ချယ်ဆီးအသင်းဟာ ဘရိုက်တန် ဂိုးသမား ဆန်းချက်စ်ကို ပေါင် ၂၅ သန်းထိ ရောက်နိုင်တဲ့ ပမာဏဖြင့် ပြောင်းရွှေ့ကြေး သဘောတူညီမှု ရခဲ့ပါပြီ။
ပဲလေစ့် ကွင်းလယ်လူ အိုလစ်ကို ခေါ်ယူဖို့ ချယ်ဆီးအသင်းဟာ မန်စီးတီးနဲ့ ယှဉ်ပြိုင်နေရပြီး ပြောင်းရွှေ့ကြေး ပေါင် ၃၅ သန်း ကျသင့်နိုင်ပါတယ်။
ဒေါ့မွန်နဲ့ ၁-၁ သရေကျတဲ့ပွဲမှာ ဒူးဒဏ်ရာ ရသွားတဲ့ တိုက်စစ်သမား အန်ကွန်းကူရဲ့ အခြေအနေကို သေချာလေး သိနိုင်ဖို့ ရက်နည်းနည်း အချိန်ယူရမယ်လို့ နည်းပြ ပိုချက်တီနိုက ပြောပြလာပါတယ်။
လူကာကူနဲ့ ဂျူဗင်တပ်တို့ဟာ ၃ နှစ်စာချုပ်အပြင် နောက်ထပ် ၁ ရာသီ စာချုပ်ချုပ်ခွင့်နဲ့ သဘောတူညီမှု ရခဲ့ပါပြီ။ ဒီအပြောင်းအရွှေ့ကနေ ချယ်ဆီးက ပြောင်းရွှေ့ကြေး သန်း ၄၀ ဝန်းကျင် ရရှိဖွယ်ရှိပါတယ်။
ဘရိုက်တန် ကွင်းလယ်လူ ကိုင်ဆီဒိုကို ချယ်ဆီး မဟုတ်တဲ့ ကလပ်တစ်သင်းက ဝင်ရောက် ကမ်းလှမ်းတယ်လို့ သိရပါတယ်။
ချယ်ဆီးအသင်းက ရာသီသစ်ကို ယှဉ်ပြိုင်ဖို့ အသင့် ဖြစ်နေပြီဖြစ်ကြောင်းနဲ့ ပရီးမီးယားလိဂ်ဖလား ရယူဖို့ ရည်မှန်းထားတယ်လို့ နည်းပြ ပိုချက်တီနိုက ယုံကြည်မှု ရှိရှိနဲ့ တုန့်ပြန်ခဲ့ပါတယ်။
နည်းပြပိုချက်တီနိုက ဂျူဗင်တပ် တိုက်စစ်သမား ဗလာဟိုဗစ်ကို အလိုရှိနေပြီး ချယ်ဆီးကလပ် တာဝန်ရှိသူတွေက ဆားဘီးယားသားကို ခေါ်ယူဖို့ စဉ်းစားလာနေပါပြီ။