဖစ္ေစ စိန္ေခၚမႈ လုပ္ႏုိင္သူလို႔ ပရိသတ္ေတြဘက္က တုန္႔ျပန္ထားၾကပါတယ္။