ရှုံးပွဲကို တုန့်ပြန်ဖို့ ချယ်ဆီး ကစားသမားတွေနဲ့ ပရိသတ်တွေကို ဂျွန် တယ်ရီ တိုက်တွန်း

ချယ်ဆီးအသင်းဟာ တနင်္လာနေ့ညက ပွဲစဉ်မှာ ယူနိုက်တက်ကို အရေးနိမ့်ခဲ့တာကြောင့် အဆင့် ၄ တစ်နေရာ အတွက် အကြပ်အတည်းများ စတင် ကြုံလာရပြီ ဖြစ်ပါတယ်။ ချယ်ဆီးက အဆင့် ၅ နေရမှ စပါးနဲ့ တစ်မှတ်၊ ၆ နေရာမှ ရှက်ဖီးယူနိုက်တက်နဲ့ နှစ်မှတ် အကွာမှာ ရှိနေပါတယ်။

ယူနိုက်တက်နဲ့ ပွဲ အပြီး လာမယ့် အပတ်မှာတော့ ချယ်ဆီးက လန်ဒန် မြို့ခံ ပြိုင်ဘက် စပါးနဲ့ ရင်ဆိုင်ရမှာ ဖြစ်ပြီး အမှားခံလို့ မရတဲ့ အနေအထားမှာ ရှိနေပါတယ်။ ချယ်ဆီးအသင်းခေါင်းဆောင်ဟောင်း ဂျွန်တယ်ရီကတော့ ချယ်ဆီးက အဆင့် ၄ တစ်နေရာကို အခိုင်အမာ သိမ်းထားနိုင်ဦးမယ်လို့ ထောက်ခံလိုက်ပြီး အသင်းသားတွေနဲ့ ပရိသတ်တွေ အပေါ်လည်း တိုက်တွန်းမှု တစ်ခု ပြုလုပ်ခဲ့ပါတယ်။

” ဒါတွေက လာမယ့်အပတ် အိမ်ကွင်းမှာ စပါးနဲ့ ပွဲကနေ ပြန်စတင်ရမှာပါ။ ဒီပွဲက ချယ်ဆီး ကစားသမား တစ်ယောက် အသင်း ပရိသတ် တစ်ယောက် အတွက် ဆိုရင် ရှုံးပွဲကနေ ပြန် ရုန်းထဖို့ အကောင်းဆုံး ပွဲပဲ ဖြစ်တယ်။ သူတို့က လန်ဒန် ဒါဘီမှာတော့ ကျနေ်ာတို့ အတွက် အကြီးဆုံး ပြိုင်ဘက်လို့လည်း ဆိုနိုင်တယ်။

စတန်းဖို့ဘရစ်ချ်ကတော့ လုံး၀ အသက်ဝင်နေလိမ့်မယ်။ ကစားသမားတွေ အနေနဲ့ ဒီ အခွင့်အရေးကြီးကို ကောင်းစွာ အသုံးချပြီး ဒီ ရှပ်အကျီၤကို ဝတ်ဆင် အသင်းအတွက် ဘယ်လောက် ပေးဆပ်ချင်တယ်ဆိုတာ သက်သေပြဖို့ လိုတယ်။

ယူနိုက်တက်နဲ့ ပွဲကထက် အဲဒီပွဲ လူစာရင်းမှာ အပြောင်းအလဲ တချို့လည်း မြင်ရလောက်တယ်။ ကစားသမား တချို့အတွက်တော့ ဒါက အခွင့်ကောင်းပဲပေါ့။ စပါးနဲ့ ပွဲက ခက်ခဲမှာပါ။ ချယ်ဆီးက နည်းနည်း ယိမ်းယိုင်လာချိန်မှာ စပါးရော ယူနိုက်တက်ရောက ဒီတလောမှာ ရလဒ်ကောင်းတွေ ရထားတယ်။

ဒါပေမယ့် ကျနော်ကတော့ ဒီပွဲဟာ ချယ်ဆီး အဆင့် ၄ နေရာကို ဆက်ထိန်းထားဖို့အတွက် လုံး၀ အရေးပါတဲ့ ပွဲတစ်ပွဲ ဖြစ်တယ်လို့ ထင်တယ်။ ” လို တယ်ရီက ပြောကြားခဲ့ပါတယ်။

မန်စီးတီးအသင်း ဥရောပပွဲ ပိတ်ပင်ခံထားရတာကြောင့် အဆင့် ၅ နေရာထိလည်း ချန်ပီယံလိဂ် ဝင်ခွင့် ရရှိဖွယ်တော့ ရှိနေပါတယ်။ ဒါပေမယ့် မန်စီးတီးက အယူခံ ဝင်ဦးမှာ ဖြစ်လို့ အသေချာဆုံး အဆင့် ၄ နေရာကို ချယ်ဆီးတို့ အပိုင်ဦးထားဖို့ လိုပါတယ်။

Zawgyi – ခ်ယ္ဆီးအသင္းဟာ တနလၤာေန႔ညက ပြဲစဥ္မွာ ယူနုိက္တက္ကို အေရးနိမ့္ခဲ့တာေၾကာင့္ အဆင့္ ၄ တစ္ေနရာ အတြက္ အၾကပ္အတည္းမ်ား စတင္ ၾကံဳလာရျပီ ျဖစ္ပါတယ္။ ခ်ယ္ဆီးက အဆင့္ ၅ ေနရမွ စပါးနဲ႕ တစ္မွတ္၊ ၆ ေနရာမွ ရွက္ဖီးယူနုိက္တက္နဲ႕ နွစ္မွတ္ အကြာမွာ ရွိေနပါတယ္။

ယူနိုက္တက္နဲ႕ ပြဲ အျပီး လာမယ့္ အပတ္မွာေတာ့ ခ်ယ္ဆီးက လန္ဒန္ ျမိဳ႕ခံ ျပိဳင္ဘက္ စပါးနဲ႕ ရင္ဆိုင္ရမွာ ျဖစ္ျပီး အမွားခံလို႕ မရတဲ့ အေနအထားမွာ ရွိေနပါတယ္။ ခ်ယ္ဆီးအသင္းေခါင္းေဆာင္ေဟာင္း ဂၽြန္တယ္ရီကေတာ့ ခ်ယ္ဆီးက အဆင့္ ၄ တစ္ေနရာကို အခိုင္အမာ သိမ္းထားနိုင္ဦးမယ္လို႔ ေထာက္ခံလိုက္ျပီး အသင္းသားေတြနဲ႕ ပရိသတ္ေတြ အေပၚလည္း တိုက္တြန္းမႈ တစ္ခု ျပဳလုပ္ခဲ့ပါတယ္။

” ဒါေတြက လာမယ့္အပတ္ အိမ္ကြင္းမွာ စပါးနဲ႕ ပြဲကေန ျပန္စတင္ရမွာပါ။ ဒီပြဲက ခ်ယ္ဆီး ကစားသမား တစ္ေယာက္ အသင္း ပရိသတ္ တစ္ေယာက္ အတြက္ ဆိုရင္ ရွံဳးပြဲကေန ျပန္ ရုန္းထဖို႔ အေကာင္းဆံုး ပြဲပဲ ျဖစ္တယ္။ သူတို႔က လန္ဒန္ ဒါဘီမွာေတာ့ က်ေန္ာတို႔ အတြက္ အၾကီးဆံုး ျပိဳင္ဘက္လို႔လည္း ဆိုနိုင္တယ္။

စတန္းဖို႔ဘရစ္ခ်္ကေတာ့ လံုး၀ အသက္၀င္ေနလိမ့္မယ္။ ကစားသမားေတြ အေနနဲ႕ ဒီ အခြင့္အေရးၾကီးကို ေကာင္းစြာ အသံုးခ်ျပီး ဒီ ရွပ္အက်ီၤကို ၀တ္ဆင္ အသင္းအတြက္ ဘယ္ေလာက္ ေပးဆပ္ခ်င္တယ္ဆိုတာ သက္ေသျပဖို႔ လိုတယ္။

ယူနိုက္တက္နဲ႕ ပြဲကထက္ အဲဒီပြဲ လူစာရင္းမွာ အေျပာင္းအလဲ တခ်ိဳ႕လည္း ျမင္ရေလာက္တယ္။ ကစားသမား တခ်ိဳ႔အတြက္ေတာ့ ဒါက အခြင့္ေကာင္းပဲေပါ့။ စပါးနဲ႕ ပြဲက ခက္ခဲမွာပါ။ ခ်ယ္ဆီးက နည္းနည္း ယိမ္းယိုင္လာခ်ိန္မွာ စပါးေရာ ယူနိုက္တက္ေရာက ဒီတေလာမွာ ရလဒ္ေကာင္းေတြ ရထားတယ္။

ဒါေပမယ့္ က်ေနာ္ကေတာ့ ဒီပြဲဟာ ခ်ယ္ဆီး အဆင့္ ၄ ေနရာကို ဆက္ထိန္းထားဖို႔အတြက္ လံုး၀ အေရးပါတဲ့ ပြဲတစ္ပြဲ ျဖစ္တယ္လို႔ ထင္တယ္။ ” လို တယ္ရီက ေျပာၾကားခဲ့ပါတယ္။

မန္စီးတီးအသင္း ဥေရာပပြဲ ပိတ္ပင္ခံထားရတာေၾကာင့္ အဆင့္ ၅ ေနရာထိလည္း ခ်န္ပီယံလိဂ္ ၀င္ခြင့္ ရရွိဖြယ္ေတာ့ ရွိေနပါတယ္။ ဒါေပမယ့္ မန္စီးတီးက အယူခံ ၀င္ဦးမွာ ျဖစ္လို႔ အေသခ်ာဆံုး အဆင့္ ၄ ေနရာကို ခ်ယ္ဆီးတို႔ အပိုင္ဦးထားဖို႔ လိုပါတယ္။