လူကာကူ၊ ဗလာဟိုဗစ် အလဲအထပ်၊ ဂိုးသမားသစ် ခေါ်ယူဖို့ ကမ်းလှမ်းဖွယ်ရှိခြင်းနဲ့ ချယ်ဆီး အပြောင်းအရွှေ့ သတင်းတိုများ

ချယ်ဆီးအသင်း ယူရို ၄၅ သန်းဖြင့် ခေါ်ယူထားတဲ့ မိုနာကို ခံစစ်မှူးသစ် ဒီဆာစီဟာ ဆေးစစ်မှုကိစ္စတွေ အပြီးသတ်ဖို့ အင်္ဂလန်ကို ရောက်လာခဲ့ပါပြီ။

ကွင်းလယ်တိုက်စစ်သမား ခူးဒက်စ်ကို ခေါ်ယူလိုရင် အပြောင်းအရွှေ့ နောက်ဆုံးရက် မတိုင်ခင် ခေါ်ဖို့နဲ့ မဟုတ်ခဲ့ရင် စျေးပိုပေးရလိမ့်မယ်လို့ အေဂျက်ဘက်က သတိပေးလာပါတယ်။

ချယ်ဆီးဘက်က အကယ်ဒမီထွက် ခံစစ်မှူး ချာလိုဘတ်အတွက် ပြောင်းရွှေ့ကြေး ပေါင် ၄၅ သန်းရရင် ဒီနွေမှာ ရောင်းချဖို့ စီစဉ်နေပါတယ်။

ချယ်ဆီးအသင်းနဲ့ လီဗီ ကိုးဝဲလ်ကြား ၂၀၂၉ ခုနှစ်ထိ သက်တမ်းတိုးဖို့ သဘောတူညီမှု ရခဲ့ပြီဖြစ်ကာ အင်္ဂလန်သား တိုက်စစ်မှူးဟာ နည်းပြပိုချက်တီနိုရဲ့ အသင်းမှာ နေရာရမှာဖြစ်ပါတယ်။

ချယ်ဆီးဘက်က လူကာကူနဲ့ ဗလာဟိုဗစ်ကို အလဲအထပ် ပြုလုပ်ဖို့ ညိနှိုင်းနေပြီး အပြောင်းအရွှေ့ ဖြစ်မြောက်မယ့် အခွင့်အရေး ရှိလာပါတယ်။

လက်ရှိ ချယ်ဆီး လူစာရင်းမှာ ဂိုးသမားနေရာက အားအနည်းဆုံးလို့ ယူဆခံနေရတာကြောင့် ဂိုးပေါက်ကို ကာကွယ်ဖို့ရာ ကီပါနဲ့ ယှဉ်ပြိုင်နိုင်မယ့်သူ တစ်ဦးကို တော့ဘိုးလီတို့က ခေါ်ယူသွားမှာပါ။

ချယ်ဆီးအသင်းဟာ ဘရိုက်တန် ဂိုးသမား ရော်ဘတ် ဆန်းချက်စ်ကို ကမ်းလှမ်းမှုလုပ်ဖို့ ပြင်ဆင်နေပါတယ်။ ဆန်းချက်စ်ဘက်က ချယ်ဆီးထံ ပြောင်းဖို့ သဘောတူညီထားပါပြီ။

လီဗာပူးအသင်းရဲ့ ဆောက်သမ်တန် ကွင်းလယ်လူ လာဗီယာအတွက် ဒုတိယမြောက် ကမ်းလှမ်းမှုကလည်း မအောင်မြင်ခဲ့ပါဘူး။ ချယ်ဆီးဘက်က ကိုင်ဆီဒိုကို မရခဲ့ရင် လာဗီယာကို ခေါ်ယူဖို့ ချိန်ရွယ်ထားပါတယ်။