ချယ်ဆီးက ဆန်ချိုအတွက် ပေါင် သန်း ၁၀၀ ပေးရရင်တောင်မှ အရခေါ်ယူသင့်နေပါပြီ

မနက်က အမ်ဘတ်ပီ၊ နေမာတို့ ပါဝင်တဲ့ ပီအက်ဂျီအသင်းကို အိမ်ကွင်းမှာ ၂-၁ နဲ့ အနိုင်ရအောင် ကြိုးစားနိုင်ခဲ့တဲ့ ဒေါ့မွန်အသင်းအတွက် ခြေစွမ်းပြခဲ့သူတစ်ဦးက ဆန်ချိုပဲဖြစ်တယ်။

အင်္ဂလန်လက်ရွေးစင်ဟာ သွင်းဂိုး ရယူနိုင်ခြင်း မရှိပေမယ့်လည်း သူ့ရဲ့ ကွင်းအတွင်း တောက်ပမှုက ထိပ်တန်း ကစားသမားတွေကိုတောင် ရင်ဆိုင်ရ ခက်ခဲစေခဲ့တယ်။ ပီအက်ဂျီကစားသမားတွေဟာ ဆန်ချိုကို ထိန်းနိုင်ဖို့ ခက်ခက်ခဲခဲ တုန့်ပြန်ခဲ့ကြရတာဖြစ်ပါတယ်။

ညကပွဲမှာ အင်္ဂလန်ရုပ်သံ BT Sport အတွက် တင်ဆက်နေတဲ့ ဟားဂရိတ်က ” ဆန်ချိုရဲ့ စွမ်းဆောင်ရည်က နေမာရဲ့ အကောင်းဆုံး အချိန်တွေကို ပြန်တွေ့ရသလိုပါပဲ။ သူက ရင်ဆိုင်ကစားရ ခက်ခဲလွန်းပါတယ်။ တစ်ယောက်ယောက်က သူ့ကို လက်မှတ်ထိုးပြီး ခေါ်ယူသင့်နေပါပြီ။ သူက တကယ်ကို စပယ်ရှယ် ကစားသမားပါပဲ ” လို့ ထုတ်ဖော် ချီးကျူးခဲ့တယ်။

စပါးကွင်းလယ်လူဟောင်း ဂျီးနပ်ကလည်း ” ဒီနှစ်တွေမှာ ဆန်ချိုက သူ့ရဲ့ အရွယ်ရောက်မငတွေကို ပြသလာခဲ့တယ်။ ဒေါ့မွန်အသင်းကို သူဦးဆောင်ခဲ့ပြိး ဒီညမှာလည်း သူက တစ်ခုခု ထူးခြားတာ လုပ်တော့မယ်လို့ ကျနေ်ာတို့ ခံစားခဲ့ရတာပါပဲ။ သူက ကွင်းထဲမှာ အကောင်းဆုံး ကစားသမားလိုတောင် ထင်ခဲ့ရတယ် ” လို့ ဆိုခဲ့ပါတယ်။

ဆန်ချိုဟာ အမ်ဘတ်ပီနဲ့ ရင်ဆိုင်ခဲ့ရမှာ ဘောလုံးကို ရအောင် ယူနိုင်ခဲ့သလို ဗာရက်တီကို ပေါင်ကြားထဲ ဘောလုံးထည့်ပြသွားတဲ့ အကွက်က ချန်ပီယံလိဂ်ပွဲမှာ လူပြောများစရာ ဖြစ်ခဲ့တယ်။ မနက်ကပွဲအပြီးမှာ ချယ်ဆီးပရိသတ်တွေက ဆန်ချိုဟာ ဟာဇက်နေရာကို ဖြည့်နိုင်တဲ့ ခြေစွမ်းကို ဆက်တိုက် ပြသနေပြီး သူ့အတွက် သန်း ၁၀၀ သုံးရမယ်ဆိုရင်တောင် နွေမှာ အရခေါ်ယူသင့်နေပါပြီလို့ ပြောဆိုနေကြတာဖြစ်ပါတယ်။

ZAWGYI

မနက္က အမ္ဘတ္ပီ၊ ေနမာတို႔ ပါဝင္တဲ့ ပီအက္ဂ်ီအသင္းကို အိမ္ကြင္းမွာ ၂-၁ နဲ႔ အႏုိင္ရေအာင္ ၾကိဳးစားႏုိင္ခဲ့တဲ့ ေဒါ့မြန္အသင္းအတြက္ ေျခစြမ္းျပခဲ့သူတစ္ဦးက ဆန္ခ်ိဳပဲျဖစ္တယ္။

အဂၤလန္လက္ေရြးစင္ဟာ သြင္းဂိုး ရယူႏုိင္ျခင္း မရွိေပမယ့္လည္း သူ႔ရဲ႕ ကြင္းအတြင္း ေတာက္ပမႈက ထိပ္တန္း ကစားသမားေတြကိုေတာင္ ရင္ဆိုင္ရ ခက္ခဲေစခဲ့တယ္။ ပီအက္ဂ်ီကစားသမားေတြဟာ ဆန္ခ်ိဳကို ထိန္းႏုိင္ဖို႔ ခက္ခက္ခဲခဲ တုန္႔ျပန္ခဲ့ၾကရတာျဖစ္ပါတယ္။

ညကပြဲမွာ အဂၤလန္ရုပ္သံ BT Sport အတြက္ တင္ဆက္ေနတဲ့ ဟားဂရိတ္က ” ဆန္ခ်ိဳရဲ႕ စြမ္းေဆာင္ရည္က ေနမာရဲ႕ အေကာင္းဆံုး အခ်ိန္ေတြကို ျပန္ေတြ႔ရသလိုပါပဲ။ သူက ရင္ဆုိင္ကစားရ ခက္ခဲလြန္းပါတယ္။ တစ္ေယာက္ေယာက္က သူ႔ကို လက္မွတ္ထိုးျပီး ေခၚယူသင့္ေနပါျပီ။ သူက တကယ္ကို စပယ္ရွယ္ ကစားသမားပါပဲ ” လို႔ ထုတ္ေဖာ္ ခ်ီးက်ဴးခဲ့တယ္။

စပါးကြင္းလယ္လူေဟာင္း ဂ်ီးနပ္ကလည္း ” ဒီႏွစ္ေတြမွာ ဆန္ခ်ိဳက သူ႔ရဲ႕ အရြယ္ေရာက္မငေတြကို ျပသလာခဲ့တယ္။ ေဒါ့မြန္အသင္းကို သူဦးေဆာင္ခဲ့ျပိး ဒီညမွာလည္း သူက တစ္ခုခု ထူးျခားတာ လုပ္ေတာ့မယ္လို႔ က်ေန္ာတို႔ ခံစားခဲ့ရတာပါပဲ။ သူက ကြင္းထဲမွာ အေကာင္းဆံုး ကစားသမားလိုေတာင္ ထင္ခဲ့ရတယ္ ” လို႔ ဆိုခဲ့ပါတယ္။

ဆန္ခ်ိဳဟာ အမ္ဘတ္ပီနဲ႔ ရင္ဆိုင္ခဲ့ရမွာ ေဘာလံုးကို ရေအာင္ ယူႏုိင္ခ့ဲသလို ဗာရက္တီကို ေပါင္ၾကားထဲ ေဘာလံုးထည့္ျပသြားတဲ့ အကြက္က ခ်န္ပီယံလိဂ္ပြဲမွာ လူေျပာမ်ားစရာ ျဖစ္ခဲ့တယ္။ မနက္ကပြဲအျပီးမွာ ခ်ယ္ဆီးပရိသတ္ေတြက ဆန္ခ်ိဳဟာ ဟာဇက္ေနရာကို ျဖည့္ႏုိင္တဲ့ ေျခစြမ္းကို ဆက္တုိက္ ျပသေနျပီး သူ႔အတြက္ သန္း ၁၀၀ သံုးရမယ္ဆိုရင္ေတာင္ ေႏြမွာ အရေခၚယူသင့္ေနပါျပီလို႔ ေျပာဆိုေနၾကတာျဖစ္ပါတယ္။