ကော်စတာကို လွမ်းခြင်း၊ ဒဏ်ရာရ ကစားသမားများ အခြေအနေနဲ့ ချယ်ဆီး ညနေခင်းသတင်းများ
ချယ်ဆီး ကွင်းလယ်ကစားသမား ကိုဗာဆစ်က ယူနိုက်တက်ကို ရှုံးခဲ့တဲ့ ပွဲ ရလဒ်အပေါ် အမျက်ထွက်နေပြီး ချယ်ဆီးအသင်း အနေနဲ့ အမြန် တိုးတက်မှုတွေ ရအောင် ကြိုးစားပြီး နိုးထဖို့ လိုကြောင်း သတိပေးလိုက်ပါတယ်။
ညက ချန်ပီယံလိဂ်ပွဲမှာ လီဗာပူးဘက် ထိုးဖောက် တိုက်စစ်ဆင်မှုတွေ ပြုလုပ်ခဲ့တဲ့ အက်သလက်တီကို တိုက်စစ်မှူး ဒီယေဂို ကော်စတာကို ချယ်ဆီး ပရိသတ်တွေက လွမ်းဆွတ်ကြောင်း တွစ်တာကနေ အသိပေးနေကြပါတယ်။
ယူနိုက်တက်ကို အရေးနိမ့်ခဲ့ပေမယ့် ချယ်ဆီးအသင်းဟာ ချန်ပီယံလိဂ် ဝင်ခွင့် တစ်နေရာ အတွက်တော့ သေချာပေါက် အခွင့်အရေး ရမယ်လို့ ဂျွန်တယ်ရီက ထောက်ခံ ပြောကြားလိုက်ပါတယ်။
ချယ်ဆီးအသင်းဟာ ထိပ်တန်း ကင်းထောက် တစ်ဦး ဖြစ်တဲ့ ဖလိုရီယန် ဇန်းကို ဥရောပထိပ်သီး ဘိုင်ယန်မြူးနစ်အသင်းထံ လက်လွှတ် ခဲ့ရကြောင်း သတင်းထွက်ပေါ်လာပါတယ်။ ဇန်းက ချယ်ဆီးမှာ ကစားသမား ညှိနှိုင်းရေး အရာရှိ အဖြစ် လေးနှစ်ခွဲမျှ အလုပ် လုပ်သွားခဲ့သူပါ။
ပြင်သစ်သား တိုက်စစ်မှူး ဂျီရူးက ၎င်းဟာ ချယ်ဆီးအသင်းကနေ ထွက်ခွာဖို့ ဒီဇင်ဘာ လလယ်လောက်တည်းက ပြင်ဆင်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။
ဒေါ့မွန်ရဲ့ ပီအက်စ်ဂျီကို အနိုင်ယူခဲ့တဲ့ ချန်ပီယံလိဂ်ပွဲမှ ဆန်ချိုရဲ့ ခြေစွမ်းကို ချယ်ဆီး ပရိသတ်များ အပြတ်ကြွေနေပြီး အင်္ဂလန်သားကို အရ ခေါ်ယူပေးဖို့ တောင်းဆိုမှုတွေ ပြုလုပ်နေပါတယ်။ ဆန်ချိုက ဟာဇက် ခြေစွမ်း အဆင့်ထိ ရောက်လာမယ့်သူလို့ ၎င်းတို့က မျှော်လင့်နေပါတယ်။
ယူနိုက်တက်နဲ့ ပွဲအပြီးမှာ လမ်းပတ်က အသင်း ဒဏ်ရာရ ကစားသမား အခြေအနေကို ခပ်တိုတို အသိပေးခဲ့ရာ အိုဒွိုင်း၊ ပူလီဆစ်၊ ကန်တေတို့ နောက်ပွဲတွေ ပါဝင်နိုင်ဦးမှာ မဟုတ်ဘူးလို့ ပြောကြားခဲ့ပါတယ်။
Zawgyi – ချယ်ဆီး ကွင်းလယ်ကစားသမား ကိုဗာဆစ်က ယူနိုက်တက်ကို ရှုံးခဲ့တဲ့ ပွဲ ရလဒ်အပေါ် အမျက်ထွက်နေပြီး ချယ်ဆီးအသင်း အနေနဲ့ အမြန် တိုးတက်မှုတွေ ရအောင် ကြိုးစားပြီး နိုးထဖို့ လိုကြောင်း သတိပေးလိုက်ပါတယ်။
ပြင်သစ်သား တိုက်စစ်မှူး ဂျီရူးက ၄င်းဟာ ချယ်ဆီးအသင်းကနေ ထွက်ခွာဖို့ ဒီဇင်ဘာ လလယ်လောက်တည်းက ပြင်ဆင်ခဲ့ကြောင်း ဖွင့်ဟ ပြောကြားလိုက်ပါတယ်။