တစ်ရာသီလုံး နားတော့မယ့် ဖိုဖာနာ နေရာ အစားထိုးဖို့ ခံစစ်မှုးကို ခပ်မြန်မြန် ခေါ်ချလိုက်တဲ့ ချယ်ဆီးအသင်း

ချယ်ဆီး အသင်းဟာ မိုနာကိုနောက်ခံလူ အဇဲလ် ဒီဆာဆီကို ခေါ်ယူရန် သဘောတူညီမှု ရရှိသွားပြီ ဖြစ်ကြောင်း သိရပါတယ်။ ချယ်ဆီးဟာ ဒီဆာဆီကို ခေါ်ယူရန် ပေါင် ၃၉ သန်းဝန်းကျင်ဖြင့် သဘောတူညီမှု ရရှိသွားတာ ဖြစ်ပါတယ်။

ချယ်ဆီး နည်းပြ ပိုချက်တီနိုဟာ ဒူးအရွတ်ဒဏ်ရာကြောင့် ကာလရှည်ကြာ အနားယူရမဲ့ ဝက်စ်လေ ဖိုဖာနာ နေရာတွင် အစားထိုးရန်အတွက် ဒီဆာဆီကို ခေါ်ယူလာတာ ဖြစ်ပါတယ်။

ပြင်သစ်နောက်ခံလူ ဖိုဖာနာဟာ ယခုလအစောပိုင်းတုန်းက ဒူးအရွတ်ဒဏ်ရာကို ခွဲစိတ်ကုသမှုခံယူခဲ့ရပြီး ၂၀၂၃-၂၄ ရာသီတစ်ခုလုံး နီးပါးကို လွဲမယ့် အခြေအနေမှာ ရှိပါတယ်။

အသက် ၂၅ နှစ်ရှိ ဒီဆာဆီရောက်လာမှုနဲ့အတူ ပိုချက်တီနိုအနေဖြင့် ညာခြမ်းဗဟိုခံစစ်အတွက် ရွေးချယ်စရာ ကစားသမား တစ်ဦး ပိုများလာပါမယ်။

ဒီဆာဆီဟာ ပြင်သစ်နှင့်အတူ ကမ္ဘာ့ဖလားပြိုင်ပွဲတွင် ပါဝင်ခဲ့သူဖြစ်ပြီး ပြင်သစ်အတွက် ၄ ပွဲကစားထားပါတယ်။

ချယ်ဆီး အသင်း ဟာ ဒီ နွေမှာ နီကိုလပ်စ်ဂျက်ဆင်၊ ခရစ္စတိုဖာအန်ကန်ကူတို့ကို ခေါ်ယူထားတဲ့အပြင် ရန်းနက်စ်မှ အသက် ၁၉ နှစ်ရှိ ဗီအဲရာလက်သစ် လက်စ်လေ အူဂိုချူကူကိုလည်း ပေါင် ၂၃.၅ သန်းဖြင့် ခေါ်ယူရန် သဘောတူညီမှု ရရှိထားပါတယ်။