
ဝါရင့် သုံးသပ်သူကြီး ပေါမာဆန်က ဒီရာသီ ပရီးမီးယားလိဂ်ကို မုန်တိုင်းလို ဝင်မွှေတော့မယ့် ကစားသမား တစ်ဦးနဲ့ ပတ်သက်ပြီး သတိပေးလိုက်ပါတယ်။
နွေစျေးကွက်မှာ ဗီလာရီးရဲလ်ကနေ ပေါင် သန်း ၃၀ ပေးပြီး ချယ်ဆီးတို့ ခေါ်ယူထားတဲ့ နီကိုးလက်စ် ဂျက်ဆန်ဟာ ထူးချွန်တဲ့ ကစားသမားလို့ ပေါမာဆန်က မြင်ပါတယ်။ အသက် ၂၂ နှစ်အရွယ် တိုက်စစ်သမားဟာ မနှစ်က လာလီဂါသွင်းဂိုး ၁၃ ဂိုး သွင်းယူထားခဲ့သူ ဖြစ်ပါတယ်။
ဂျက်ဆန်ဟာ ရာသီကြိုမှာ နည်းပြပိုချက်တီနိုရဲ့ အဓိက တိုက်စစ်သမားအဖြစ် နေရာပေးခြင်း ခံနေရပါတယ်။ သူဟာ တိုက်စစ်မှာ မူဒရစ်ရဲ့ အဓိက တွဲဘက် ဖြစ်လာဖို့ ရှိကာ ဒီတိုက်စစ်အတွဲကို ပရီးမီးယားလိဂ် ကလပ်တွေ သတိထားနေရတော့မှာပါ။
‘ နီကိုးလက်စ် ဂျက်ဆန်ကို ကြည့်ရတာ ကစားသမားကောင်း တစ်ယောက်ပါ။ ရာသီကြိုမှာ သူက ခြေစွမ်းပြနေပြီး တိုက်ရိုက် ကစားတတ်သူ ဖြစ်ပါတယ်။ သူက ရှုပ်ရှုပ်ထွေးထွေး သိပ်မလုပ်ပါဘူး။
သူက ဂိုးလည်း သွင်းနိုင်တယ်၊ အသင်းဖော်တွေ ဂိုးရအောင်လည်း ကူညီနိုင်တယ်။ အခုချိန်ထိ တိုက်စစ်မှာ မူဒရစ်နဲ့ တွဲဘက်ကောင်းနေတယ်။ သူတို့ နှစ်ဦးလုံးက ချယ်ဆီးရဲ့ ရာသီကြိုမှာ အထင်ကြီးစရာ ကောင်းပါတယ်။
ဂျက်ဆန်ရဲ့ ခြေစွမ်းကို ကျနော် အတော်လေး အံ့ဩမိတယ်။ အခုမှ ရာသီကြိုပဲ ရှိသေးပေမယ့် ဂျက်ဆန်က အံဝင်မှာပါ။ ဒီရာသီ လူတိုင်းကို အံ့ဩသင့်စေမယ့် ကစားလို့ ပြောရပါလိမ့်မယ် ’ လို့ ပေါမာဆန်က မှတ်ချက်ပေးခဲ့တာ ဖြစ်ပါတယ်။