
ဇန်နဝါရီမှာ ခေါ်ယူထားတဲ့ ဘရာဇီး ကွင်းလယ်လူ ဆန်းတိုစ့်ကို စီနီယာအသင်းမှာ ဆက်ထိန်းသွားမှာဖြစ်ပေမယ့် အီတလီ ကွင်းလယ်လူ ကာဆာဒီကိုတော့ လာမယ့်ရာသီ အငှားထပ်ချဦးမှာပါ။
ဒီကနေ့မှာ ချယ်ဆီးနဲ့ ဘရိုက်တန်ကြား ကွင်းလယ်လူ ကိုင်ဆီဒိုနဲ့ ဂိုးသမား ဆန်းချက်စ်တို့ရဲ့ အပြောင်းအရွှေ့ ကိစ္စ စကားပြောကြဖို့ စီစဉ်ထားပါတယ်။
ချယ်ဆီး လူငယ်လေး လီဗွီကိုဝယ် ကတော့ အသင်းနဲ့ ၂၀၂၈ ခုနှစ်အထိ စာချုပ်သစ် ချုပ်ဆို သွားခဲ့ပြီ ဖြစ်ပါတယ်။ နည်းပြ ပိုချက်တီနိုက အကောင်းဆုံး လူငယ်ခံစစ်မှူး တယောက်လို့ ညွှန်းဆိုခဲ့တဲ့ ကိုဝယ် ဟာ ၂၀၂၉ ခုနှစ် အထိ သက်တမ်းတိုးခွင့်လည်း ထည့်သွင်းချုပ်ဆို ခဲ့ပါတယ် ။
ချယ်ဆီးက ခေါ်ယူထားတဲ့ မိုနာကို နောက်ခံလူ ဒီဆာစီဟာလည်း အသင်း နဲ့ ဆေးစစ်မှု ပြုလုပ်ပြီးစီးခဲ့ပြီလို့ သိရပါတယ် ။
နည်းပြသစ် ပိုချက်တီနိုတစ်ယောက် အသင်းရဲ့အပြောင်းအရွှေ့ အစီအစဉ်ကြောင့် ဒီရာသီမှာ ပြောင်းလဲမှုလုပ်နိုင်ဖို့အတွက် စိုးရိမ်မှုတွေ ရှိနေတယ်လို့ သိရပါတယ်။ အခုနွေရာသီမှာ စီနီယာကစားသမား ၁၃ ဦးကို ရောင်းထုတ်ထားပေမယ့် အသင်းမှာ ကစားသမား ၂၉ ဦးအထိ ရှိနေဆဲဖြစ်ပါတယ်။
ရန်းနက်စ်အသင်းကနေ ယူရို ၂၇ သန်းဖြင့် ခေါ်ယူလိုက်တဲ့ ကွင်းလယ် ကစားသမား လက်စ်လေ အူဂိုချူကူကို အငှားချမှာ ဖြစ်ကြောင်း နည်းပြပိုချက်တီနိုက ပြောကြားလာပါတယ်။
ချယ်ဆီးအသင်းဟာ ဘရိုက်တန်ဂိုးသမား ဆန်းချက်ဇ်အား ချဲလ်ဆီးအသင်းသို့ ခေါ်ယူရန် ပုဂ္ဂိုလ်ရေးအရ သဘောတူညီခဲ့သော်လည်း ဘရိုက်တန်အသင်းနှင့် သဘောတူညီမှုရရှိရန် ခက်ခဲနေဆဲဖြစ်ကြောင်း သိရပါတယ်။
လီဗာပူးအသင်းဟာ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာအတွက် ဒုတိယမြောက် ကမ်းလှမ်းမှုအဖြစ် ပေါင် ၄၁ သန်းဖြင့် ချိတ်ဆက်ပေမယ့် ပယ်ချခံခဲ့ရပါတယ်။ ချယ်ဆီးဘက်က ကိုင်ဆီဒိုကို မရရင် လာဗီယာကို ခေါ်ယူဖို့ ချိန်ထားပါတယ်။