နည်းပြပိုချက်တီနိုက ဂျူဗင်တပ် တိုက်စစ်သမား ဗလာဟိုဗစ်ကို အလိုရှိနေပြီး ကလပ်တာဝန်ရှိသူတွေက ကမ်းလှမ်းမှု ဝင်ရောက်လာခြင်း မရှိသေးဘူးလို့ Caught Offside က ဖော်ပြလာပါတယ်။
လူကာကူကို ဂျူဗင်တပ်ထံ ပြောင်းခွင့်ပေးခြင်းရဲ့ အစိတ်အပိုင်းအဖြစ် ဗလာဟိုဗစ်ကို ခေါ်ယူဖို့ ချယ်ဆီး ဘုတ်အဖွဲ့က စိတ်ဝင်စားပါတယ်။ ဒါပေမယ့် ဗလာဟိုဗစ်ရဲ့ ပြောင်းရွှေ့ကြေးက စျေးကြီးနေတာမို့ စီးရီးအေကလပ် စျေးနည်းနည်း ချပေးတာမျိုး ဖြစ်လာဖို့ ချယ်ဆီးဘက်က ညိနှိုင်းလိုနေဆဲဖြစ်ပါတယ်။
ချယ်ဆီးဟာ ကလပ်ရဲ့ အဓိက တိုက်စစ်သမား ဟာဗက်ကို အာဆင်နယ်ထံ ပေါင် ၆၅ သန်းဖြင့် ရောင်းချထားသလို အူဘာမီယန်ကိုလည်း ထွက်ခွင့်ပေးထားခဲ့ပါပြီ။
ရာသီကြိုမှာ တိုက်စစ်မှူးသစ် နီကိုးလက်စ် ဂျက်ဆန် ပုံစံကောင်းတွေ ပြသနေခြင်းကြောင့် တိုက်စစ်နေရာအတွက် အလျင်မလိုပေမယ့် နည်းပြပိုချက်တီနို သဘောကျတဲ့ ဗလာဟိုဗစ်ကို ခေါ်ယူပေးဖို့ ချယ်ဆီး တာဝန်ရှိသူတွေ စဉ်းစားထားပါတယ်။
ဂျူဗင်တပ်ဟာ လူကာကူကို ယူရို ၃၅ သန်းဖြင့် ခေါ်ယူခဲ့ပြီး ဗလာဟိုဗစ်အတွက်တော့ ယူရို သန်း ၈၀ ထိ စျေးတောင်းဆိုလိုတာပါ။ အဆိုပါ ပမာဏဟာ ချယ်ဆီးဘက်က ပေးလိုတဲ့ ပြောင်းရွှေ့ကြေးထက် အများကြီး မြင့်နေပါတယ်။
ခံစစ်မှူး ချာဘိုဘတ်ကို အင်တာမီလန်ထံ ရောင်းချဖို့ စကားပြောနေတဲ့ ချယ်ဆီးဟာ ခံစစ်ပိုင်းအတွက်တော့ မိုနာကိုမှ ဒီဆာစီကို ခေါ်ယူထားပြီ ဖြစ်ပါတယ်။ ချယ်ဆီးရဲ့ ဒီနွေ အဓိက ပစ်မှတ်ကတော့ ဘရိုက်တန်မှ ကိုင်ဆီဒိုကို ခေါ်ယူဖို့ဖြစ်ကာ အခုချိန်ထိ ညိနှိုင်းစကားပြောမှု အဆင်မပြေသေးတာ ဖြစ်ပါတယ်။