ချယ်ဆီးနည်းပြ ပိုချက်တီနိုက လက်ရှိ တိုက်စစ်အတွဲဖြစ်တဲ့ အန်ကွန်ကူ၊ ဂျက်ဆန်၊ မူဒရစ်တို့နဲ့ ပတ်သက်ပြီး ကျေနပ်နေကာ အသင်းဘက်က အင်အားဖြည့်ရင်လည်း ကောင်းမှာဖြစ်သလို လက်ရှိ လူစာရင်းနဲ့ပဲ ဆိုရင်လည်း အဆင်ပြေတယ်လို့ ဆိုပါတယ်။
ဂိုးသမားနေရာအတွက် ချယ်ဆီးဘက်က စောင့်ကြည့်ထားခဲ့တဲ့ ဒေးဗစ် ယာယာကို ခေါ်ယူဖို့ အာဆင်နယ်တို့ စတင် လှုပ်ရှားနေပါပြီ။
ချယ်ဆီး အသင်း ဟာ ပြင်သစ်ကလပ် ရေးနက်စ် အသင်းထံမှ ကွင်းလယ် လူငယ်ကြယ်ပွင့်လေး လက်စလေ အူဂိုချူကူ အား ပေါင် ၂၃.၅ သန်းဖြင့် ခေါ်ယူခဲ့ပြီးနောက် စတားစဘတ်အသင်းထံ အငှားချသွားမှာ ဖြစ်ပါတယ်။
ချယ်ဆီး အသင်းပိုင်ရှင် တော့ဒ်ဘိုးလီဟာ အမ်ဘာပေနဲ့ ရီးရဲလ်မက်ဒရစ်ရဲ့ အပြောင်းအရွှေ့ကို ဝင်နှောင့်ယှက်ဖို့ စိတ်အားထက်သန်နေတာနဲ့အတူ ချယ်ဆီးဟာ ပီအက်စ်ဂျီကနေ အမ်ဘာပေကိုခေါ်ယူဖို့ ပြိုင်ပွဲထဲ ပါဝင်လာခဲ့ပါတယ်။
ချယ်ဆီးအသင်းကတော့ မိုနာကို နောက်ခံလူ အက်ဆယ် ဒီဆာစီ ကို ခေါ်ယူဖို့ သဘောတူညီမှု ရရှိခဲ့ပြီလို့ သိရပါတယ် ။ ချယ်ဆီးဟာ ဒီဆာစီ အတွက် ယူရို ၄၅ သန်း ပေးချေရမှာ ဖြစ်ပြီး ၂၀၂၈ + ၁ နှစ် သက်တမ်းတိုး ပုံစံမျိုးနဲ့ ချုပ်ဆို သွားမယ်လို့ သိရပါတယ် ။
ချယ်ဆီးဟာ ဂိုးသမားသစ် တယောက် ရှာဖွေ နေပြီး ဘရိုက်တန် ဂိုးသမား ရောဘတ် ဆန်ချက် ကို အသင်းရဲ့ ဂိုးနည်းပြ က စိတ်ဝင်စားနေတယ်လို့ သတင်းထွက်ပေါ်လာခဲ့ ပါတယ် ။
မန်ယူအသင်းနောက်ခံကစားသမား လုခ်ရှောကတော့ ချယ်ဆီး ကစားသမားဟောင်း မေဆန်မောင့်ကို အသင်းမှာ အခုလို အတူတကွ မြင်တွေ့နေရတာ အနည်းငယ် ထူးဆန်းသလို ခံစားနေရကြောင်း ဝန်ခံပြောဆိုသွားခဲ့ပါတယ်။