ပွဲကြပ်မှာ ပြသလာတဲ့ ချယ်ဆီးရဲ့ အားနည်းချက်နဲ့ လာမယ့် ပွဲတွေမှာ နေရာမရနိုင်တော့တဲ့ အသင်းသား

ချယ်ဆီးဟာ ပွဲကြပ်ကာလကို ရင်ဆိုင်နေရတာဖြစ်ပြီး ရာသီဝက်အနားကာလပြီးနောက် ပထမဆုံး စတင်တဲ့ ယူနိုက်တက်နဲ့ ပွဲကို အရေးနိမ့်ခဲ့ပါတယ်။

စကိုင်းစပေါ့မှ ပေါမာဆန်က ချယ်ဆီးဟာ ခံစစ်အထိုင် ကစားတဲ့ အသင်းတွေကို ထိုးဖောက်ရာမှာ လုံလောက်အောင် ကောင်းမွန်ခြင်း မရှိသလို အခွင့်အရေးတွေ ရယူနိုင်ခြင်း မရှိဘူးလို့လည်း ထောက်ပြခဲ့တယ်။ ယူနိုက်တက်နဲ့ပွဲမှာ ချယ်ဆီး အားနည်းတာက တိုက်စစ်ပိုင်း အခွင့်အရေး မယူနိုင်မှုလို့ သူက ဆိုပါတယ်။

ပေါမာဆန်က ” ယူနိုက်တက်နဲ့ပွဲကို ချယ်ဆီးက အနိုင်သုံးမှတ် ရယူနိုင်မယ့်ဆိုရင် ဒီအပတ် စပါးနဲ့ပွဲမှာလည်း နိုင်ဖို့ အခွင့်အရေး များသွားနိုင်ပါတယ်။ စပါးက ဆွန်ကလည်း ဒဏ်ရာရသွားခဲ့ပြီဖြစ်တယ်။ ဒါပေမယ့် ယူနိုက်တက်နဲ့ပွဲကို ချယ်ဆီးက အရေးနိမ့်ခဲ့တယ်။

ချယ်ဆီးအသင်းဟာ ခံစစ်ကို အထိုင်ကစားတဲ့ ပြိုင်ဘက်တွေရဲ့ ခံစစ်တန်းကို ထိုးဖောက်ဖို့ လုံလောက်အောင် မစွမ်းဆောင်နိုင်သလို အခွင့်အရေးတွေကိုလည်း လုံလောက်အောင် အသုံးချနိုင်တာမျိုး မရှိပါဘူး။ ချယ်ဆီး ကစားသမားတွေက ခြေထောက်ထဲ ဘောလုံးရှိနေရင် ပြေးလွှားမှုတွေ လုပ်ကြတယ်။ ဒါပေမယ့် ပြိုင်ဘက်ရဲက ဧရိယာထိပ် ရောက်ရင်တော့ သူတို့ အေးဆေးဖြစ်သွားကြတယ်။ ဒါက ပြဿနာပါပဲ။

ယူနိုက်တက်နဲ့ပွဲမှာ အေဘရာဟမ် ပါလာလည်း သိပ်ထူးမှာ မဟုတ်ပါဘူး။ သူ ဒဏ်ရာရနေချိန်မှာ ချယ်ဆီးကလည်း လိုအပ်ချက်တွေကို မြင်သာလာခဲ့တယ်။ အေဘရာဟမ် ပါလာရင် ပိုကောင်းကောင်းတော့ ကစားနိုင်သင့်တာပေါ့။ ဒါပေမယ့် သူကလည်း ပြီးခဲ့တဲ့ ပွဲတွေမှာ ရုန်းကန်နေရပါတယ်။

ယူနိုက်တက်က ခံစစ်အထိုင်ကစားတာဖြစ်လို့ ချယ်ဆီးက ပြေးလွှားမှုတွေ မလုပ်ခဲ့ရဘူး။ နောက်ပိုင်း ပွဲတွေမှာတော့ ပက်ဒရိုကို မြင်ရဖို့လည်း မရှိတော့ပါဘူး။ ချယ်ဆီးရဲ့ လူစာရင်းကိုတော့ အံသြမိပါတယ်။ ပထမပိုင်းတုန်းက အခွင့်အရေးတွေကို အသုံးချနိုင်ရင် ချယ်ဆီးက အနိုင်ရနိုင်ပေမယ့် မလုပ်နိုင်ခဲ့ပါဘူး ” လို့ ဆိုခဲ့တာဖြစ်ပါတယ်။

ZAWGYI

ခ်ယ္ဆီးဟာ ပြဲၾကပ္ကာလကို ရင္ဆိုင္ေနရတာျဖစ္ျပီး ရာသီဝက္အနားကာလျပီးေနာက္ ပထမဆံုး စတင္တဲ့ ယူႏုိက္တက္နဲ႔ ပြဲကို အေရးနိမ့္ခဲ့ပါတယ္။

စကိုင္းစေပါ့မွ ေပါမာဆန္က ခ်ယ္ဆီးဟာ ခံစစ္အထိုင္ ကစားတဲ့ အသင္းေတြကို ထိုးေဖာက္ရာမွာ လံုေလာက္ေအာင္ ေကာင္းမြန္ျခင္း မရွိသလို အခြင့္အေရးေတြ ရယူႏုိင္ျခင္း မရွိဘူးလို႔လည္း ေထာက္ျပခဲ့တယ္။ ယူႏုိက္တက္နဲ႔ပြဲမွာ ခ်ယ္ဆီး အားနည္းတာက တိုက္စစ္ပိုင္း အခြင့္အေရး မယူႏုိင္မႈလို႔ သူက ဆိုပါတယ္။

ေပါမာဆန္က ” ယူႏုိက္တက္နဲ႔ပြဲကို ခ်ယ္ဆီးက အႏုိင္သံုးမွတ္ ရယူႏုိင္မယ့္ဆိုရင္ ဒီအပတ္ စပါးနဲ႔ပြဲမွာလည္း ႏုိင္ဖို႔ အခြင့္အေရး မ်ားသြားႏုိင္ပါတယ္။ စပါးက ဆြန္ကလည္း ဒဏ္ရာရသြားခဲ့ျပီျဖစ္တယ္။ ဒါေပမယ့္ ယူႏုိက္တက္နဲ႔ပြဲကို ခ်ယ္ဆီးက အေရးနိမ့္ခဲ့တယ္။

ခ်ယ္ဆီးအသင္းဟာ ခံစစ္ကို အထုိင္ကစားတဲ့ ျပိဳင္ဘက္ေတြရဲ႕ ခံစစ္တန္းကို ထိုးေဖာက္ဖို႔ လံုေလာက္ေအာင္ မစြမ္းေဆာင္ႏုိင္သလို အခြင့္အေရးေတြကိုလည္း လံုေလာက္ေအာင္ အသံုးခ်ႏုိင္တာမ်ိဳး မရွိပါဘူး။ ခ်ယ္ဆီး ကစားသမားေတြက ေျခေထာက္ထဲ ေဘာလံုးရွိေနရင္ ေျပးလႊားမႈေတြ လုပ္ၾကတယ္။ ဒါေပမယ့္ ျပိဳင္ဘက္ရဲက ဧရိယာထိပ္ ေရာက္ရင္ေတာ့ သူတို႔ ေအးေဆးျဖစ္သြားၾကတယ္။ ဒါက ျပႆနာပါပဲ။

ယူႏုိက္တက္နဲ႔ပြဲမွာ ေအဘရာဟမ္ ပါလာလည္း သိပ္ထူးမွာ မဟုတ္ပါဘူး။ သူ ဒဏ္ရာရေနခ်ိန္မွာ ခ်ယ္ဆီးကလည္း လိုအပ္ခ်က္ေတြကို ျမင္သာလာခဲ့တယ္။ ေအဘရာဟမ္ ပါလာရင္ ပိုေကာင္းေကာင္းေတာ့ ကစားႏုိင္သင့္တာေပါ့။ ဒါေပမယ့္ သူကလည္း ျပီးခဲ့တဲ့ ပြဲေတြမွာ ရုန္းကန္ေနရပါတယ္။

ယူႏုိက္တက္က ခံစစ္အထိုင္ကစားတာျဖစ္လို႔ ခ်ယ္ဆီးက ေျပးလႊားမႈေတြ မလုပ္ခဲ့ရဘူး။ ေနာက္ပိုင္း ပြဲေတြမွာေတာ့ ပက္ဒရိုကို ျမင္ရဖို႔လည္း မရွိေတာ့ပါဘူး။ ခ်ယ္ဆီးရဲ႕ လူစာရင္းကိုေတာ့ အံၾသမိပါတယ္။ ပထမပိုင္းတုန္းက အခြင့္အေရးေတြကို အသံုးခ်ႏုိင္ရင္ ခ်ယ္ဆီးက အႏုိင္ရႏုိင္ေပမယ့္ မလုပ္နုိင္ခဲ့ပါဘူး ” လို႔ ဆိုခဲ့တာျဖစ္ပါတယ္။