ဂိုးသမား ဆန်းချက်ဇ် ရပြီးနောက် ကိုင်စီဒို အတွက် ကြေးတိုးပြီး စတုတ္ထအကြိမ် ကမ်းလှမ်းဖို့ ချယ်ဆီး ပြင်ဆင်နေ

ချယ်ဆီး အသင်းဟာ ဘရိုက်တန် ကွင်းလယ် ကစားသမား မွိုက်စ်ကိုင်စီဒိုအား ခေါ်ယူရေးအတွက် စတုတ္ထမြောက် ကမ်းလှမ်းမှု ပြုလုပ်ရန် ဆက်လက် စီစဉ်နေပါတယ်။

ချယ်ဆီး နည်းပြ မူရီစီယို ပိုချက်တီနိုဟာ ယခုနွေရာသီတွင် ကိုင်စီဒိုအား စတမ်းဖို့ဒ်ဘရစ်ချ်သို့ ခေါ်ဆောင်ရေးအတွက် စိတ်အားထက်သန်နေမှုနှင့်အတူ ဇွဲမလျှော့ဘဲ ထပ်မံ ကြိုးပမ်းလာမှာလည်း ဖြစ်ပါတယ်။

ဘရိုက်တန်က ကိုလံဘီယာစတား အတွက် ပြောင်းရွှေ့ကြေး ပေါင်သန်း ၁၀၀ အထိ တောင်းဆိုထားပြီး လာမယ့် ရာသီမှာလည်း ဘရိုက်တန်မှာပဲ ဆက်ရှိနေမယ်လို့ မျှော်လင့်ရသူ ဖြစ်ပါတယ်။

ဒါပေမဲ့ ချယ်ဆီး အသင်းဟာ ဘရိုက်တန်မှ ဂိုးသမား ရောဘတ်ဆန်းချက်ဇ်အား ပေါင် ၂၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိပြီးနောက် ကလပ်နှစ်ခုအကြား ဆက်ဆံ‌ရေး ကောင်းမွန်လာမှုအပေါ် အခွင့်ကောင်းယူကာ ကိုင်စီဒိုကိုပါ ခေါ်ယူရေး ထပ်မံ ကြိုးပမ်းလာဦးမှာ ဖြစ်ပါတယ်။

ချယ်ဆီးရဲ့ ကိုင်စီဒိုကို ခေါ်ယူရန် ပေါင်သန်း ၆၀၊ ပေါင်သန်း ၇၀၊ ပေါင်သန်း ၈၀ တို့ဖြင့် အသီးသီးကမ်းလှမ်းမှုအား ဘရိုက်တန်ဘက်က ပယ်ချခဲ့ပြီး ဖြစ်ပါတယ်။ ဒါကြောင့် စတုတ္ထ အကြိမ် ကမ်းလှမ်းမှုအဖြစ် ပေါင်သန်း ၉၀ ဖြင့် ထပ်မံ ကမ်းလှမ်းဖို့ ပြင်ဆင်နေတာပါ။

ကိုင်စီဒိုဟာ ၂၀၂၁ ခုနှစ်တွင် Independiente del Valle မှ ဘရိုက်တန်သို့ ပေါင် ၃.၆ သန်းတည်းဖြင့် ရောက်လာခဲ့သူ ဖြစ်ပါတယ်။

ချယ်ဆီး အသင်းဟာ ကိုင်စီဒိုကို ပေါင် ၁၀၆ တန် ကမ္ဘာ့ဖလားဆုရှင် အန်ဇိုဖာနန်ဒက်ဇ်နှင့် ကွင်းလယ်မှာ တွဲပေးလိုနေပါတယ်။ စတုတ္ထ အကြိမ် ကမ်းလှမ်းမှုက အရာထင်လာမလား ဆိုတာတော့ ဆက်လက် စောင့်ကြည့်ရဦးမှာ ဖြစ်ပါတယ်။