ချယ်ဆီးအသင်းဟာ ဘရိုက်တန် ကွင်းလယ်လူ ကိုင်စီဒိုအတွက် စျေးတိုးပေးထားတဲ့ တတိယမြောက် ကမ်းလှမ်းမှု ပြုလုပ်ခဲ့ကာ ကလပ်နှစ်သင်းကြား ညိနှိုင်းစကားပြောနေပြီ ဖြစ်ပါတယ်။
ချယ်ဆီးဘက်က ပေါင် သန်း ၈၀ ဖြင့် ကမ်းလှမ်းခြင်းဖြစ်ကာ ဘရိုက်တန်က ပယ်ချခဲ့ပါတယ်။ ဒါပေမယ့် ကလပ်တွေကြား စကားပြောနေပြီး အခုချိန်ထိတော့ သဘောတူညီမှု မရသေးပါဘူး။ ချယ်ဆီးက ကိုင်စီဒို အတွက် ပေါင် သန်း ၆၀၊ ပေါင် သန်း ၇၀ တွေ ကမ်းလှမ်းပေမယ့် ပယ်ချခံခဲ့ရပါသေးတယ်။
ချယ်ဆီးအသင်းဟာ ဒီနွေမှာ ကန်တေ၊ ကိုဗာဆစ်၊ မေဆန်မောင့်နဲ့ လော့တပ်ချိစ်တို့ကို လက်လွတ်ထားရတာပါ။ အန်ဇို ဖာနန်ဒက်စ်နဲ့ ကာလရှည် လက်တွဲမယ့် အသင်းဖော်အဖြစ် ကိုင်စီဒိုကို ချယ်ဆီးဘက်က အတော်လေး သဘောကျနေပါတယ်။
ချယ်ဆီးကတော့ ကိုင်စီဒို အတွက် ဘရိုက်တန် အလိုရှိတဲ့ ပေါင် သန်း ၁ဝဝ ထိ တိုးပေးလိုခြင်း မရှိပါဘူး။ တစ်ချိန်တည်းမှာပဲ ချယ်ဆီးဟာ လာဗီယာကို လီဗာပူးထံ လက်မလွတ်ရရေး ဝင်ရောက် ကမ်းလှမ်းသွားမှာ ဖြစ်ပါတယ်။
လီဗာပူးဟာ လာဗီယာအတွက် ပေါင် ၃၇ သန်းဖြင့် ချိတ်ဆက်ပေမယ့် ပယ်ချခံရလို့ ပေါင် ၄၅ သန်း ဝန်းကျင် ကမ်းလှမ်းမှု ထပ်ပို့ထားပါတယ်။ ဆောက်သမ်တန်က ပေါင် သန်း ၅၀ ရလိုနေကာ အဆိုပါ ပြောင်းရွှေ့ကြေးမျိုး ပေးခဲ့ရင် ချယ်ဆီးက လာဗီယာကို ခေါ်ယူရေး အသာရမှာ ဖြစ်ပါတယ်။