
ဘရိုက်တန်ဟာ ကွင်းလယ်လူ ကိုင်ဆီဒိုအတွက် ချယ်ဆီးအသင်းရဲ့ ၄ ကြိမ်မြောက် ကမ်းလှမ်းမှုကိုလည်း ပယ်ချလိုက်ပြန်ပြီ ဖြစ်ပါတယ်။
ချယ်ဆီးအသင်းဟာ ပေါင် ၆၀၊ ပေါင် ၆၅ သန်းနဲ့ ပေါင် သန်း ၇၀ တန် ကမ်းလှမ်းမှုတွေအပြင် ပြီးခဲ့တဲ့ ၄၈ နာရီတုန်းကပဲ ပေါင် သန်း ၈၀ ထိရှိမယ့် ကမ်းလှမ်းမှုကြီးကို ထပ်ပေးခဲ့တာပါ။ ဒါပေမယ့် ၄ ကြိမ်လုံး ပယ်ချခံခဲ့ရပါတယ်။
အင်္ဂါနေ့တုန်းက ချယ်ဆီးရဲ့ ကမ်းလှမ်းမှုကို ပယ်ချခဲ့အပြီးမှာ ဘရိုက်တန်ကတော့ ဒီနွေမှာ အာဆင်နယ်ကို ပြောင်းသွားတဲ့ ဒီကလန်ရိုက်စ် နည်းတူ ကိုင်ဆီဒိုအတွက် ပေါင် သန်း ၁၀၀ ဝန်းကျင် ရလိုကြောင်း သူတို့ရဲ့ ဆန္ဒကို ပြတ်သားစွာ ထုတ်ပြခဲ့ပြီ ဖြစ်ပါတယ်။
ဘရိုက်တန်နည်းပြ ဒီဇာဘီကတော့ သူတို့အသင်းဟာ ကိုင်ဆီဒိုနေရာ အစားထိုးဖို့ ပြင်ဆင်နေပြီဖြစ်ကြောင်း ထုတ်ပြောလာခဲ့တယ်။ ကိုင်ဆီဒို ထွက်ခွာသွားရင် သူ့နေရာကို အခြား ကစားသမား တစ်ဦးအား စျေးကြီးပေး ခေါ်ယူဖွယ်ရှိပေမယ့် ဘယ်သူဆိုတာကို ထုတ်ပြောဖို့ ဒီဇာဘီက ငြင်းဆန်ထားပါတယ်။
ဘရိုက်တန်ဘက်ကလည်း ကိုင်ဆီဒို နေရာအတွက် အစားထိုးဖို့ ကြိုတင် ကြိုးစားမှုတွေ ရှိနေတာမို့ မကြာခင်မှာ ချယ်ဆီးအသင်းက ကွင်းလယ်လူကို စတမ်းဖိုဒ့်ဘရစ်ချ်ထံ ခေါ်ယူနိုင်ဖွယ် ရှိနေပါတယ်။