နာမည်ကျော် ပရီးမီးယားလိဂ် သုံးသပ်သူကြီး မိုင်ကယ်အိုဝင်က ၂၀၂၃-၂၀၂၄ ဘောလုံးရာသီအတွက် ရာသီကြို ခန့်မှန်းချက် အနှစ်ချုပ်တစ်ခုကို လုပ်လာခဲ့ပြီ ဖြစ်ပါတယ်။
မိုက်ကယ်အိုဝင်ကတော့ မန်စီးတီးကပဲ ပရီးမီးယားလိဂ်ဖလားကို ၄ ရာသီဆက် အောင်မြင်သွားမယ်လို့ ပြတ်ပြတ်သားသား ခန့်မှန်းခဲ့ပါတယ်။ မန်စီးတီးကို အဓိက စိန်ခေါ်မယ့် ပြိုင်ဘက်အဖြစ် အာဆင်နယ်အသင်း ဆက်ရှိနေမယ်လို့ သူက တွက်ဆပါတယ်။
ပက်ဂွာဒီယိုလာရဲ့ အသင်းဟာ မနှစ်ကရာသီ ဖလား ၃ လုံးအောင်မြင်ခဲ့ပြီး ဒီနွေမှာ အသုံးစရိတ်ကြီးတွေ ထုတ်သုံးလာတာမျိုး မမြင်ရသေးပါဘူး။ ဂွမ်ဒိုဂန်၊ မာရက်ဇ်တို့ကို လက်လွတ်ထားရတဲ့ မန်ချက်စတာ ကလပ်ဟာ ဝေါ်ကာ၊ ဘာနာဒိုတို့လို အဓိက ကစားသမားတွေကို မဆုံးရှုံးရဖို့ အတော်လေး ကြိုးစားနေရတာပါ။
အာဆင်နယ်ကတော့ ဒီနွေမှာ အသုံးစရိတ် ပေါင် သန်း ၂၀၀ ထိ အသုံးပြုပြီး ဟာဗက်၊ တင်ဘာနဲ့ ဒီကလန်ရိုက်စ်တို့ကို ခေါ်ယူထားခဲ့ပြီ ဖြစ်ပါတယ်။ သူတို့ နှစ်သင်းနဲ့အတူ ထိပ်ဆုံး ၄ သင်းထဲ ပါလာမယ့် နှစ်သင်းအဖြစ် လီဗာပူးနဲ့ ယူနိုက်တက်တို့ကို ရွေးချယ်ခဲ့ပါတယ်။
အိုဝင်ကတော့ ချယ်ဆီးက အဆင့် ၅ နေရာမှာပဲ ရပ်တည်မယ်လို့ ခန့်မှန်းခဲ့ပြီး နယူးကာဆယ်ကို ကျော်ကာ အက်စတွန်ဗီလာကို အဆင့် ၆ နေရာမှာ ထားခဲ့ပါတယ်။
ရာသီကုန်ရင် တန်းဆင်းသွားမယ့် ၃ သင်းအဖြစ် ဝုဗ်၊ ရှက်ဖီးနဲ့ လူတန်တောင်း အသင်းတွေကို ရွေးချယ်သွားခဲ့ပါတယ်။